ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 06
  • SEP

  • 06 September 2023
  • ရှမ်းပြည်နယ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးဝန်ထမ်းမိသားစုများ၏  ဒုတိယအကြိမ်ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲ အခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည် နယ်ညွှန်ကြား ရေးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ၂၃-၈-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဧည့်ပရိသတ်များက တောင်ကြီးမြို့၊ ဘုရားကိုးဆူကျောင်းတိုက် ဆရာတော်အမှူးပြုသည့် ပင့်သံဃာ (၅) ပါးထံမှ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်း၊  ဆရာတော်သံဃာတော်များထံ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ဆက်လက်၍ ဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံမှ ရေစက်ချ အနုမောဒနာတရားများနာယူကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြပြီးနောက် ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါ သည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • SEP

  • 06 September 2023
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီး မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်းကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကဏ္ဍဖြင့် ပန်းချီ၊ ကျပန်းစကား‌ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၃၁ ရက် နေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ သည်။အဆိုပါပြိုင်ပွဲများတွင် (Community Centre) ကလေးစာဖတ်ခန်း၌ "ရွှေရောင်အနာဂတ် လှပဖို့ စည်းစည်းလုံးလုံးနေကြစို့"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ ဘက်စုံသုံးခန်းမ၌ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး”ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကိုလည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ဆက်လက်ပြီး ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်အိအိအေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ အင်ဂျန်းယန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ၊ ဦးကျော်စိုးနိုင်က ပန်းချီပြိုင်ပွဲ၏အမှတ်ပေးစည်းမျဉ်းများကိုလည်းကောင်း၊ စာရေးဆရာ အကြီးကိုကို (ကသာ)က ကျပန်းစကားပြောပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကာ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယဆုနှင့် အထူးဆုများ ရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆု လက်‌ဆောင်များ  အသီးသီးပေးအပ်ချီးမြှင့်ခဲ့‌ကြပြီး အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်လူကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • SEP

  • 06 September 2023
  • ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့

     တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပပြုလုပ်သော “ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား” ကို စက်တင်ဘာလ ၁ ရက် နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။      အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့များ၊ တိုင်းရင်းသားဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။   ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဖားစည်(၉)ချက်တီး၍ စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။  ဆက်လက်ပြီး ဝန်ကြီးချုပ်က ရှေးဘိုးဘွား ဘီဘင်အစဉ်အဆက်က ဆင်းသက်လာတဲ့ ယုံကြည်ယူဆချက်အရ ဝါခေါင်လဆိုတာ မိုးရေကြီးခြင်း၊ စားနပ်ရိက္ခာရှားပါးခြင်း၊ မကောင်းဆိုးဝါး အလွယ်တကူဝင်ရောက်ပူးကပ်ခြင်း စသည်တို့ကို ယုံကြည်သက်ဝင်သည့်အလျှောက် လိပ်ပြာမလွင့်အောင် လူငယ်များက ကရင်အဖိုးအဖွားထံမှာ ချည်ဖြူဖွဲ့ခံယူသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ဒါကြောင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ မပျောက်ပျက်စေရေးအတွက် ကရင်တိုင်းရင်းသားလူငယ်များအနေနဲ့ လက်ဆင့်ကမ်း ဆက်လက် သယ်ဆောင်ရမှာဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတို့တွင်လည်း အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။       ယင်းနောက် တိုင်းရင်းသားဘာသာသင်ဆရာမတစ်ဦးက ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ် လာပုံအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ကရင်ဒုံးယိမ်းအကများဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားအကအဖွဲ့များက ရှမ်းအကများဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချည်ဖြူဖွဲ့ပေးသည့် ကရင်အဖိုးအဖွားများနှင့် အကဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ တက်ရောက်လာကြသည့်  ဧည့်သည်တော်များအား ကရင်ရိုးရာတိုင်းရင်းသား အစား အစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • AUG

  • 29 August 2023
  • ရန်ကုန်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း အစီအစဉ်”နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊  လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၂၁-၈-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ၊ ဘုရား ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်း စရာများကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင်ပါရှိသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာများ၊ စစ်တမ်းများ ကောက်ယူ ရခြင်းရည်ရွယ်ချက်နှင့် တိုင်းရင်းသားဘာသာသင် TA/LT ဆရာများခန့်ထားခြင်းဆိုင်ရာ ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဉမ္မာညွှန့်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများ အခြေအနေ၊ အမျိုးသမီးအခွင့် အရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။ထို့နောက် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူစိုးက သမဝါယမ ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် သမဝါယမအသင်းချေးငွေအကြောင်း၊ အခြေခံစားသောက်ကုန် ရောင်းချပေးနေမှု အခြေအနေများကိုလည်းကောင်း၊  အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းထွေး က အသေးစားစက်မှုလက်မှုဦးစီးဌာန၏ သင်တန်းဖွင့်လှစ်ပေးနေမှုအခြေအနေနှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ရာ (၆၀) ဦးမှ ဖြေဆိုခဲ့ကြပါသည်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊  လက်သန့်ဆေးရည်လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၂၁-၈-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၁၁)ဦး သင်တန်းသူ(၂၄)ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။   

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • AUG

  • 29 August 2023
  • မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ “တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကို  ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၂၄-၈-၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊  ကညှော်ကျေးရွာကျေးရွာခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ် စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များအားလည်းကောင်း၊  ဦးစီး အရာရှိ ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုး ပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူ စာချုပ်ကို လိုက်နာဆောင်ရွက် ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တင်မမမျိုးက  အခြေခံပညာကျောင်း များတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ ဆရာမ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ချောင်းဆုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ၊ ဦးမောင်မောင်ဌေးက နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသ ရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ က အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၀) ဦး တို့က စစ်တမ်းမေးခွန်းလွှာများအား ဖြေဆိုခဲ့ကြကြောင်း သိရှိရ ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • AUG

  • 29 August 2023
  • ကချင်ပြည်နယ်

         ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးမှူး၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့်ရှမ်းမျိုးနွယ်စုများ (တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းခမ်းတီ၊ တိုင်းဆာနှင့် တိုင်းလုံ)၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ် (၂၂) ရက် နံနက်ပိုင်းက မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။       ရှေးဦးစွာ အခမ်းအနားကို စိန္တာမဏိလိုရာပြည့်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ စိန္တိတ အမှူးပြု‌သော ဆရာတော်၊ သံဃာတော်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီး ၊ ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ရှမ်းမျိုးနွယ်စုများ (တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းခမ်းတီ၊ တိုင်းဆာနှင့် တိုင်းလုံ) မှ တာဝန်ရှိသူများက နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ပရိတ် တရားတော်များကို နာယူခဲ့ကြပါသည်။         ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဇနီး၊ ဦးစီးဌာန တာဝန်ရှိသူများနှင့် ရှမ်းမျိုး နွယ်စုများမှ ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားတော်များ နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်း အနားကို  ရုပ်သိမ်းခဲ့ပါသည်။        ထို့နောက် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • AUG

  • 28 August 2023
  • ရန်ကုန်

          တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူး‌ပေါင်းကျင်းပသည့် အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲအခမ်းအနားကို (၁၉-၈-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တရုတ်ကုန်းကျေးရွာ၊ ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးက အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြ ဒေါ်အေးအေးစိုးအား ဂုဏ်ပြုငွေပေးအပ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများစုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီမှ  တာဝန်ရှိ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြပါသည်။           အဆင့်မြင့်စက်ချုပ်သင်တန်းကို (၂၄-၇-၂၀၂၃) ရက်နေ့မှ (၁၉-၈-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ (၂၀) ဦး တက်ရောက် သင်ကြားခဲ့ကြ ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • AUG

  • 25 August 2023
  • ရှမ်းပြည်တောင်ပိုင်း

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၁၉-၈-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဆီဆုံ ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာမဟာဗျူဟာတို့ကိုလည်းကောင်း၊ ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာ သာသင်ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှု ကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းကိုလည်း ကောင်း၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်သန်းဆွေက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး ကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ခွဲစု (၁၅) တောင်ကြီးမှ ရဲအုပ်သန်းဇော်ထွဋ်က လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း  အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါ သည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာသူများအနက် ဓနု၊ ပအိုဝ်းနှင့် ဗမာတိုင်းရင်းသား (၁၀၀) ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • AUG

  • 21 August 2023
  • ရှမ်းပြည်နယ်

တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သော “ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို (၁၆-၈-၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောက်တလုံးကြီးမြို့၊ မဲတိုင်ကျေးရွာဘုန်းကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အပ်ချုပ်စက် (၅) လုံး၊ ဓါးစက် (၁) လုံးနှင့် စက်ချုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဒေသခံတိုင်းရင်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးနောက် စုပေါင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အဆိုပါသင်တန်းအား (၁၆-၇-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသူ (၂၂) ဦးတက်ရောက် သင်ကြားအောင်မြင်ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • AUG

  • 21 August 2023
  • ရှမ်းပြည်နယ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို (၁၅-၈-၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ရွှေမြို့၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အပ်ချုပ်စက် (၅) လုံး၊ ဓါးစက် (၁) လုံးနှင့် စက်ချုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ဒေသခံ တိုင်းရင်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်း ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက် မှတ်ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။အဆိုပါသင်တန်းအား (၁၅-၇-၂၀၂၃) ရက်နေ့မှ(၁၅-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသူ (၂၃) ဦးတက်ရောက်သင်ကြားအောင်မြင်ခဲ့ကြောင်း သိရှိရ ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • AUG

  • 14 August 2023
  • ရန်ကုန်

  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း များရရှိ၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးနှင့်  တိုက်ကြီးမြို့နယ်ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ပူးပေါင်း၍ “သစ်ဝါးအခြေခံလက်မှုလုပ်ငန်း၊ ခမောက်ချုပ်အတက်ပညာသင်တန်းနှင့် စိုက်ပျိုးရေးနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းကျောင်းကြီးကျေးရွာ၊ ရှမ်းကျောင်းကြီးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက  မြန်မာ့လက်မှုထည်လုပ်ငန်းများအတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးရာတွင် သင်တန်းသား/သူများမှလည်း စနစ်တကျ လေ့လာသင်ယူကြရန် လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုက်ကြီးမြို့နယ်ရှိ ရှမ်းတိုင်းရင်းသားလူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်  မိမိတို့၏ မိရိုးဖလာလုပ်ငန်းများကို ထိန်းသိမ်းစောင့်ရှောက်ကြ စေရန်၊ ဒေသထွက်ကုန်ကြမ်းများကို နည်းပညာအသုံးပြု၍ ကုန်ချောပြုလုပ်နိုင်ရန်၊ စိုက်ပျိုးရေး နည်းပညာဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးနိုင်ရန်နှင့် အဆင့်မြင့်နည်းပညာဖြင့် ထုတ် လုပ်၍ ဈေးကွက်စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေး ရခြင်း ဖြစ်ပါကြောင်းရှင်းလင်း ပြောကြားခဲ့ပါသည်။    ဆက်လက်၍ တိုက်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဦးမြဝင်းက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ်  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုက်ကြီးမြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဌ ဦးစိုင်းကျော်ထူးမှ ရှမ်းရိုးရာယဉ်ကျေးမှုများမပပျောက်စေရန် ဆက်လက်ထိန်း သိမ်းသွားရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။   အဆိုပါ သင်တန်းများကို  (၉-၈-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့အထိ (၁၇) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၄၀) ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • AUG

  • 02 August 2023
  • ရှမ်းပြည်နယ်

   တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၂၀-၇-၂၀၂၃) ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကုန်းကြီးရွာမကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ၊ အမှတ်(၃)ဆင်းရွှေလီသကြားစက်(အင်းဝိုင်း)၊ စက်ရုံရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များ၊ လူမှုရေးပင်စင် စသည့်ကိစ္စရပ်များကိုလည်း ကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက်နေသော  လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစိုင်းသန့်ဇင်ဝင်းက လူမျိုးပြုန်းတီးမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးယိုင်လွတ်က ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၁၀၀)ဦးမှ ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • AUG

  • 02 August 2023
  • ဧရာဝတီ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၂၂-၇-၂၀၂၃) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မအူပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် TA/LT ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက အမျိုးသမီးအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးရာကိစ္စရပ်များကိုလည်းကောင်း အသိ ပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင်စကားလုံးများမှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ရေး၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုး ပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင် က စပါးသီးနှံ တစ်ဧက ၁၀ တင်း ပိုမိုအထွက်တိုးစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပိုးမွှား ရောဂါကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဓနုဖြူ မြို့နယ်ဦးစီးမှူး ဒေါက်တာအိချိုဇင်က ဝက်မွေးမြူရေးအကြောင်းနှင့် တိုင်းရင်းကြက်မွေးမြူရေး နည်းစနစ်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ် များကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၆၇)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။  အဆိုပါ အခမ်းအနားသို့ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • AUG

  • 02 August 2023
  • ရှမ်းပြည်နယ်

 တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို ၂၁-၇-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအုပ်စု၊ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ လူမျိုးပြုန်းတီးမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များကို  လည်းကောင်း၊  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက အမျိုးသမီး  အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များ၊ လူမှုရေးပင်စင်စသည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးယိုင်လွတ်က ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက် ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၁၀၀)ဦးမှ ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • AUG

  • 02 August 2023
  • ရန်ကုန်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၄-၇-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ တရုတ်ကုန်းကျေးရွာ၊ ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ယခု အဆင့်မြင့်စက်ချုပ်သင်တန်းကို  တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်းနှင့် ယခင်က အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မှော်ဘီမြို့နယ်ကရင်စာပေယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် စောဂျိုးဇက်က သင်တန်းသူများအား အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးသည့် အခွင့်အရေးကို လက်တွေ့အသုံးချ တတ်ရန်နှင့် မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အစဉ်အမြဲလေ့လာရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန နည်းပြ ဒေါ်အေးအေးစိုးက သင်တန်းသူများအနေဖြင့် သင် တန်းကို ပြီးစီးအောင် တက်ရောက်စေလိုပါကြောင်းနှင့် သင်တန်းပို့ချမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။     အဆင့်မြင့်စက်ချုပ်သင်တန်းကို (၂၄-၇-၂၀၂၃) ရက်နေ့မှ (၂၃-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦးမှ တက်ရောက် သင်ကြားသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်