ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး သတင်းများ

  • 23
  • SEP

  • 23 September 2023
  • ရန်ကုန်

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှု့စစ်ဆေးခြင်း၊ သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်း၊ ဝါးရုံတောလျှောက်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သည့် ရခိုင်ရိုးရာအိမ်၊ ဗမာရိုးရာအိမ်နှင့် ရိုးရာအိမ်များ အားလုံးတို့အား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကြည့်ရှု့၍ ပြင်ဆင်ရန်လိုအပ်သည်များ လမ်းညွှန်မှာ ကြားခြင်း၊ ဆိပ်ခံဗောတံတားဆောင်ရွက်ပြီးစီးမှုအခြေအနေ များကြည့်ရှု့စစ်ဆေးခြင်း၊ ဂိတ်ဝင်ကြေးကောက်ခံ ရရှိမှုအခြေအနေအားကြည့်ရှု့စစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်းရှိ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပက်သတ်၍ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီသုံးစွဲကြရန်၊ ဝန်ထမ်းများအားလုံး စည်းစည်း လုံးလုံးဖြင့် လုပ်ငန်းတိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများအားခြို့ခြံချွေတာ၍ သုံးစွဲကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • SEP

  • 12 September 2023
  • နေပြည်တော်

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို (၁၁-၉-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆပ်ကော်မတီဝင် ဦးစီးဌာနများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်း အဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့မှု အဆင့်ဆင့်နှင့် နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်ခဲ့မှု အဆင့်ဆင့်ကိုလည်းကောင်း၊ လုပ်ငန်းကော်မတီလက်အောက်ရှိ ဆပ်ကော်မတီ (၇) ခုဖွဲ့စည်းထားရှိမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ် ကော်မတီ၏ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။           အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသည့် ဆပ်ကော်မတီဝင် ဦးစီးဌာနများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများ ဆွေးနွေးတင်ပြ ခဲ့ကြပါသည်။ တင်ပြဆွေးနွေးချက်များအပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တက်ရောက် လာသူများက အကြံပြုဆွေးနွေးကြပါသည်။ ထို့နောက် အစီအစဉ်အရ သာသနာရေးနှင့်ယဉ်ကျေး မှု ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်း အဝေးကို ရုတ်သိမ်းခဲ့ပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • SEP

  • 01 September 2023
  • ရှမ်းပြည်နယ်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ရန်ပုံငွေဖြင့် မူလနှစ်ထပ်အဆောက်အဦမှ လေးထပ် အဆောက်အဦအဖြစ် တိုးမြှင့်တည်ဆောက် ဆောင်ရွက်လျက်ရှိပါသည်။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၉)ရက်နေ့ ညနေခင်းပိုင်းတွင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ” ၌ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီး စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောင်ရွက်လျက်ရှိသည့်  တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်၊ မြေထိန်းနံရံနှင့် ပင်မအဆောက်အဦ ထပ်တိုးဆောင်ရွက်သည့်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး  မြေညီထပ်ရှင်းလင်းဆောင်တွင် တည်ဆောက်‌ရေးကိုတာဝန်ယူ ဆောင်ရွက်နေသည့် မိုးယံဝင့်ချီ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အရည်အသွေးထိန်းချုပ်စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ တွေ့ရှိသုံးသပ်ချက်များကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးမှ စိစစ်တွေ့ရှိချက်များကိုလည်း‌ကောင်း အသီးသီးရှင်းလင်း တင်ပြ ခဲ့ကြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်သွားရန်၊ လျှပ်စစ်မီးများကို တပ်ဆင်သည့်အခါ မီးဘေး အန္တရာယ်ကင်းရှင်းရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန်၊ စက်ရေတွင်းမှ ရရှိသည့် ရေအပြင် သဘာဝရေအရင်းအမြစ်များ အသုံးပြု၍ ရေအလုံအလောက် ရရှိရေးဆောင်ရွက်ရန်၊ ရေလှောင်ကန်ရေယိုစိမ့်မှုမရှိစေရေးဆောင်ရွက်သွားရန်နှင့် သင်တန်းစင်တာဖွင့်သည့်အချိန်တွင် သင်တန်းများပါဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ အဆိုပါ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ပြီးစီးပါက တိုင်းရင်းသားများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်နိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။ဆက်လက်ပြီး ဩဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပါသည်။ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များသည် အလွန်အရေး ကြီးပြီး ကျွမ်းကျင်စွာတတ်မြောက်ထားရမည်ဖြစ်ပြီး စာရင်းစစ်စစ်ဆေးခံနိုင်ရန်အတွက် လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန်လျှောက်ထားလာသည့် စီမံကိန်းများနှင့် ပတ်သက်၍ တိုင်းရင်းသားဒေသများတွင် အကျိုးသက်ရောက်မှုရှိ/မရှိ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့် အလမ်းရရှိမှုရှိ/ မရှိကို ဌာနမှ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးပြီးမှ သဘောထားမှတ်ချက်ပေးရ မည်ဖြစ်ပါကြောင်း၊ TA/LT အဖြစ် ခန့်ထားရန်ဖွင့်လှစ်ခဲ့သည့် သင်တန်းတက်ရောက်ပြီးသူကို TA/ LT  ဆရာ/ဆရာမများအား အမြန်ဆုံး ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ပညာရေးဝန်ကြီးဌာန နှင့်ညှိနှိုင်းဆောင်ရွက်ရန်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှတ်ပုံတင်သည့် အခါတွင် သေချာစိစစ်ရန်၊ သဘာဝဘေးလုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန်လိုပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွှတ်စွာ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်၊ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်ဖြစ်သည့် ချိုးခြံခြွေတာကြရန် မှာကြားလိုပါကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါ သည်။၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြ ချက်များ အပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • SEP

  • 01 September 2023
  • မန္တလေးတိုင်းဒေသကြီး

         မန္တလေးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်သည် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစိုင်းနွမ် နှင့်အတူ ဩဂုတ်လ ၃၁ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် မန္တလေးတိုင်းဒေသကြီးရှိ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တိုင်းလျမ်၊ ကိုးကန့် ၊ ပ‌လောင်၊ လီဆူ၊ မယ်တိုင်(ကသဲ) စသည့် တိုင်းရင်းသား စာပေနှင့် ယဉ်‌ကျေးမှုအသင်း (၁၃)ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါသက်ရောက်မှုအပေါ်တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသား အကျိုး စီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များမှတ်ပုံတင်ရေး ဥပဒေ နှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံတင်နိုင်ရေးတို့ကို ဆွေးနွေးပြောကြား ပါသည်။ ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာ ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်        ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန ၂ ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများပီပီ ပါတီ နိုင်ငံရေးကင်းရှင်းရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက် ၅ ရပ်၊ ဦးတည်ချက် ၉ ချက်တို့ကို အလေးထားဂရုပြုပြီး တာဝန်ဝတ္တရားများကို စိတ်အားထက်သန်စွာ ကျေပွန်စွာ ထမ်းဆောင်ရေး၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို သိရှိနားလည်ပြီး တိုင်းဒေသအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားရေးများကို ဆောင်ရွက်ပေးနိုင်ရေး၊ စာပေယဉ်ကျေးမှုအသင်း အဖွဲ့များ ပြန်လည်မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ထမ်းများ စည်းလုံး ညီညွတ်စွာ တာဝန်ထမ်းဆောင်ရေးတို့ကို ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရုံးဝင်းအတွင်း ပြင်ပရေများ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုမဖြစ်စေရေးဆောင်ရွက်ထားမှု အခြေအနေများနှင့် မိုးရွာသွန်းမှုကြောင့် ရုံးဝင်းအတွင်းရှိ ရေများပြင်ပသို့စုပ်ထုတ်ရန် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • AUG

  • 11 August 2023
  • နေပြည်တော်

ပြည်တောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းအမှုထမ်း စုစုပေါင်းအင်အား (၁၈၈)ဦးတို့သည် ယနေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးဦးဇော်အေးမောင်နှင့်ဝန်ထမ်းများက ရုပ်ပွားတော်မြတ်အား လက်ယာရစ်လှည့်ပတ်ဖူးမြော်ကြပြီး စုပေါင်း၍ ဘုရားရှိခိုးမေတ္တာပို့အမျှဝေခဲ့ကြပါသည်။ ထို့နောက် ကျောက်စာရုံစေတီသို့ သွားရောက်ပြီးကျောက်စာများကို ဖတ်ရှုလေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • JUL

  • 21 July 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဉီးဇော်အေးမောင်၏ ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှုရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ခံတို့နှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအတိုင်း ဘတ်ဂျက်များခြိုးခြံ ချွေတာသုံးစွဲကြရန် ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များအား အထူးကျေပွန်စွာ ထမ်းဆောင်ကြရန် ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နည်းဥဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်ကို ဝန်ထမ်းကောင်းပီသစွာ ကြိုးစားဆောင်ရွက်ကြရန်၊ ရုံးစာရွက်စာတမ်းများနှင့် ရုံးလုပ်ငန်းများပေါက်ကြားမှုမရှိစေရေး ရုံးတွင်းရုံးပြင် လုံခြုံရေးကိစ္စရပ်များကို အထူးဂရုပြုကြရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပတ်သက်သည့် အမျိုးသားစီမံကိန်းဥပဒေပါ ၂၄ချက် ကိုလည်း သတ်မှတ်သည့်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာစေရေးကို ဦးတည်ထား၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • JUL

  • 11 July 2023
  • ရခိုင်ပြည်နယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၊နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် အတူလိုက်ပါလာသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် (၁၀.၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်သို့ ရောက်ရှိ၍ မိုခါမုန်တိုင်းကြောင့် ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သော ရုံးအဆောက်အဦအား ယာယီအမိုးနှင့် အခြားပြင်ဆင်ပြီး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၏ လမ်းညွှန်မှုအတိုင်း ဘတ်ဂျက်များခြိုးခြံချွေတာသုံးစွဲကြရန်၊ တိုင်းရင်းသားရေးရာကိစ္စရပ်များအား အထူးကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်ကို ဝန်ထမ်းကောင်းပီသစွာ ကြိုးစားဆောင်ရွက်ကြရန်၊ ရုံးစာရွက်စာတမ်းများနှင့် ရုံးလုပ်ငန်းများ ပေါက်ကြားမှုမရှိစေရေး ရုံးတွင်းရုံးပြင် လုံခြုံရေးကိစ္စရပ်များကိုအထူးဂရုပြုကြရန်နှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာစေရေးကိုဦးတည်ထား၍ ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUL

  • 10 July 2023
  • ရန်ကုန်

၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အထိမ်းအမှတ်အဖြစ် အပင်များကို ဦးဆောင် စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဧည့်သည်တော်များက သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ပြုပြင်မွမ်းမံသည့် လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး အပတ်စဉ် ပိတ်ရက်များတွင် ဖျော်ဖြေတင်ဆက်လျှက်ရှိသော တိုင်းရင်းသားရိုးရာအကအလှများကို ကြည့်ရှု့အားပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • MAY

  • 24 May 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့မေလ(၂၄)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်၊ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင် စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့သည့် အခြေအနေများအား ပြန်လည်ပြင်ဆင်နိုင်ရေး ကြည့်ရှု့စစ်ဆေးခြင်းနှင့် ၂၀၂၂−၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း (၁၀၀%) ပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။  ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များ တိုင်းရင်းသားဘာသာအခက်အခဲကို ကျော်လွန်၍ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်းလျော့ကျစေရန် တိုင်းရင်းသားဘာသာသင်ကြားနည်းစနစ်များ ပိုမိုစနစ်ကျကောင်းမွန်လာစေရန် ရည်ရွယ်၍ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက် လျှက်ရှိသည့် တိုင်းရင်းသားသင်ထောက်ကူ Teaching Assistant (TA) နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ၁/၂၀၂၃တွင် တက်ရောက်နေသည့် တိုင်းရင်းသားဆရာ၊ဆရာမများအားတွေ့ဆုံ၍ မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • MAY

  • 22 May 2023
  • စစ်တွေ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများအားရှင်းလင်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့ ၂၂-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင် ကလာရောက်ကြည့်ရှုအားပေးပါသည်။မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တွင် ရေ၊ မီး၊ ဆက်သွယ်ရေးများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရေတိုင်ကီများပြန်လည်တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ မီးစက်ဖြင့်လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ခြင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Mobile tower ကားဖြင့် ဆက်သွယ်ရေးမပြတ်တောက်စေရန် လာရာက်ဆောင်ရွက်ပေးထားခြင်းတို့ကြောင့် ယခုအခါ ရေ၊ မီး၊ ဆက်သွယ်ရေးများ ပြန်လည် ကောင်းမွန်လာပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 20
  • MAY

  • 20 May 2023
  • ရခိုင်ပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် (၂၀-၅-၂၀၂၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသို့ ရောက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးမှု အခြေအနေများ၊ ပြန်လည် ပြင်ဆင်ရမည့် အစိတ်အပိုင်းများ၊ ပြန်လည်ဆယ်တင်ရရှိနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။           ထို့နောက် ဒုတိယဝန်ကြီးသည် မိုခါမုန်တိုင်းဒဏ်သင့် ဝန်ထမ်း(၁၉)ဦးအား (၁)ဦးချင်းစီ ကူညီ ထောက်ပံ့ငွေ (၂)သိန်းကျပ်စီနှင့် ဆေးဝါး၊ အစားအသောက်၊ ဆိုလာမီးများကို ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ထမ်းများအား အားပေးစကား ပြောကြား ရာတွင် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးသွားသော်လည်း စိတ်ဓာတ်မကျဘဲ စည်းလုံးညီညွှတ်စွာဖြင့်  မည်ကဲ့သို့ ပြန်လည်တည်ဆောက်ကြမည်ကို ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆုံးရှုံးသွားမှုများ အပေါ် လုံ့လ၊ ဝရိယဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုများကို လည်း ဘဏ္ဍာရေးစည်းမျဉ်စည်းကမ်းနှင့်အညီ သုံးစွဲရမည်ဖြစ်ကြောင်း အစသဖြင့် အားပေးအမှာစကား ပြောကြားခဲ့ပါသည်။           ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှက ကျေးဇူးတင်စကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများအား ယခုကဲ့သို့ လာရောက်စောင့်ရှောင့် ကူညီထောက်ပံ့မှုများ ပေးအပ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။           ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သဘာဝ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ၅နာရီ ၁၅ မိနစ်တွင် ရပ်နားခဲ့ပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • MAY

  • 07 May 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် မေလ (၇)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ တာဝန်ခံနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံလမ်းညွှန်ခဲ့ပါသည်။ထိုသို့ တွေ့ဆုံ လမ်းညွှန်ပြောကြားရာတွင် ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဲခူးမြစ်မှ ဒီရေလျှံတက်ဝင်ရောက်လာမည့်နေရာများတွင် ဒီရေဝင်ရောက်မှု ကာကွယ်နိုင်ရန် သဲအိတ်များ စနစ်တကျပြုလုပ်၍  ကာရန်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရေချိုသိုလှောင်ထားသောကန်များအတွင်း ပင်လယ်ဒီရေ ရေငန်များဝင်ရောက်မှုမရှိစေရန် သဲအိတ်များဖို့၍ ကြိုတင်ကာကွယ် စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာအိမ်များ၏ ခြံဝင်းထဲရှိပြိုလဲနိုင်ခြေ ရှိသော အပင်ကြီးများအား ကြိုတင်၍ အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းထားရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လျှပ်စစ်မီး၊ transformer များအား main ခလုတ် အားကြိုတင် ပိတ်ထားရန်လည်းလိုပါကြောင်း၊ ရုံးဌာနရှိ အရေးကြီးစာရွက်စာတမ်းများကို ဉီးစားပေး(၁)၊ (၂) စသည်ဖြင့် မိုးဒဏ်လေဒဏ် ကာကွယ်သောနေရာများသို့ ပြောင်းရွှေ့ထားရန် မှာကြားလိုပါကြောင်း၊ ရှေးဦးသူနာပြုအဖွဲ့မှ လိုအပ်သည့်ဆက်စပ်ပစ္စည်းများ အားဝယ်ယူပြီး စနစ်တကျစုဆောင်း ပြင်ဆင်ဆောင်ရွက်ထားရန်လည်း မှာကြားလိုပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆက်သွယ်ရေးပြတ်တောက်မှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ ဘေး(စီမံ)ကော်မတီများနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ တည်ဆောက်ပြီး ဆိပ်ခံဗောတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • APR

  • 17 April 2023
  • နေပြည်တော်

၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၃:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယဝန်ကြီး၊ ဇနီးနှင့် မိသားစု နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။  ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း နှင့် သာဓုအနုမောဒနာခေါ်ဆိုကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • APR

  • 11 April 2023
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး‌ဇော်အေးမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနား - တောင်ညိုလမ်း၌ ကျင်းပမည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတွင်ပါဝင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမဏ္ဍပ်နှင့် တိုင်းရင်းသားသင်္ကြန်ဖျော်ဖြေရေးဆောင်ရွက်မည့် နေရာများကိုသွား‌ရောက်ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်များကကြိုဆိုပြီး လမ်းလျှောက်သင်္ကြန်ရေပက်ကစားမည့်အစီအစဉ်များနှင့် ဖျော်ဖြေရေးဆောင်ရွက်မည့် အစီအစဉ်များတို့ကို ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • APR

  • 08 April 2023
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်   ဧပြီလ(၈)ရက်နေ့  (၁၅:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တည်ဆောက်ထားရှိသည့် ဆိပ်ခံဗောတံတား ရာနှုန်းပြည့် ပြီးစီးမှု အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်