ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး သတင်းများ

  • 23
  • JUL

  • 23 July 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံဝန်ထမ်းဖြစ်သည်အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်ကမ်းများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လေလွင့်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊နိုင်ငံတော်စီ မံ အုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် ရှေးလုပ်ငန်း စဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ ချမှတ်ထားသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများ ကို အောင် မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ်  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်မျာအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်းနှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်း(၅)မျိုးနှင့်တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်း(၆)မျိုး စတင်ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများ၊ Keyboard ဂီတသင်တန်း ပို့ချနေမှုများနှင့် ပြည် ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ထို့နောက် ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များအား လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီး ဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား)အသင်းနှင့် ဖူဆယ် (အမျိုးသား)အသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • JUL

  • 21 July 2024
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံဝန်ထမ်းဖြစ်သည်အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်ကမ်းများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လေလွင့်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် ရှေးလုပ်ငန်း စဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ ချမှတ်ထားသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများ ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ်  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်းနှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်း(၅)မျိုးနှင့် တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်း(၆)မျိုး စတင်ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများ၊ Keyboard ဂီတသင်တန်း ပို့ချနေမှုများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။           ထို့နောက် ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များအား လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား)အသင်းနှင့် ဖူဆယ် (အမျိုးသား)အသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။    

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • JUN

  • 06 June 2024
  • နေပြည်တော်

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ၆-၆-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဌများ၊ လုပ်ငန်း ဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီး ဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း                  ဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းဆပ်ကော်မတီဝင် ဦးစီးဌာနများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လျာထား စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လျာထား စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ အခက်အခဲရှိပါကလည်း ဆွေးနွေးတင်ပြ ကြရန်ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းအသုံးစရိတ်များနှင့် ပတ်သက်၍လည်း ဒေသအတွက် ထိရောက်သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်အတိုင်း အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့လုပ်ငန်းဆပ်ကော်မတီကို ပေးအပ်ထားသည့်တာဝန် (၁၃) ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်းတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာသာသနာကို ထွန်းကားပြန့်ပွားစေရေးနဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရဲ့ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဦးစီးဌာနများ၏ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ သာသနာရေးနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင် သည်နှင့်အမျှ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆပ်ကော်တီဝင် ဦးစီးဌာနများအနေဖြင့် မိမိတို့၏လျာထားလုပ်ငန်း စီမံကိန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ ပါသည်။               ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသ ဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများ စတင် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့်အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပါသည်။ ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက် (၈)ချက်ချမှတ်၍  တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးစီးဌာနများကို အတည်ပြုကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရပ်နားခဲ့ ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • JUN

  • 06 June 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြပါသည်။ ထို့နောက် ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းမှူး၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။ ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • MAY

  • 28 May 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြပါသည်။ ထို့နောက် ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းမှူး၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။ ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • MAY

  • 10 May 2024
  • ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ပထမဦးစွာ ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်း ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူများအား  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ထိုနောက် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းတို့နှင့် ဝန်ထမ်းတွေ့ဆုံပြီး ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပျက်မြှင့်တင်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစင်တာ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းစင်တာ ရေရှည်ကြံခိုင်မှုရှိစေရန်အတွက် လိုအပ်သည်များ ဆောင်ရွက် နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းနောက်  ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်း ခင်းမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရန်၊ ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 09
  • MAY

  • 09 May 2024
  • ရှမ်းပြည်နယ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်း ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူများအား  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ ထိုနောက် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းတို့နှင့် ဝန်ထမ်းတွေ့ဆုံပြီး ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပျက်မြှင့်တင်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ အားသွန် ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ၂ ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစင်တာ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းစင်တာ ရေရှည်ကြံခိုင်မှုရှိစေရန်အတွက် လိုအပ်သည်များ ဆောင်ရွက် နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းနောက်  ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်း ခင်းမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရန်၊ ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။      

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • MAY

  • 07 May 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊  အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေနှင့် နည်းဉပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန် (၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် အမျိုးသားစီမံကိန်း(၁၈)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်း လုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • MAY

  • 06 May 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစန်းလှိုင်မှ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ဝင်ငွေပိုမိုရရှိရေးအတွက် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ (၇/၂၀၂၀)၊ (၁/၂၀၂၂) တို့နှင့်အညီ စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပါ သည်။ ဆက်လက်ပြီး ဘာဂီယာဉ်အဟောင်း များအား Right Out လုပ်နိုင်ရန်နှင့် အချို့ယာဉ်အဟောင်းများအား ပြန်လည်ပြင်ဆင်အသုံးပြုနိုင်ရေး ပြန်လည်တင်ပြနိုင်ရေးဆောင်ရွက်ရန်၊ ရေလွှာလျှောစီးဆောင်ရွက်ထားရှိသည့်နေရာတွင် ဧည့်သည်တော်များ ဝင်ရောက်ကစားနေသည့်အခြေအနေအား ကြည့်ရှုခြင်း၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးနိုင်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆိပ်ခံဗောတံတား တည်ဆောက်ထားရှိသည့်နေရာတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • MAY

  • 06 May 2024
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊  အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေနှင့် နည်းဉပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန် (၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် အမျိုးသားစီမံကိန်း(၁၈)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်း လုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • APR

  • 17 April 2024
  • နေပြည်တော်

၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၄:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယဝန်ကြီး၊ ဇနီးနှင့် မိသားစု နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။  ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစုနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း နှင့် သာဓုအနုမောဒနာခေါ်ဆိုကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • MAR

  • 26 March 2024
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်လျှက်ရှိသော ရေပန်းအလှ တပ်ဆင်ခြင်းလုပ်ငန်း၊ သောင်တူးခြင်းလုပ်ငန်းနှင့်ဝါးရုံတောလျှောက်လမ်းနှင့်ဝင်္ကပါပတ်လမ်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက် ၍ ဝန်ထမ်းများကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အသိပညာပေးဟောပြောပို့ချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • MAR

  • 22 March 2024
  • ရန်ကုန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၂.၃.၂၀၂၄ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း ၊ အမှုထမ်းများ ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဉပဒေ၏ ရည်ရွယ်ချက်များ၊ နောက်ခံသမိုင်းကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း၏ရည်ရွယ်ချက်၊ စစ်မှုထမ်းဉပဒေကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအကြောင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ ၊ ကင်းလွတ်ခွင့်များနှင့် ယာယီ ရွှေ့ဆိုင်းနိုင် သူများ အစရှိသည်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက်တွေ့ဆုံပွဲသို့တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • JAN

  • 30 January 2024
  • နေပြည်တော်

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ် ကော် မတီ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို (၃၀-၁-၂၀၂၄) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊သာသနာရေးဦးစီးဌာန၊သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အမျိုးသား မှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။            အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားရာတွင်  ယဉ်ကျေးမှုနှင့်ဘာသာရေးသည် နိုင်ငံတစ်နိုင်ငံရဲ့ ဝိသေသလက္ခဏာကို သတ်မှတ် ဖော်ပြနိုင်တာဖြစ်တဲ့အတွက် မိမိတို့ရဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်မြှင့်တင်ခြင်းနဲ့ ဘာသာ၊ သာသနာထွန်းကား ပြန့်ပွားစေခြင်းလုပ်ငန်းများဟာ အရေးပါပြီး မဖြစ် မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ နိုင်ငံရဲ့တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ စည်းလုံးညီညွတ်မှု တို့အတွက်လည်း ယဉ်ကျေးမှုနှင့်ဘာသာရေးက အဓိကဖော်ဆောင်ပေးနိုင်ပါကြောင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပေးခြင်း၊ တိုင်းရင်းသားများရဲ့ ယုံကြည်ကိုးကွယ်ရာဘာသာများကို ထောက်ပံ့ကူညီပေးခြင်း၊ ဘာသာ၊ သာသနာပြန့်ပွားစေခြင်းတို့ဖြင့် တိုင်းရင်းသားလူငယ်များကို ဗလ ငါးတန်နဲ့ပြည်စုံတဲ့ လူငယ်များဖြစ်လာစေရေး ပျိုးထောင်ရာမှာ အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဌာနများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်ကျန်ရှိနေသေး သည့် လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးမြောက်စေရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထား လုပ်ငန်းစီမံကိန်းများကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။           ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • JAN

  • 24 January 2024
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အတူ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ လ(၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ နှင့် တိုင်းရင်းသားလူမှုရေးအသင်းများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ဧရာဝတီ တိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းပြီး တည်ငြိမ်းအေးချမ်းသော တိုင်းဒေသကြီးဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ပါကြောင်း၊ ကမ္ဘာ့ပထဝီ နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးသမိုင်း နောက်ခံအချက်အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများ ရယူနိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးက မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုများအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေ သည့် ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊တိုင်းရင်းသားရေးရာဝန်ကြီးကတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားစာပေသင်ကြားနေမှုများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့၊ နေ့ထူးနေ့မြတ်အခမ်းအနား ကျင်းပဆောင်ရွက်မှုများ၊ အခွင့်အရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်း နှင့် သက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ထားရှိမှု နှင့် လိုအပ်သည်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ဆက်လက်၍ ကရင်/ ရခိုင်/ ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တိုင်းရင်းသားလူမှုရေးအသင်းများ၏ ဥက္ကဋ္ဌများက အသင်း၏လုပ်ငန်းဆောင် ရွက်မှုများနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဆွေးနွေးတင်ပြပေးခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ (၅)သိန်းစီ အသီးသီး ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်