ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး သတင်းများ

  • 07
  • NOV

  • 07 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တည်ဆောက်လျှက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နိုဝင်ဘာလ(၆)ရက်နေ့ နေ့လည် ( ၁၃:၃၀ ) အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ရှိသူများ လိုက်ပါလျက်သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေး ကုမ္ပဏီဖြစ်သည့် Regal Strength Co.,Ltd. တာဝန်ရှိသူမှ ဆိပ်ခံဗောတံတားတည်ဆောက်ရေး ပိုင်ရိုက်ခြင်းလုပ်ငန်း (၂၂)တိုင် ပိုင်ရိုက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များ အားပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • NOV

  • 07 November 2022
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမအကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇျ္စာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတ္တို (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယနေ့ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမ အကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် ပစ္စည်းတန်ဖိုးနှင့် ငွေသားတန်ဖိုး စုစုပေါင်း ကျပ် (၄၃၆၃,၈၀ဝိ/-) ဖြစ်ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • SEP

  • 28 September 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ဆောင်ရွက်လျက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ(၉)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံအရာရှိ(ဒုတိယညွှန်ကြားရေးမှူး)တို့ လိုက်ပါလျက် သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် Regal Strength Co.,Ltd တာဝန်ရှိသူမှ ဆိပ်ခံဗောတံတားတည်ဆောက်နိုင်ရေး Pie ရိုက်ရန်အတွက် ယာယီတံတား တည်ဆောက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်၍ ဆိပ်ခံဗော(Pontoon) တည်ဆောက်နေသည့် ဒဂုံသင်္ဘောကျင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ သင်္ဘောကျင်းမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်စိုးက (Pontoon) တည်ဆောက် ပြုပြင်နေမှုအခြေအနေများနှင့် ပြုပြင်ပြီးစီးမှု(၈၀%) ရှိပြီဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအုပ်ချုပ်ရေးရုံး၌ ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ယခုကာလသည် ဗုဒ္ဓဘာသာတို့၏ အထွဋ်အမြတ်ထားရာ သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ဖြစ်ပြီး အများပြည်သူအလုပ်ပိတ်ရက်အတွင်း လာရောက်လေ့လာ အပန်းဖြေလည်ပတ်ကြသည့် တိုင်းရင်းသားပြည်သူများအား အဆင်ပြေချောမွေ့စွာ လေ့လာအပန်းဖြေနိုင်ရေး ဝန်ဆောင်မှုပေးကြရန် မှာကြားခဲ့သည်။သီတင်းကျွတ် အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ ရိုးရာအိမ်များ၊ အပန်းဖြေနေရာများတွင် လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်