ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 20
  • MAR

  • 20 March 2023
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၂၀-၃-၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၊ ကပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဗိုလ်တထောင်ခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့်နည်းပြများ၊ သင်တန်းသားများ၊ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်မှ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရိုးရာဂျက်ခုတ်ရက်ကန်းသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ချင်းရိုးရာအိမ်၌ ပြသထားသည့် ရက်ကန်းစင်နှင့် လိုအပ်သည့်ပစ္စည်းတို့ကို ကြည့်ရှုပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • MAR

  • 13 March 2023
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်းဖွင့်ပွဲ” အခမ်းအနားကို (၁၃-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။        အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးကြီးလွင်မင်းရှိန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးအောင်ကျော်စိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ ဒေါ်သန်းသန်းဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမြင့်နှင့် သင်တန်းနည်းပြ ဆရာမ များ၊ အဖျောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်မင်းထွေးနှင့်အဖွဲ့ဝင်များ၊ အဖျောက်မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျောင်းစုကျေးရွာမှ ဒေသခံတိုင်းရင်း သားများအပါအဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။  ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းဝင်း မှ ဝန်ကြီးဌာနဖွဲ့စည်းပုံနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊  သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည် ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စက် ချုပ်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ကြပြီး ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးမြဝင်းမှ သင်တန်းသားများအား အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အဖွဲ့သည် စက်ချုပ်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများ၏ သင်ကြား ပေးနေမှု အခြေအနေနှင့် စက်ချုပ်သင်တန်းအတွက် လိုအပ်သည့်ပစ္စည်းများ ခင်းကျင်းပြသမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • MAR

  • 12 March 2023
  • ညောင်တုန်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံ ခြင်းအစီအစဉ်ကို (၁၂.၃.၂၀၂၃)ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၂၀၁)ဦး တက်ရောက်ခဲ့ပါသည်။        အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း ခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်တုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး နော်သဝါးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ နမ့်စီးဖောင်က Teaching Assistant (TA) ၊ Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက သီးနှံအထွက်တိုးစေမည့်နည်းလမ်းများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက သားငါးမွေးမြူခြင်း၊ ကုသခြင်း နည်းလမ်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။      ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စန်းက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၈၁)ဦး တို့မှ ဖြေဆိုခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • MAR

  • 11 March 2023
  • သာယာဝတီ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ဒုတိယအကြိမ် “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာ ပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်း စစ်စီမံခြင်း” အစီအစဉ်ကို ၁၁-၃-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  သာယာဝတီမြို့၊  ကရင်စုရပ်ကွက်၊  ဇေယျာသိရီအကျဉ်းဦးစီးကျောင်းတိုက်ဝန်း၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ဦးစောလင်းအောင်၊  သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် အုပ်ချုပ်ရေးမှူး၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  တိုင်းရင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များနှင့် ဒေသခံတိုင်းရင်းသား(၉၀)ဦး၊ စုစုပေါင်း(၁၁၀)ဦး တက် ရောက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၀၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်စကား ပြောကြားခြင်း၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ သက်ကြီးရွယ်အို၊ ရှေးဦး ကလေးသူငယ်၊ လူငယ်ရေးရာမူဝါဒတို့နှင့်ပတ်သက်သည့် အခွင့်အရေးဆိုင်ရာအသိပညာ ပေးအစီအစဉ်တို့ကို အသိပညာပေးပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစန်းယုဝင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ အကြောင်း အသိပညာပေးပြောကြားခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သူက နည်းဥပဒေ အကြောင်း အသိပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဧည့်သည်တော်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍  ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့အား ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို အုပ်စုခွဲ၍ ကောက်ယူပြီး တက်ရောက်လာသည့် တိုင်းရင်းသားများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • MAR

  • 06 March 2023
  • ရန်ကုန်

     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” နှင့်  “Bakery and Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း”  အခမ်းအနားကို (၆-၃-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ စွယ်တော်ကုန်းကျေးရွာ၊ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။      အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ရွှေမြတ်သူ က တိုင်းရင်းသား စာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher  (LT) ဆရာများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊ သက်ကြီးရွယ်အိုများ လူမှုရေး ပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မှော်ဘီခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်က ကျောင်းအမည် စာရင်းရေးသွင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင် စကားလုံးများဖြင့် ရေးသွင်းနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ပန်းခင်းစီမံချက်အမှတ်(၂)နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူစော က သမဝါယမအသင်း၏ ဥပဒေ၊ နည်းဥပဒေများ၊ အသင်းသားများ လိုက်နာရမည့်စည်းကမ်းများ၊ သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုလည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲဇော်ထွန်းက Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုတ်ကူးခဲ့ပါသည်။      ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသူ (၆၀)ဦး တို့က စစ်တမ်းဖြေဆိုခဲ့ကြပါသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်ကြသူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • FEB

  • 25 February 2023
  • ဧရာဝတီ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၂၅-၂-၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် ဝါးခယ်မမြို့၊ ရွှေခယ်သီရိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၂၀၇)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး နော်သဝါးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့်လူမျိုးပြုန်းတီးမှုတားဆီးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ နန့်စီးဖောင်က TA/LT ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက “ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများကို ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက် လာသူများအား အမှတ်တရလက်ဆောင်များပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • FEB

  • 25 February 2023
  • ချင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသား အခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၂၅.၂.၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အီးကေကိမ်ငဲင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဆောင်ရွကလျက်ရှိသော လုပ်ငန်းများ၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ ချင်းပြည်နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးနေဝါထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများကိုယ်စား ဟားခါးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးထန်မွမ်းခိုင်က “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများကို ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 19
  • FEB

  • 19 February 2023
  • မွန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၁၉-၂-၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖောင်စိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသား များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဦး က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဌေးမို့မို့ က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး က တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသန်းအေး က နိုင်ငံသားအခွင့်အရေးနှင့် ကျောင်းအမည်စာရင်းရေးသွင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင် စကားလုံးများဖြင့် ရေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ က အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေး ပင်စင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိမှ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် မေးခွန်းလွှာများ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား(၇၀)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်ကြသူများအား အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နေ့လယ်ပိုင်းတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • FEB

  • 10 February 2023
  • ကရင်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို (၁၀-၂-၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ထလုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝင်းတင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား  အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် မဟာဗျူဟာရေးဆွဲမှု အခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးဝါက လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်သည့် လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားရိုးရာပွဲတော်များ ကျင်းပနိုင်ရေးနှင့် ကရင်စာပေ၊ ပအိုးဝ်စာပေနှင့် မွန်စာပေယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေလျက်ရှိ သည့် Grade 1, 2, 3 သင်ရိုးစာအုပ်များ၊ တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ထုတ်ဝေ ဖြန့်ဖြူးလျက်ရှိသော ပုံပြ/ပုံပြင်စာအုပ်များအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အမုန်းစကားနှင့်အကြမ်းဖက်လှုံ့ဆော်မှုကိုတားဆီးခြင်း ဆိုင်ရာ အသိပညာပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့်  ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်များ အကြောင်းကိုလည်းကောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် မေးခွန်းလွှာများ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း" စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာသူ(၁၀၀)ဦးတို့မှ ဖြေဆိုခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • DEC

  • 08 December 2022

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကျင်းပ၁ - ၁၂ - ၂၀၂၂ (ကြာသပတေးနေ့) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” နှင့် “Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား” ကို (၁-၁၂-၂၀၂၂) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်၊ ဦးစီးအရာရှိ ဒေါ်မော်မော်ဦးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မှူးဦးမင်းဆွေ၊  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်၊ ထန်းတပင် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများနှင့် ထန်းတပင်မြို့နယ်အတွင်းရှိဒေသခံ ကရင်နှင့်ဗမာ တိုင်းရင်းသားများအပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။  ပထမဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ ပုံပြပုံပြင်စာအုပ် ထုတ်ဝေ ပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်းဆိုင်ရာအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်များနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်မှ နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ၊ ပန်းခင်းစီမံချက်ဆောင် ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်း စတင်အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများပါဝင်ထည့်သွင်း၍ကျောင်းအမည်စာရင်းသွင်းရန် အကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြား ခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းမှ ဦးစီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အသေးစားစက်မှုနှင့်လက်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ဌာနမှသင်တန်းဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည့် သင်တန်းအမျိုးအစားများ၊ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုအခြေအနေ တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်က သမဝါယမ ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သမဝါယမပေါ် ပေါက်လာပုံအကြောင်း၊ သမဝါယမအသင်းချေးငွေအကြောင်း၊ ဌာနမှ ရောင်းအားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ဈေးကွက်ဖော်ဆောင်ပေးမှု၊ အသင်းဖွဲ့စည်းမှု အခြေအနေတို့ကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • NOV

  • 08 November 2022

နိုင်ဝင်ဘာ ၇ ရက်နေ့ တဆောင်မုန်းလပြည်အခါသမရတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အား လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိနေပြည်တော် နိုဝင်ဘာ ၇ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ တဆောင်မုန်းလပြည်နေ့ အများပြည်သူအားလပ်ရက်နေ့၌ တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်လေ့လာသူများနှင့် အပန်းဖြေလာရောက်လည်ပတ်သူများတို့ဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်းသတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်