တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ နဝမအကြိမ်မြောက် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါ သည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာဒကာကျောင်း ဖြစ်သည့် ဥတ္တရသီရိမြို့နယ်၊ မသိမ်ကျေးရွာ၊ မသိမ်ကျောင်းသစ်ကျောင်း ဆရာတော် ဦးသောဘဏထံမှ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့် တော်မူကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် (၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီးနောက် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန် ရန်ကုန်မြို့၌ ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ အောက်တိုဘာလ(၁)ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို အခြေခံ၍ နိုင်ငံတော်က ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံတင် နိုင်ရေးတို့ကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည်များအား တင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့တာဝန်များအား ထမ်းဆောင်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တိုင်းရင်းသား ကျေးရွာအဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို စေတနာထား၍ဆောင်ရွက်ကြရန် နိုင်ငံတော်ဘဏ္ဍာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက် နေစဉ်တွင် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်၍ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များလိုက်နာကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ဝန်ထမ်း များသည် ဝန်ထမ်းရေးရာ ကိစ္စရပ်များအား အစဉ်တစိုက်လေ့လာသွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆောင်ရွက်လျှက် ရှိသည့် ကပွဲခန်းမအထွေထွေပြုပြင်ခြင်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံဆေးသုတ်ခြင်း၊ ပြည်ထောင်စု ခန်းမအထွေထွေပြုပြင်ခြင်း၊ ဆိပ်ခံဗောတံတားအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် သီးပင်စားပင်များစိုက်ပျိုးထားရှိသည့် စိုက်ခင်းအခြေအနေ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က (၁/၂၀၂၄) Keyboard အခြေခံအတီးသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသား/သူ (၁၄) ဦးတို့အား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ကာ သင်တန်းသား/သူများမှ သင်တန်းတွင် သင်ကြားခဲ့သည့် တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသားအားကစားပွဲတော်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့်အမျိုးသား ဘောလုံးအသင်း လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှု၍အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံဝန်ထမ်းဖြစ်သည်အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်ကမ်းများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လေလွင့်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊နိုင်ငံတော်စီ မံ အုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် ရှေးလုပ်ငန်း စဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ ချမှတ်ထားသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများ ကို အောင် မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်မျာအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်းနှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်း(၅)မျိုးနှင့်တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်း(၆)မျိုး စတင်ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများ၊ Keyboard ဂီတသင်တန်း ပို့ချနေမှုများနှင့် ပြည် ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ထို့နောက် ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များအား လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီး ဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား)အသင်းနှင့် ဖူဆယ် (အမျိုးသား)အသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံဝန်ထမ်းဖြစ်သည်အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်ကမ်းများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လေလွင့်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် ရှေးလုပ်ငန်း စဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ ချမှတ်ထားသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများ ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်းနှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်း(၅)မျိုးနှင့် တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်း(၆)မျိုး စတင်ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများ၊ Keyboard ဂီတသင်တန်း ပို့ချနေမှုများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များအား လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား)အသင်းနှင့် ဖူဆယ် (အမျိုးသား)အသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ၆-၆-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဌများ၊ လုပ်ငန်း ဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီး ဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းဆပ်ကော်မတီဝင် ဦးစီးဌာနများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လျာထား စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လျာထား စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ အခက်အခဲရှိပါကလည်း ဆွေးနွေးတင်ပြ ကြရန်ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းအသုံးစရိတ်များနှင့် ပတ်သက်၍လည်း ဒေသအတွက် ထိရောက်သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်အတိုင်း အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့လုပ်ငန်းဆပ်ကော်မတီကို ပေးအပ်ထားသည့်တာဝန် (၁၃) ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်းတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာသာသနာကို ထွန်းကားပြန့်ပွားစေရေးနဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရဲ့ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဦးစီးဌာနများ၏ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ သာသနာရေးနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင် သည်နှင့်အမျှ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆပ်ကော်တီဝင် ဦးစီးဌာနများအနေဖြင့် မိမိတို့၏လျာထားလုပ်ငန်း စီမံကိန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသ ဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများ စတင် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့်အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပါသည်။ ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက် (၈)ချက်ချမှတ်၍ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးစီးဌာနများကို အတည်ပြုကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရပ်နားခဲ့ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြပါသည်။ ထို့နောက် ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းမှူး၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။ ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြပါသည်။ ထို့နောက် ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းမှူး၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။ ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ပထမဦးစွာ ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်း ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ထိုနောက် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းတို့နှင့် ဝန်ထမ်းတွေ့ဆုံပြီး ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပျက်မြှင့်တင်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစင်တာ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းစင်တာ ရေရှည်ကြံခိုင်မှုရှိစေရန်အတွက် လိုအပ်သည်များ ဆောင်ရွက် နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်း ခင်းမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရန်၊ ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်း ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ ထိုနောက် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းတို့နှင့် ဝန်ထမ်းတွေ့ဆုံပြီး ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပျက်မြှင့်တင်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ အားသွန် ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ၂ ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစင်တာ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းစင်တာ ရေရှည်ကြံခိုင်မှုရှိစေရန်အတွက် လိုအပ်သည်များ ဆောင်ရွက် နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်း ခင်းမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရန်၊ ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊ အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေနှင့် နည်းဉပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန် (၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် အမျိုးသားစီမံကိန်း(၁၈)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်း လုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစန်းလှိုင်မှ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ဝင်ငွေပိုမိုရရှိရေးအတွက် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ (၇/၂၀၂၀)၊ (၁/၂၀၂၂) တို့နှင့်အညီ စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပါ သည်။ ဆက်လက်ပြီး ဘာဂီယာဉ်အဟောင်း များအား Right Out လုပ်နိုင်ရန်နှင့် အချို့ယာဉ်အဟောင်းများအား ပြန်လည်ပြင်ဆင်အသုံးပြုနိုင်ရေး ပြန်လည်တင်ပြနိုင်ရေးဆောင်ရွက်ရန်၊ ရေလွှာလျှောစီးဆောင်ရွက်ထားရှိသည့်နေရာတွင် ဧည့်သည်တော်များ ဝင်ရောက်ကစားနေသည့်အခြေအနေအား ကြည့်ရှုခြင်း၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးနိုင်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆိပ်ခံဗောတံတား တည်ဆောက်ထားရှိသည့်နေရာတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊ အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေနှင့် နည်းဉပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန် (၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် အမျိုးသားစီမံကိန်း(၁၈)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်း လုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၄:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယဝန်ကြီး၊ ဇနီးနှင့် မိသားစု နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစုနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း နှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်လျှက်ရှိသော ရေပန်းအလှ တပ်ဆင်ခြင်းလုပ်ငန်း၊ သောင်တူးခြင်းလုပ်ငန်းနှင့်ဝါးရုံတောလျှောက်လမ်းနှင့်ဝင်္ကပါပတ်လမ်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက် ၍ ဝန်ထမ်းများကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အသိပညာပေးဟောပြောပို့ချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်