တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် ကရင်(စကော)တိုင်းရင်းသားဘာသာ စာပေသင် TA ဆရာ/ဆရာမများ အတွက် ကရင်စာပေသင်ရိုး G1,G2,G3 Online Teaching လမ်းညွှန်သင်တန်း (၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၅-၄-၂၀၂၃ရက်နေ့(အင်္ဂါနေ့) မွန်းလွဲ ၁၅:၃၀ နာရီအချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး အပေါ်ထပ်အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့များနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ သင်တန်းသား/သူ Teaching Assistant(TA) ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်မှ ကရင်စာပေသင်ရိုး G1,G2,G3 Teaching Guide DVD အခွေများအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ကိုယ်စားလှယ်တစ်ဦးသို့ ပေးအပ်ခဲ့ကာ တိုင်းရင်းသား ရေးရာဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး မွန်းလွဲ ၁၆:၃၀ အချိန်တွင် ဖွင့်ပွဲအခမ်းအနားပြီးမြောက်ကြောင်း ကြေညာခဲ့ ါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူး၍ “ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် လပွတ္တာမြို့၊ ရွေးနဒီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၂၇၇)ဦး တက်ရောက်ခဲ့ပါသည်။သင်တန်းတွင် လပွတ္တာခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က မိတ်ဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ အကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဦးစီးဌာန၏ ဆောင်ရွက်ချက်များအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် TA/LT ဆရာ/ဆရာမများ လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက စားနပ်ရိက္ခာ ဖူလုံရေးအတွက် မွေးမြူရေးထုတ်လုပ်မှုတိုးတက်စေရန် နည်းပညာများ၊ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနည်းပညာများ၊ မြက်ချဉ်ဖတ် ပြုလုပ်နည်းများ ကိုလက်တွေ့ပြသခဲ့ပြီး လသားတိရစ္ဆာန်အစာပင် (၅၅၀)နှင့် မြက်မျိုးစေ့(၄)မျိုးကို မွေးမြူရေးတောင်သူများ ထံ ဖြန့်ဖြူးပေးဝေခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ၊ လပွတ္တာခရိုင် သီးနှံကာကွယ်ရေးဌာန ဦးစီးအရာရှိ ဒေါ်ကေသီလွင်က စပါးသီးနှံတွင် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စပါးသီးနှံ တွင်ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးများအား ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနည်း၊ အရေးပေါ်ကုသနည်းများ၊ စပါးဖျက်ရွှေခရုကာကွယ် နှိမ်နင်းနည်းများကို လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ လက်ထောက် သုတေသနအရာရှိ ဦးညီညီထွေးက ဆန်စပါးအထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်း မျိုးသန့် စပါးများစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်စပါးများရရှိရေးနှင့် မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးနည်းစနစ်များအား အသိပညာပေးပြောကြားခဲ့ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရပ်နား ခဲ့ပါသည်။အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က စပါးသီးနှံအထွက်တိုးရေးအတွက် မျိုးရွေးချယ်စိုက်ပျိုးခြင်း၊ မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ရိတ်သိမ်းခြင်း ဆိုင်ရာအကြောင်းအရာများအား အသိပညာပေး ပြောကြား ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲမွေးမြူရေးစခန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာစိုးဦးက ကျွဲ၊ နွား စသည့်တိရစ္တာန်အစာများအတွက် စိုက်ပျိုးနိုင်သော မြက်အမျိုးအစားများနှင့် အစာပင်များအကြောင်း၊ မြက်ချဉ်ဖတ်ပြုလုပ်နည်းများနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက တက်ရောက်လာ သူများအား အမှတ်တရလက်ဆောင် ပေးအပ်၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥ(ပ်)ပူးချင်းလူမျိုးများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့စဉ်လာများကို တန်ဖိုးထားတက်လာကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် “ရိုးရာဂျက်ခုတ်သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၊ ချင်းရိုးရာအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တွဲဖက်တာဝန် ထမ်းဆောင်နေသည့် ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများ၊ ချင်းစာပေနှင့်ယဉ်ကျေးမှု အသင်းမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်သင်တန်းသူများ အပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင်တွဲဖက်တာဝန် ထမ်းဆောင်နေသည့်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းမှ ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ ချင်းရိုးရာဂျက်ခုတ် သင်တန်းဖွင့်လှစ်ပေးသည့်အတွက် မည်သည့်နေရာတွင်မဆို ချင်းရိုးရာ ဂျက်ခုတ်ပညာ ဖြင့် ရက်လုပ်ထားသည့် ချည်တဘက်၊ ချည်အင်္ကျီ အစရှိသည့် အထည် ပစ္စည်းများမှာ စက်ဖြင့်ပြုလုပ်၍ရသော်လည်း လက်ဖြင့် အသေးစိတ်ဖန်တီးပြုလုပ်ရသည့်အတွက် ပိုမို၍ ကြာရှာစွာ အသုံးပြုရသဖြင့် တန်ဖိုးရှိလှပါကြောင်း ရှင်းလင်းပြောကြားခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ(တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်မှ လက်မှုပညာဖြစ်သည့် ရိုးရာဂျက်ခုတ် ပညာအား တက်မြှောက်ပြီးလျှင်ဥ(ပ်)ပူးချင်း လူမျိုးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်မှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပေးမှု အခြေအနေနှင့် ရိုးရာဂျက်ခုတ် သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြောကြားခြင်း၊ ဥ(ပ်)ပူးချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင် ဦးလှမောင်မှ မိမိတို့ ဥ(ပ်)ပူးချင်းရိုးရာ မတိမ်ကောစေရန် ဖွင့်လှစ်သင်ကြားပေးသည့် အတွက် အထူးပင်ကျေးဇူးတင် ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၊ တွဲဖက်တာဝန်ထမ်း ဆောင်နေသည့်ညွှန်ကြားရေးမှူး ဦးမျိုးဝင်း မှ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရ ဓါတ်ပုံ များ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား နေ့လယ် စာဖြင့်တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “ကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့နံနက် (၀၈:၃၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နည်းပညာ အကြံပေး ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေသင်ကြားသည့် TA/LT ဆရာ/ဆရာမများအား ကွန်ပျူတာအသုံးပြုတက်စေရန် စိတ် စေတနာဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည့်အလျောက် ယနေ့ခေတ်ဟာ IT ခေတ် ဖြစ်တာနဲ့အညီ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကို ကိုယ့်ရပ်ရွာကိုယ့်ဒေသရှိ ကိုယ့်လူမျိုးတွေ နောက်ကျ မကျန်ရစ်စေရန် နှင့် သင်တန်းတက်မြောက်ပြီးသော TA/LT ဆရာ/ဆရာမ များကလည်း မိမိတို့ သင်ကြားတက်မြောက်ပြီးဖြစ်တဲ့ ပညာရပ်တွေကို ပြန်လည်မျှဝေသင်ကြားပေးကြပါ၊ တတ်သိပြီး သလောက်နဲ့ ရပ်တန့်မနေဘဲ၊ဆက်လက်လေ့လာသင်ယူကြိုးစားကြပါ၊ ယနေ့ခေတ်မှာ ကွန်ပျူတာ ဟာ လုပ်ငန်းသုံးသာမက နယ်ပယ်ကဏ္ဍအသီးသီးမှာပါ အသုံးပြုနေကြတာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်လူငယ်များအနေနဲ့ မရှိမဖြစ် တက်မြောက်ထားသင့်သည့်ပညာရပ် ဖြစ်ကြောင်း ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နည်းပညာ အကြံပေး ဦးဌေးလင်းမှ IT ခေတ် ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးများကိုလည်း နည်းပညာများ လေ့လာတက်မြောက်စေရန် နှင့် တိုင်းရင်းသား ဘာသာ လက်ကွက်များ အသုံးပြုနိုင်ရန် မိမိတို့နည်းပညာဖြင့် ပြုလုပ်နေပြီဖြစ် ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းနည်းပြ ဦးထွန်းတိမ်လွှာစိုးအား နည်းပြဂုဏ်ပြုငွေကို လည်းကောင်း၊ သင်တန်းသူ/ သင်တန်းသားများ ကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ပါသည်။ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်း နှင့် အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကျင်းပသော “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်း(၁/၂၀၂၃) သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီ အချိန်တွင် တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများနှင့် သင်တန်းသူများအပါအဝင် စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပေးသည့်အခြေအနေနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တိုင်းရင်းသားတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးများတို့ကို ရှင်းလင်းပြောကြားခြင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်း၊နာယက ဦးစောတင်စိုးမှ သင်တန်းသူများအား ယနေ့ခတ်တွင် လက်မှု၊စက်မှု အတက်ပညာ များ တက်မြောက်မှုရှိစေရန်နှင့် မည်သည့်အတက်ပညာမဆို တက်မြောက်မှုရှိလျှင် လိုအပ်လာပါက မည်သည့်နေရာ၌မဆို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခြင်း၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ လက်ထောက်နည်းပြ ဒေါ်ဆုမွန်ကျော်မှ သင်တန်းသူများအား သင်ကြား တက်မြောက်ထားသော ပညာရပ်အား ဆက်လက်လေ့ကျင်ကြစေရန် ရှင်းလင်းပြောကြားခြင်း၊ တိုက်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ဥက္ကဌ ဦးစောနိကယ်က အခြေခံစက်ချုပ် နှင့် မော်တာနင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ သင်တန်းနည်းပြ ဒေါ်ဆုမွန်ကျော်အား နည်းပြဂုဏ်ပြုငွေ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်း၌ ဆုရရှိသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ ဆုချီးမြှင့်ပြီး သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပါသည်။ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ များတွေ့ဆုံ၍ အခြေခံပညာသင်ကျောင်းများမှ တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အတွက် နွေရာသီမွမ်းမံသင်တန်းများ ပြုလုပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအပေါ်ထပ် အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး နွေရာသီမွမ်းမံ သင်တန်းကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လမ်းညွှန်မှာကြား ခဲ့ပါသည်။ ၎င်းနောက် TA/LT ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်(စကော)၊ အရှိုချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့များနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
“MRTV ခါသင်္ကြန် အဆိုအက “အစီအစဉ်တွင် ထုတ်လွှင့်ပြသနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ယိမ်းအဖွဲ့ ပါဝင်ရိုက်ကူးပြီး MRTV စိန်ရတုပြတိုက်တွင် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က မြောင်းမြမြို့၊ မြစိမ်းတောင်ဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဒုတိယဥက္ကဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်စွာနေထိုင်ပြီး မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ကြရန်၊ စကားစာပေများကိုလည်း ပညာရေးမူဝါဒကို ထိခိုက်မှုမရှိစေဘဲ သင်ကြားသင်ယူကြစေလို ကြောင်းနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက် စေရန် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်ဌာနများနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်ကြရန် ပြောကြားပါသည်။ ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဌ ဦးစိုးထွန်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် TA/LT လျှောက်လွှာများတင်ရာ တွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးကျော်မိုးဝင်းက မိုးစပါး၊ နွေစပါး အထွက်နှုန်း တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး စိုက်ပျိုးရေး နည်းစနစ်ကောင်းများအား အားလုံးအတူတကွ လိုက်နာကျင့်သုံးရေး၊ ဓါတ်မြေဩဇာများအချိန်မီ အချိန်ကိုက် အသုံးပြုနိုင်ရေး အသေးစိတ်ရှင်းလင်းပြောကြားပြီး ဒေသခံတိုင်းရင်းသားများသို့ စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးထုတ်လုပ်မှုတိုးတက်စေရန် နည်းပညာများအကြောင်း၊ တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ် သော ရောဂါများ၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုနည်းလမ်းများ၊ တိရိစ္ဆာန် အစာပင် စိုက်ပျိုးခြင်းနည်းပညာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်ပေးအပ်ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရပ်နားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာန၊ မြောင်းမြတာဝန်ခံ ဒေါ်ဖြူပြာလွင်က တိုင်းဒေသကြီးတစ်ခုလုံး တစ်ဧက (၁၀) တင်း အထွက်နှုန်း ပိုမို တိုးတက်ရေး၊ ဒေသနှင့်သင့်လျော်ပြီးဈေးကွက်ရှိသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးထုတ်လုပ်နည်း များကို သင်တန်းပေးခဲ့ပြီး မျိုးစပါးများအား လက်တွေ့ပြသခြင်း၊ သဘာဝမြေဩဇာပြုလုပ်နည်းအား လယ်ယာသုံး စွန့်ပစ်ပစ္စည်းများနှင့်သဘာဝ အရင်းအမြစ် အပေါ်အခြေခံ၍ လုပ်ကိုင်ဆောင်ရွက်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးသီဟကျော်က နွားမွေးမြူရေးအစာအတွက် အဟာရပြည့်ဝပြီးအလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသော မြက်အမျိုးအစားများအကြောင်း၊ မြက်ချဉ် ဖတ်ပြုလုပ်နည်းများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်ယဉ်မာက ရွှေခရုမျိုးများပြန့်ပွားမှုမရှိစေရေး နည်းလမ်းများအားတောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တက်ရောက်လာသူများအား လက်ကမ်း စာစောင်များ၊ တိရိစ္ဆာန်အစာပင် (၇၈၀) တို့အား ဖြန့်ဖြူးပေးခဲ့ပြီး မြက်ချဉ်ဖတ်ပြုလုပ်နည်းကို တောင်သူများအား လက်တွေ့ပြသကာ အခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြို့မခရစ်ယာန်ဘုရားရှိခိုးကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၂၀၈)ဦး တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူက မိတ်ဆက်စကားပြောကြားပြီး တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခဲ့ကာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ ဆောင်ရွက်ချက်မျာ အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးက မွေးမြူရေးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည့် မျိုးမြှင့်တင်ရေးလုပ်ငန်းများအ ကြောင်း Unit Plan လုပ်ငန်းများ ၊ မြစိမ်းရောင်အသားကဏ္ဍဆောင်ရွက်နေမှု GAHP အကြောင်းတို့ကို အသိ ပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြေအသုံးချမှု၊ မျိုးစေ့ထုတ်လုပ်ရေး ၊ သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုး ရေးနည်းစနစ်သစ်များအကြောင်းနှင့် တောင်သူများသိသင့်သိထိုက်သော အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်များပေးအပ်ပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်း သားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ တောင်မန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၄၀) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မင်းဘူး(စကု)မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာများ နှင့် စစ်တမ်းကောက်ယူမည့် အချက်အလက်များနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းနုထွေးက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နော်ဖောဝါးက အမျိုးသမီးများအတွက်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး အရာရှိ ဒေါ်အိဖြူခိုင်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းပါ အကြောင်း အရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် က တက်ရောက်လာကြသော ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး မင်းဘူး(စကု)မြို့နယ်၊ တောင်မန်းကျေးရွာ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးရာဘော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၀)ဦးတို့မှ ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပြီးနောက် အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရေး ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ “အခြေခံစက်ချုပ်နှင့် မော်တာနင်းသင်တန်း (၂/၂၀၂၃)ဖွင့်ပွဲ” အခမ်းအနားကို (၂၃-၃-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ရှမ်းကျောင်းကြီး ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင် ရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြန်ကြားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းကလျာခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ ဦးစီးမှူး ဒေါ်ခင်မိမိသီ နှင့် လက်ထောက်နည်းပြ ဒေါ်ဧကရီစံ၊ ရှမ်းစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအပါအဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်းနှင့် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များနှင့် TA/LT ခန့်ထားပေးမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေများနှင့် စက်ချုပ်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်မှ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ အဆိုပါ အခြေခံစက်ချုပ်နှင့် မော်တာနင်းသင်တန်းတွင် အိမ်တွင်းမှုသင်တန်းကျောင်းမှ လက်ထောက်နည်းပြ ဒေါ်ဧကရီစံက သင်ကြားပို့ချသွားမည်ဖြစ်ပြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူ (၂၀)ဦးတို့ တက်ရောက်ကာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ မြေပုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” အခမ်းအနားကို ၂၃-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မြေပုံမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရခိုင်၊ အရှိုချင်း၊ လေးတူချင်း၊ စုမ်းတူချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌများ၊ မြေပုံမြို့နယ်ရှိ ချင်းတိုင်းရင်းသားများအပါအဝင် စုစုပေါင်း (၉၇)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး နောက် လေးတူချင်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေကပြကြပါသည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဌာနအကြောင်းသိကောင်းစရာများ မိတ်ဆက်ခြင်း၊ မိမိတို့ဦးစီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတို့ကိုလည်းကောင်း၊ မြေပုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး စောဦးထွန်းက လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးအကြောင်း သိကောင်းစရာများ ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြေပုံမြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင် ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကိုလည်းကောင်း၊ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ဆန်းစစ်စီမံခြင်း စစ်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တက်ရောက်လာကြသူ များ၏ တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တိုင်းရင်းသား လူငယ်(၆၀)ဦးက စစ်တမ်းမေးခွန်းများကို ဖြေဆိုခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၂၀-၃-၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၊ ကပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဗိုလ်တထောင်ခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့်နည်းပြများ၊ သင်တန်းသားများ၊ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်မှ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ချင်းရိုးရာအိမ်၌ ပြသထားသည့် ရက်ကန်းစင်နှင့် လိုအပ်သည့်ပစ္စည်းတို့ကို ကြည့်ရှုပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၁၃-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးကြီးလွင်မင်းရှိန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးအောင်ကျော်စိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ ဒေါ်သန်းသန်းဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမြင့်နှင့် သင်တန်းနည်းပြ ဆရာမ များ၊ အဖျောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်မင်းထွေးနှင့်အဖွဲ့ဝင်များ၊ အဖျောက်မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျောင်းစုကျေးရွာမှ ဒေသခံတိုင်းရင်း သားများအပါအဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းဝင်း မှ ဝန်ကြီးဌာနဖွဲ့စည်းပုံနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည် ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စက် ချုပ်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ကြပြီး ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်းမှ သင်တန်းသားများအား အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အဖွဲ့သည် စက်ချုပ်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများ၏ သင်ကြား ပေးနေမှု အခြေအနေနှင့် စက်ချုပ်သင်တန်းအတွက် လိုအပ်သည့်ပစ္စည်းများ ခင်းကျင်းပြသမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံ ခြင်းအစီအစဉ်ကို (၁၂.၃.၂၀၂၃)ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၂၀၁)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း ခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်တုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး နော်သဝါးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ နမ့်စီးဖောင်က Teaching Assistant (TA) ၊ Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက သီးနှံအထွက်တိုးစေမည့်နည်းလမ်းများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက သားငါးမွေးမြူခြင်း၊ ကုသခြင်း နည်းလမ်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စန်းက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၈၁)ဦး တို့မှ ဖြေဆိုခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်