(၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင် အုန်း၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ Jeng Phang နော်တောင်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုး၊ ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ကရင်၊ ချင်းနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဖတ်ကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြု စကားပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံး ၂၀ ကို ပြည်နယ်အစိုးရအဖွဲ့ထံ လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မိသားစုများအတွက် MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံး ၂၀ ကို လှူဒါန်းရာ တိုင်းမှူးကလည်းကောင်း လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းချုပ်၊ ပင်လုံညီလာခံတွင် လက်မှတ် ရေးထိုးခဲ့ကြသည့် မိသားစုဝင်များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် မနောအက ဦးဆောင်သည့် နောင်ရှောင်ဆရာကြီးများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မနောကွင်း၌ ကျင်းပသည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲတော်ဖွင့်ပွဲကို ရိုးရာ အစဉ်အလာနှင့်အညီ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ မနောအက စုပေါင်းဆင်နွှဲ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုးနှင့် ဗမာ၊ ကရင်၊ ရခိုင်နှင့် ချင်းတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ မြို့ဖများနှင့် မနောအက ဦးဆောင်သူနောင်ရှောင် (Nau Shawng) များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော် ပြသသည့် မနောအကကို ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်းပျော်ရွှင်စွာ စုပေါင်းပါဝင်ဆင်နွှဲကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်း အမှတ် ခင်းကျင်းပြသထားသော ဒေသထွက် MSME ပြခန်းများဖြစ်သည့် စိုက်ပျိုးရေး ထုတ်ကုန်ပြခန်း၊ ဒေသတွင်းမွေးမြူရေး ထုတ်ကုန်ပြခန်း၊ ဒေသထွက် အသုံးအဆောင်နှင့် အသင့်စား စားသောက်ကုန်ပြခန်း၊ ရိုးရာအဝတ်အထည်ထုတ်ကုန်ပြခန်း၊ တိုင်းရင်းဆေးနှင့် သစ်၊ ဝါး၊ ကြိမ်ထည်ထုတ်ကုန် အသုံးဆောင်ပြခန်း၊ ပယင်းနှင့် ကျောက်မျက်အချောထည် အသုံးဆောင်ပြခန်းတို့ကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင် လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ထူးဆောင် လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့် အပ်နှင်းနိုင်ရေး အတွက် လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ် ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု၊ စီးပွားရေး ဆိုင်ရာ ထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ပထမဆင့် ရရှိကြသူများအား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ စီးပွားရေး ဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ အဆင့်မြင့်ပညာ၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ကြပြီး ဆုရရှိကြသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသော (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက်လာ ကြသူများနှင့်အတူ ညစာအတူတကွ သုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ် ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၏ ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ကချင်ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။ (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် အဖွဲ့သည် ယမန်နေ့က တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ရင်းနှီးပျူငှာစွာ ကြိုဆိုကြသည်။ ဂါရဝပြုပေးအပ် ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် အဖွဲ့ဝင်များအား ကချင်ရိုးရာအင်္ကျီ၊ ရိုးရာဆောင်ဓား၊ ရိုးရာလွယ်အိတ်နှင့် ခေါင်းပေါင်းတို့ကို ဂါရဝပြုပေးအပ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး ခြောက်ရက်အကြာ ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ ကချင် ပြည်နယ် ကောင်စီညီလာခံကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပကာ ကချင် ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည့်အပြင် ထိုသို့ဖွဲ့စည်းခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ကို ကချင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇၈) နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်‌အေးမောင်သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ကချင်ပြည်နယ်၊ ညွှန်ကြား‌ရေးမှူးရုံးရှိ ခန်းမဆောင်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားရန်လိုပါကြောင်း ၊ နိုင်ငံ့တော် ဘတ်ဂျက်ရန်ပုံငွေများကိုလည်း အလေအလွင့်နည်းစေရန် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်နှင့်အညီ ပြုမှုနေထိုင်၍ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဦးတည်ချက်(၄)ရပ်တို့နှင့်အညီ မိမိတို့ဝန်ကြီးဌာနကချမှတ် ထားသည့် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအားသွန်ခွန်စိုက် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များတွင်လည်း အတူတကွပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား‌ရေးရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင်လည်း စည်းလုံး ညီညွှတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အ‌ရေးများကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာနတို့မှ ပြည်နယ်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြ ခဲ့ကြသည့်အပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချက်)နှင့် (ရေဆင်း)တို့မှ ဆရာမများ ဦးဆောင်ပြီး Grade (6,7,8,11) တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးတို့သည် (၇-၁-၂၀၂၆) ရက်နေ့နှင့် (၈-၁-၂၀၂၆) ရက်နေ့၌ ရုံးအမှတ်(၁၄)၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းတွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသားလူမျိုးစုများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းများ၊ တူရိယာများကို စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းများ၊ ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေးနှင့် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုး တိုးတက်စေရေးစသည့် ဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်မှ အခြေခံပညာအထက်ကျောင်း(ရေဆင်း)၊ ကျောင်း စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ရာ ဆရာမများက လက်ခံရယူခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာ ကြိုးဆွဲ ရုပ်သေးရုပ်အကနှင့် ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသား၊ ကျောင်းသူများကလည်း အတူတကွ ပူးပေါင်းပါဝင် ကပြခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်း သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနား(၆/၂၀၂၅)ကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လမ်းညွှန်အမှာစကား ပြောကြားပါသည်။ ထို့နောက် ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း(၅/၂၀၂၅)တွင် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်း များက မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်း များအား သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ စင်တာဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းရင်းသားရေးရာစင်တာရုံး၌ ကျင်းပသည်။ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာတို့က တိုင်းရင်းသားရေးရာစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စင်တာဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။ ထို့နောက် အခမ်းအနားကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုတည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာစင်တာသည် တိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေးရိပ်မြုံ တစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံးအတွက် စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊ သာသနာ၊ မိမိတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရဆောင်ရွက် သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ် အခမ်းအနားများကို လွတ်လပ်စွာကျင်းပခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင်တိုင်းရင်းသားလူငယ်များ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားအနုပညာနှင့် ယဉ်ကျေးမှုသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးက တိုင်းရင်းသားရေးရာစင်တာကို တနင်္သာရီတိုင်း ဒေသကြီးအပါအဝင် သုံးခု ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ စင်တာဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Successful TMA Co.,Ltd. မန်နေးဂျင်းဒါရိုက်တာက တိုင်းရင်းသားရေးရာစင်တာအား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးက လက်ခံရယူသည်။ ဆက်လက်၍ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးက ဖိတ်ကြားထားသော ဧည့်သည်တော်များအား စင်တာအထိမ်းအမှတ် အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ဦးစွာတိုင်းရင်းသားများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေသည်။ အခမ်းအနားတွင်တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာရှိသည့်. တိုင်းရင်းသားကိုယ်စားလှယ်များအချင်းချင်းနှင့် ဌာနဆိုင်ရာများ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်လေးစားမှုနှင့် ရိုင်းပင်ကူညီမှုများ ပိုမိုခိုင်မြဲလာစေရန်နှင့် တိုင်းရင်းသားများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်တည်ဆဲဥပဒေများပါ တိုင်းရင်းသားများ၏ အခွင့်အရေးကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားများ၏အခွင့်အရေးကို ပိုမိုသိရှိနားလည်ပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် အခြေခံ၍ မိမိတို့နေထိုင်ရာဒေသအတွင်းရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်သည့်ဥပဒေအားလည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ယာယီသမ္မတ ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဆလိုင်းအင်ဒရူးငွန်ကျုံးလျန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားလည်းကောင်း အသိပညာပေးဟောပြောသည်။ ဆက်လက်၍ အသိပညာပေးဟောပြောသော ဒုတိယဝန်ကြီးနှင့် အကြံပေးပုဂ္ဂိုလ်အား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားသို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်ညီအစ်ကို မောင်နှမများ၊ ဖိတ်ကြားထားသူများစုစုပေါင်း(၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန်
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ကျင်းပဆောင်ရွက်ခဲ့သည့် ရွေးကောက်ပွဲများနှင့်မဲစနစ်များ၊ အနိုင်ရသူအကုန်ယူစနစ် (First-Past-the-Post - FPTP) စနစ်၏ အားသာချက် အားနည်းချက်များ၊ အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်၏ အားသာချက် အားနည်းချက်များ၊ ကိုယ်စားပြုမှု အချိုးညီမျှစေရေးအတွက် ဦးတည်ချက်ထား၍ မတူညီသည့် ရွေးကောက်ပွဲစနစ်ပုံစံ ၂ မျိုး (Mixed Electoral System) ဖြင့် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို (၂၈-၁၂-၂၀၂၅) ရက်နေ့တွင် အပိုင်း (၁)အဖြစ် မြို့နယ် (၁၀၂) တွင်လည်းကောင်း၊ (၁၁-၁-၂၀၂၆) ရက်နေ့တွင် အပိုင်း (၂)အဖြစ် မြို့နယ် (၁၀၀) တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် နိုင်ငံသားတိုင်းသည် မိမိတို့၏ အနာဂတ်ကို ရွေးချယ်ခွင့်ရှိခြင်း၊ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၏ အကျိုးကျေးဇူးအရ ဥပဒေပြုရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် တိုင်းရင်းသားများ၏ကိုယ်စားပြုမှု အချိုးကျကျ မျှမျှတတ ပါဝင်လာနိုင်မည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသောသူများအားလုံးသည် မိမိတို့၏ မဲစာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကြည့်ရှု့စစ်ဆေး၍ မဲစာရင်း အမှတ်စဉ်များ မှတ်သားထားရန်ဖြစ်ကြောင်း၊ မဲစာရင်းအမည်မပါပါက သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရန်ဖြစ်ကြောင်း၊ မဲစာရင်းပေးသည့်နေ့တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား ယူဆောင် သွားကြရန်နှင့် ဝန်ထမ်းအားလုံး မဖြစ်မနေဆန္ဒမဲပေးကြရန် တိုက်တွန်းပါကြောင်း၊ တာဝန်အရ ခရီးသွားရောက်မည့် ဝန်ထမ်းများအနေဖြင့် ကြိုတင်မဲ ပေးထားကြရန် ဖြစ်ကြောင်းနှင့် နောက်ဆုံးအကြိမ်မဲစာရင်းကို ၂၃-၁၂-၂၀၂၅ ရက်နေ့တွင် စတင်၍ ကြေညာထားပါကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့မှ ဝန်ထမ်း စုစုပေါင်း ၃၉၇ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ လာမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်၊ နိုင်ငံသားတာဝန်ကျေပွန်စေရေး မဲရုံသို့ မပျက်မကွက် သွားရောက် ဆန္ဒမဲပေးကြရန်၊ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဝင်ငွေပိုမို တိုးတက်ရရှိရေးဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ (၁.၄.၂၀၂၅)မှ (၂၀.၁၂.၂၀၂၅)ထိ ဝင်ငွေလျာထားချက်ပေါ် (၈၅.၂၈%)ကောက်ခံရရှိမှုအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်းရှိ မြေယာရှုခင်းနှင့် ပန်းအလှစိုက်ပျိုးခြင်း တင်ဒါလုပ်ငန်း ဆောင်ရွက်ပြီးစီး မှုအခြေအနေများ၊ ဆိပ်ခံဗောတံတား သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ၁၀/မြောက်ရပ်ကွက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဦးစွာ ကရင်အမျိုးသားအလံကိုလွှင့်တင်ကာအလေးပြုကြပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို) အကြံပေးအဖွဲ့ခေါင်းဆောင်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)ဂုဏ်ထူးဆောင်နာယက ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်ကိုးချက်တီးပြီး ကရင်လူငယ်ကိုးဦးက ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို) အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ကရင်နှစ်သစ်ကူး နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပဲခူးရိုးမတောင်ပေါ်နေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အက၊ ကွမ်းခြံကုန်းမြို့နယ် ကရင်ရိုးရာဒုံးအက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာကြိုးကျစ်အက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာဝါးညှပ်အကနှင့် မှော်ဘီမြို့နယ် ကရင်ရိုးရာဒုံးအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။ ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို)အကြံပေး အဖွဲ့ခေါင်းဆောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလှူဒါန်းသည့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပွဲကျင်းပရေးဦးစီးကော်မတီနှင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်ပူးပေါင်း၍ ပျော်ပွဲရွှင်ပွဲများဖြစ်ကြသည့် လက်မောင်းလှဲပြိုင်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲများကိုကျင်းပခဲ့သည်။ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာ ယဉ်ကျေးမှုအဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်သည့်အပြင် စားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်ဆိုင်ခန်းများဖြင့် တိုင်းရင်းသားကျေးရွာ၌ နှစ်သစ်ကူးပွဲတော်လာပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် (၁၅.၁၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက (၂၈.၁၂.၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မိမိ နေထိုင်သည့် မြို့နယ်မှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲများသို့ သွားရောက်ပြီး မိမိတို့၏ မဲစာရင်းကျန်ရှိမှုမရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများ ပီသစွာဖြင့် (၂၈.၁၂.၂၀၂၅)ရက်နေ့တွင် တစ်ဦးမကျန် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးရန် လိုအပ်ပါ ကြောင်း၊ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့် တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ရိုးရာ အိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်း များအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအားလုံး နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ကြရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။ (၁၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးအဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် စာကြည့်တိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေ နှင့်ယဥ်ကျေးမှု အသင်း/အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သိသင့်/သိထိုက်သည့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်း ဥပဒေပါအချက် အလက် များအပေါ် ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားအပါအဝင် ရခိုင် တိုင်းရင်းသား၊ ကရင်နှင့်ချင်းတိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအသင်းအဖွဲ့မှ ဥက္ကဋ္ဌများနှင့် ဝာာဝန်ရှိသူများက မျိုးနွယ်စုများအလိုက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် သိလိုသည်များကို မေးနွေးဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့ (၁၅)ဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှု အဖွဲ့၊ ကချင်ပြည်နယ်ရှမ်းမျိုးနွယ်စုများ ရိုးရာယဉ်ကျေးမှုအသင်းတို့အတွက် တစ်ဖွဲ့လျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၈၅)သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ခဲ့ကြရာ တိုင်းရင်းသား စာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက‌ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီး၊ ဒေါက်တာဆလိုင်းငွန်းကျုံးလျန်၊ ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသား စာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ တက်ရောက်လာကြသည့် အသင်းအဖွဲ့ များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ဆက်လက်ဖတ်ရှုပါရန်
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို သိရှိနားလည်ပြီး ဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဖိုရမ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဖိုရမ်ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်းသရုပ် ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဖိုရမ်ကို တက်ရောက်လာသူများအနေဖြင့် နားထောင်ရုံသက်သက်မဟုတ်ဘဲ အားလုံးက သိလိုသည်များနှင့် မိမိတို့၏ သဘောထားအမြင်များ ဖလှယ်ပေးကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ အမျိုးသားရေး လိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖော်ဆောင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်နယ်၏အကျိုးစီးပွား၊ တိုင်းပြည်၏ အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ စည်းလုံး ညီညွတ်သောအားဖြင့် အစိုးရနှင့် ပြည်သူလက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ် အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ရပ်မိရပ်ဖများအားလုံးအတွက် နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေးရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြသည်။ ယင်းနောက် ဖိုရမ်ဒုတိယနေ့အတွက် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းခေါင်းစဉ်ဖြင့် မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့အခြေအနေ နှင့် ပြည်ထောင်စုစိတ်ဓာတ်စသည့် အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ ကြပြီး မွန်းလွဲပိုင်းတွင် စာရေးဆရာအကြီးကိုကို (ကသာ)က ငါ့တို့ချစ်တဲ့ ငါတို့နိုင်ငံတော် ခေါင်းစဉ် ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးဟောပြောပို့ချမှုကို တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ မြစ်ကြီးနား တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာ ပြုသားဖွား သင်တန်းကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များနှင့် ၎င်းတို့၏ အမြင် သဘောထားများအပေါ် မေးမြန်းဆွေး နွေးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဖိုရမ်အတွက် ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့်ပညာရှင်များ၊ တက်ရောက်အားပေးခဲ့ကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ယနေ့ ဖိုရမ်မှသည် တိုင်းရင်းသားအားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံသားတစ်ယောက်၏ တာဝန်များကို သိရှိနားလည်ပြီး မိမိတို့၏လူမှုစီးပွား ဘဝမြှင့်တင်ရေး အတွက် အားလုံးကအတူတကွဝိုင်းဝန်းကြိုးစားကြရေး တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ဖိုရမ်ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့် ပညာရှင်ပုဂ္ဂိုလ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံပြီး စီတာပူရပ်ကွက်၊ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်မည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ(ဖိုရမ်) အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ကြပြီး ညွှန်ကြား‌ရေးမှူးရုံး၌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီးတို့မှ လှူဒါန်းထားသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြ ပုံစံတူအရုပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အလေးထားလိုက်နာပြီး တိုင်းရင်းသား များ၏ အခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံ့လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော် ဘဏ္ဍာငွေများကို အလေ့အလွင့်မရှိစေရေး ဘဏ္ဍာရေးစည်းမျဉ်းစည်ကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲကြရန် လိုအပ်ပါကြောင်းမှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်း တိုင်းရင်းသားများအရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားအခွင့်ရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြ ကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ချီးမြှင့် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ(ဖိုရမ်) ကျင်းပပြုလုပ်သွားမည့် စီတာပူရပ်ကွက် မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမ၌ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက လာမည့် ဒီဇင်ဘာလ (၂၈.၁၂.၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒပေးပိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မိမိနေထိုင်သည့်မြို့နယ်မှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲများသို့ သွားရောက်ပြီး မိမိတို့၏ မဲစာရင်းကျန်ရှိမှု မရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများပီသစွာဖြင့် တစ်ဦးမကျန် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် မူလ ခန့်မှန်း လျာထားငွေအပေါ် (၁၉.၁၀.၂၀၂၅) ရက်နေ့ထိ ကောက်ခံရရှိငွေမှာ (၈၉.၂၅%) ရရှိခဲ့ပြီးဖြစ်ပါသဖြင့် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်း၌ ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ကျပ်သန်း(၂၀)အောက် လုပ်ငန်းများ ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)တို့တွင် ပါရှိသောတင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရေး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင် ရွက်သွားရေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်နှင့်အညီ ဦးစီးဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်