ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 03
  • JUL

  • 03 July 2024
  • ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။ဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် မာရဝိဇယရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။ထို့နောက် ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့က ဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်း ဆောင်ရွက် နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကိုပြသသည်။ယင်းနောက် လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့  သွားရောက် ဖူးမြှော်ကြည့်ညိုကြပြီး ရတနာဆင်ဖြူတော် အဆောင်ရှိဆင်ဖြူတော်များအား အစာကျွေးကြကာအမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူကြသည်။ ဆက်လက်၍ လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သို့ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့်တာဝန်ရှိသူများကရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လေ့လာရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး  ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကျေးဇူးတင် စကားပြောခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • JUL

  • 03 July 2024
  • ကချင်ပြည်နယ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဇွန် (၂၁)ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ အခမ်းအနားကို အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော အကအဖွဲ့များ နှင့် ဘင်ခရာအဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြကာ Grade-4 ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုအားပေးခဲ့ကြပါသည်။ယင်းနောက် ပန်းချီပြိုင်ပွဲ(အထက်တန်း/အလယ်တန်းအဆင့်) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကိုလည်းကောင်း၊ ကလေးများ ဉာဏ်ပညာ တိုးပွားစေမည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် စကားပုံဆက်ခြင်းများကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်စာစောင်များပြသခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ များကိုလည်းကောင်း ဆက်လက်ကျင်းပခဲ့ရာ မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ်(၁)နှင့် အမှတ်(၉) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါလူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဝန်ထမ်း များအနေဖြင့် ပန်းချီပြိုင်ပွဲ(အထက်တန်း/အလယ်တန်း) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဒိုင်လူကြီးများအဖြစ်လည်းကောင်း၊ ဉာဏ်စမ်းမေးခွန်းတွင် တိုင်းရင်းသား ရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖြေဆိုနိုင်သော ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • JUL

  • 03 July 2024
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ တိုင်းဒေသကြီး ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာ ပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၂၅-၆-၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်က မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေးသူငယ်ရေးရာနှင့် လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင်မှု ဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဝိသေသရှေ့ဆောင် စကားလုံးများ မှန်ကန်ရေး၊ ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုငြိမ်းက တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊နည်းဥပဒေများကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လေးမျက်နှာ မြို့နယ်ဦးစီးမှူး ဒေါ်နော်တပိုးရာက စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို လည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းများကို ကောက်ယူ ခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၇)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှတက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • JUN

  • 28 June 2024
  • မကွေးတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသား ရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ပွင့်ဖြူ မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ “ချင်း”တိုင်းရင်းသား/သူများ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ကြပါသည်။အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပွင့်ဖြူမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာများနှင့် စစ်တမ်းကောက် ယူမည့် အချက်အလက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အိဖြူခိုင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများကို အသိပညာ ပေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ လူ့အခွင့်အရေး၊ ကလေးသူငယ်ရေးရာ၊ ကလေးအလုပ်သမား နှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်၊ ကောက်နုတ်ချက်များ၊ လူမှုရေးပင်စင်များအကြောင်း ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးကိစ္စရပ် များအကြောင်းကိုလည်းကောင်း၊တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်‌ရေး ဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇေယျာဦးက တိုင်းရင်းသား ကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံး များပါဝင်သည့်အမည်ဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေး ကိစ္စရပ်များ၊ အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းဆိုင်ရာ အသိပညာ ပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးကိစ္စရပ်များကိုလည်းကောင်း အသိ ပညာပေး ဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားများ အား ဥပဒေ/နည်းဥပဒေစာအုပ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပွင့်ဖြူမြို့နယ်၊ ဥပ္ပူး ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် ချက်စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား (၈၀) ဦး တို့မှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • JUN

  • 28 June 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “Computer Repair and Maintenance သင်တန်း (၁/၂၀၂၄)” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်း နည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက် ကာလတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) တိုးတက်ထွန်းကားလာ သည်နှင့်အမျှ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ နိုင်ငံ ခေတ်မီတိုးတက်ရေး အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ကွန်ပျူတာ အသုံးပြုပြီး ရုံးလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်လာနိုင်သော်လည်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းမှု၊ ဆိုက်ဘာလုံခြုံမှုအပါအဝင် လိုအပ်သည့်စစ်ဆေးမှု များကို ပုံမှန်ပြုလုပ်ပေးခြင်းမရှိပါက ကွန်ပျူတာ windows မတက်ခြင်း၊ Windows error ၊ Hardware error ၊ Software error ၊ Virus ၊ အန္တရာယ်ရှိသော Software Code များ ပျံ့နှံ့ခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ တိုက်ခိုက်ခံရခြင်းများ စသည့်အကြောင်းအရာများ ကြုံတွေ့နေရပါ ကြောင်း၊  သို့ဖြစ်ရာ တိုးတက်ပြောင်းလဲနေသော ICT နည်းပညာများကို အသုံးပြု၍ ရုံးလုပ်ငန်းသုံး ကွန်ပျူတာများအား စနစ်တကျ ပြုပြင်ထိန်းသိမ်းတတ်စေရန်၊ ICT ဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလ ငါးတန်နှင့် ပြည်စုံသောလူငယ်၊ လူရွယ်များဖြစ်စေရန်အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်” ဟုပါရှိသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သက်မွေးပညာ သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတွင် အထောက်အကူ ဖြစ်လာစေပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားရေးနှင့် မိမိဌာနတိုးတက်ရေးတို့ကို အစဉ်ရှေ့ရှုကာ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာကဏ္ဍမှ အပြုသဘောဆောင်၍ အားကြိုးမာန်တက်  ပူးပေါင်းပါဝင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ Information Technology (IT) ခေတ်တွင် နည်းပညာများ တိုးတက်ထွန်းကားလာနှင့်အညီ ကွန်ပျူတာသည် ရုံးလုပ်ငန်းများတွင်သာမက ပြင်ပစီးပွားရေး လုပ်ငန်းများအတွက်ပါ မရှိမဖြစ်အသုံးဝင်လာသဖြင့် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာများကို သိရှိတတ်ကျွမ်း နားလည်ရုံမျှသာမက စနစ်တကျ ပြုပြင်ထိန်းသိမ်းတတ်ရန် လည်း အထူးပင်လိုအပ်လှပါကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ် ခြင်းဖြင့် ဝန်ထမ်းများအားလုံး ကွန်ပျူတာတတ်ကျွမ်းလာပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများတွင်  အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်းအားဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည်ဖြစ်ပြီး တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေ သွားကြရမည်ဖြစ်ပါကြောင်း၊ ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများ ပိုမိုထွက်ပေါ်လာပါက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။ဆက်လက်၍ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း  မိတ်ဆက်ကြပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အဆိုပါ သင်တန်းကာလမှာ ရက်သတ္တ (၃) ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၆) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • JUN

  • 28 June 2024
  • ကရင်ပြည်နယ်၊ ဘားအံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ (၁၈-၆-၂၀၂၄) ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိန်းမလှကျွန်းကျေးရွာ၊ သုစိတာရာမဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ “အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား”ကျင်းပခဲ့ပါသည်။အဆိုပါဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊  တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားကို အထောက်အကူပြုစေရန်နှင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကျေးရွာတွင် ထွက်ရှိသော အသီးအနှံများကို လေလွင့်မှုနည်းပါးပြီး ဈေးကွက်ဝင်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြား၍ သင်တန်းထောက်ပံ့ငွေနှင့် သင်တန်းအတွက်လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်စိုး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ရီရီဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန်နှင့် ဌာနဆိုင်ရာမှ ဧည့်သည်တော်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြပါသည်။အဆိုပါအခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၇) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မိန်းမလှကျွန်းကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်လျက်ရှိကာ သစ်သီးယိုမျိုးစုံ၊ သစ်သီးဖျော်ရည်၊ နှမ်းယို၊ မြေပဲယိုနှင့် သစ်သီး ဂျယ်လီအမျိုးမျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 20
  • JUN

  • 20 June 2024
  • မွန်ပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်ကျင်းပပြုလုပ်သော “ တိုင်းရင်း သားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို  ဆန်းစစ်စီမံခြင်းအခမ်းအနား” ကို (၁၂-၆-၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန် တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊  မင်းရွာကျေးရွာ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ခဲ့ ပါသည်။အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စ ရပ်များအားလည်းကောင်း၊  ဦးစီးအရာရှိ ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် တိုင်းရင်းသားအခွင့် အရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘော တူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တင်မမမျိုးက  အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ ဆရာမ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မော်လမြိုင်ခရိုင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေးက နိုင်ငံသား အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊  မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေး ပင်စင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးခိုင်ကျော်မှ ကမ်းရိုးတန်းဒေသများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲ ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် မွန်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား ( ၆၀ ) ဦး တို့မှ စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဉပဒေနှင့်နည်းဉပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များ နှင့် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 20
  • JUN

  • 20 June 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူးကျင်းပသော “ဂဟေဆက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၁၂-၆-၂၀၂၄ ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ဖလုဘူတာကျေးရွာ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုးက သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးရာရှိ ဦးသန်းဇော်ထွန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ “ဂဟေဆက် သင်တန်း” ကို (၁၂-၆-၂၀၂၄) ရက်နေ့မှ (၂၅-၆-၂၀၂၄) ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • JUN

  • 14 June 2024
  • ရှမ်းပြည်နယ်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၃/၂၀၂၄) နှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ၌ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ၃ ကြိမ် နှင့်  အခြေခံကွန်ပျူတာသင်တန်း ၂ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ပါကြောင်း၊ ယခု ဖွင့်လှစ်ပေး ခဲ့သည့် သင်တန်းများသည် ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးများကို အသေးအဖွဲ့မှအစ အကျိုးပြုနိုင် ပါကြောင်း၊  ကွန်ပျူတာသင်တန်းသည် အခြေခံဖြစ်သော်လည်း မိမိတို့ကိုယ်တိုင် လေ့လာသင်ယူ ကြရန်နှင့် အဆင့်မြင့်ကွန်ပျူတာစာရင်းကိုင်သင်တန်းများသို့ ဆက်လက်တက်ရောက်စေလို ကြောင်း၊ ယင်းသို့တက်ရောက်ခြင်းအားဖြင့် ဌာန/ကုမ္ပဏီများသို့ အလုပ်သွားရောက်လျှောက်သည့် အခါ မျက်နှာမငယ်ရပါကြောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် ပတ်သက်၍လည်း ၁လအတွင်း မိမိကိုယ်ကိုယ် မည်မျှတတ်မြောက်နေပြီဖြစ်သည်ကို သုံးသပ်ပြီး အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုနိုင်သည်အထိ ဆက်လက်လေ့လာရန်လိုပါကြောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းကို အကြောင်းပြု၍ စက်များ၏ လည်ပတ်မှုအနေအထားကို လေ့လာခြင်းဖြင့် ကျွမ်းကျင်ပညာရှင်များဖြစ်လာနိုင်ပါကြောင်းနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရမည် ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အမှာစကားပြောကြားရာ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိုအဓိကဆောင်ရွက်သည့် ဌာနဖြစ်ပါကြောင်း၊ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံတို့ကို မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးသည့်ဌာနဖြစ်ပါကြောင်း၊  ဤသင်တန်းစင်တာသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊  မဲခေါင်မြစ်စီးဆင်းရာလမ်းကြောင်းရှိ ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသားများအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ပြီး  သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ် သင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ မွမ်းမံသင်တန်းကို ဆက်လက်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါကြောင်း၊ ဖွင့်လှစ်ပြီးစီးခဲ့သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းများသို့ တက်ရောက်ခဲ့သည့် သင်တန်းသား များအနေဖြင့် အချို့မှာ ကိုယ်ပိုင်ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နိုင်ခြင်းနှင့် အချို့မှာ ကိုယ်ပိုင် ဆိုင်မဖွင့် နိုင်သော်လည်း မိမိတို့ရပ်ရွာအတွင်းရှိ ဆိုင်ကယ်များအား ပြင်ဆိုင်ပေးနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်ကို သိရှိရပါကြောင်း၊ အခြေခံကွန်ပျူတာသင်တန်း တက်ရောက်ပြီးသူများအနေဖြင့်လည်း အခြေခံတတ်မြောက်ထားသည့်အတွက် အလုပ်လျှောက်ထားရာတွင် လွယ်ကူမှုရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ငယ်ရွယ်စဉ်သင်ကြားခဲ့သည့် အတတ်ပညာမှန်သမျှကို မမေ့လျော့သင့်ကြောင်း၊ ကွန်ပျူတာမရှိသော်လည်း ဖုန်းဖြင့် ဆက်လက်၍ လေ့လာ၍ ရပါကြောင်းနှင့် အတွေ့အကြုံက ပိုမိုကောင်းမွန်စွာ တတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ သင်တန်းများကို (၉-၅-၂၀၂၄)ရက်နေ့မှ (၉-၆-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး  ရှမ်းပြည်နယ် အတွင်းရှိ  ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ လားဟူ၊ ကရင်၊ ကချင် စသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသူ/သား(၄၀)ဦးတို့ တက်ရောက်သင်ကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • JUN

  • 14 June 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲက လူသားတိုင်းသည် ဘဝတိုးတက်မှုကို လိုလားကြပြီး အဓိကလိုအပ်ချက်ဖြစ်သည့် အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ် လေ့လာကြိုးစားအားထုတ်ကြရမည်ဖြစ်ပြီး စာပေဗဟုသုတ၊ ဘာသာစကားနှင့် အခြားသောနည်းပညာပိုင်းဆိုင်ရာများကို လေ့လာသင်ယူ နေရမည်ဟု လမ်းညွှန်မှာကြားထားပါကြောင်း၊ နိုင်ငံတော်က ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်အောင် ပညာသင်ယူရေး၊ ကျောင်းထွက်နှုန်း လျော့နည်းစေရေးတို့ကို စဉ်ဆက်မပြတ် ဦးစားပေးချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏ မီးရှူး တန်ဆောင် အလင်းရောင်ဖြစ်ပြီး ပညာဖြင့် မိမိတို့ဘဝနှင့် နိုင်ငံတော်ကို တည်ဆောက်ရမည် ဖြစ်၍  တိုးတက်ဖြစ်ထွန်းလာသော ပညာရေးကို ဆက်လက်မြှင့်တင်အားပေးပြီး ဆုံးခန်းတိုင်အောင် သင်ယူပြီးမြောက်နိုင်ရေး မိဘများနှင့် ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်နှင့် စံနမူနာပြဖြစ်သည့် မိခင်ကောင်း ဖခင်ကောင်းများအဖြစ် ပြုမူနေထိုင်ကြရမည် ဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်သည့်  ဘက်စုံပညာရေးကဏ္ဍကို  မြှင့်တင်နိုင်ရန်  ဦးတည် ကြိုးပမ်းလျက်ရှိရာ သားငယ် သမီးငယ်များက ပညာရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြစေလိုပါကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန် ထက်မြက်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန် ခွန်အား တစ်ခုအနေဖြင့် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပါကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့ သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏ အနာဂတ်သည်လည်း ထွန်းလင်း တောက်ပလာမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာ၊ နည်းပညာသစ်များနှင့် ရင်ဘောင်တန်းနိုင်ရန် အစဉ်ကြိုးစားအားထုတ်နေကြရန်နှင့် အသိပညာ၊ အတတ်ပညာကြွယ်ဝပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော၊ နိုင်ငံတော်ကို အကျိုးပြုသည့် လူချွန်လူကောင်းများဖြစ်သည့် အပြင် တိုင်းပြည်ပြုစိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြစ်သော စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူနိုင်သည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း  တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကောင်းမွန်သည့် ပညာအမွေပေးအပ်နိုင်ရန် အရေးကြီးပါကြောင်း၊ ထူးချွန်ထက်မြက်ပြီး ဘက်စုံတော်သော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေးအတွက် မိဘ၊ ဆရာသမားနှင့် ကျောင်းသား၊ ကျောင်းသူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပညာကို မွေးဖွားသည်မှစ၍ သေဆုံးသည်အထိ လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ လေ့လာသင်ယူထားသည့် ပညာရပ်များကို မိမိကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ လူသားများကောင်းကျိုးအတွက်သာ အသုံးချရန်ဖြစ်ပြီး  မကောင်းသောနေရာများတွင် အသုံးမချမိစေရေးအတွက် သတိပြုရမည် ဖြစ်ပါကြောင်း၊  လူသားများ၏ ဘဝတွင် အရွယ် (၃) ပါးရှိပြီး ပထမအရွယ်သည် ပညာရှာရမည့် အရွယ်ဖြစ်သဖြင့် ပညာကို အပတ်တကုတ် ကြိုးစားလေ့လာ သင်ယူရမည်ဖြစ်ပါကြောင်း၊ အရွယ်(၃)ပါးတွင် သူ့နေရာနှင့်သူ ပညာကို ဆက်လက်သင်ယူရန်လိုအပ်ပါကြောင်း၊   ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မိမိကိုယ်ကို ပညာရည်မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုမှတစ်ဆင့် မိမိ၏ မိသားစု၊ နိုင်ငံသူ နိုင်ငံသားများအားလုံး ပညာရည်မြင့်မားလာမည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပညာရည်မြင့်မားမှသာလျှင် သာယာဝပြောသော နိုင်ငံတော်သို့ ရောက်ရှိလာမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသူများအား  ဂုဏ်ပြုချီးမြှင့်ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ သားသမီး၊ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများ ပေးအပ်ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ သားသမီး၊ အခြေခံ ပညာအလယ်တန်းနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် စာရေးကိရိယာများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • JUN

  • 13 June 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းကို ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်၊ ကိုယ်ပိုင်အသေးစား၊ အလတ်စားလုပ်ငန်းများ ထူထောင်လာနိုင်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်သင်တန်းပြီးမြောက် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း၊ “Snack and Bakery  နည်းပညာသင်တန်း” ကို ပညာမချွင်းမချန်ဘဲ မေတ္တာ စေတနာအပြည့်အဝနှင့် လာရောက်သင်ကြားပို့ချပေးသည့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နည်းပြဆရာမများ၊ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၄)ရပ်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် လမ်းညွှန်ချက်ပါရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာန သည်လည်း တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများကျယ်ပြန့်လာစေရေးအတွက် ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ပြီး လက်ဆင့်ကမ်းမျှဝေ ဖွင့်လှစ်ပို့ချ သွားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် “တတ်သည့်ပညာ မလေ့လာ၊  မကြာမရှည်ပျောက်တတ်သည်”ဟူသည့် ဆိုရိုးစကားအတိုင်း သင်တန်းမှ သင်ကြား ပိုချပေးလိုက်သည့် မုန့်ဖုတ်လုပ်သည့် နည်းပညာများကို မူပိုင်ခွင့် ဥပဒေနှင့်အညီ အခြေခံ၍ မိမိဘာသာ ဆန်းသစ် တီထွင်ကာ ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားရုံသာမက နိုင်ငံ့ဝင်ငွေ တိုးပွားစေရန်လည်း ကျရာကဏ္ဍမှ ဆတက်ထမ်းပိုး ပါဝင်နိုင်အောင် ဆက်လက် အကောင် အထည် ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း တိုက်တွန်း ပြောကြားပါသည်။ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် သက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်ဖြစ်သည့်အတွက် မိသားစု တစ်ပိုင်တစ်နိုင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး သင်ယူတတ်မြောက်လာသည့် နည်းပညာများကိုဆင့်ပွား ဆန်းသစ်တီထွင်ကာ အရည်အသွေးမြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ပါက ဈေးကွက်တွင် မိမိ၏ ကုန်ပစ္စည်းအမှတ်တံဆိပ် နာမည်ရရှိလာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို ကောင်းစွာအသုံးချပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးလာနိုင်သည်နှင့်  အမျှ ဝင်ငွေလည်း တိုးပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အလွန်အရေးပါသော MSME အခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ မြှင့်တင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီးက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ ပြုလုပ်ထားသည့် Butter Cake ၊ Banana Cake ၊ Chocolate Cake ၊ Chiffon Cake ၊ Cup Cake ၊ Cookies ၊ ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုးပူတင်း၊ ဆနွင်းမကင်း အစရှိသော မုန့်အမျိုးမျိုးကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUN

  • 12 June 2024
  • ပဲခူးတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို ၆-၆-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၊ ညောင်အင်းကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားပြောကြားခြင်း၊ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊  တိုင်းရင်းသားများ၏ အမည်နာမရှေ့၌ ဝိသေသရှေ့ဆောင်စကားလုံးထည့်သွင်းရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေ အစရှိသည့်ကိစ္စရပ်များအား ရှင်းလင်းပြော ကြားခဲ့ပါသည်။ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက အမျိုးသမီးရေးရာကဏ္ဍ၊ ကလေးသူငယ်ကဏ္ဍများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေ (၅)ရပ်နှင့် ဌာနမှ စီမံဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပဲခူးမြို့နယ်အားကစားမှူး ဦးဝင်းကျော်က လူငယ်ရေးရာ အားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ညောင်အင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ရွှင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ရာ  ဒေသခံတိုင်းရင်းသား(၈၀)ဦးတို့က စစ်တမ်း မေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUN

  • 10 June 2024
  • ကရင်ပြည်နယ်

ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို (၃၀.၅.၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊   ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ သင်တန်းသား/သူများ  တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရေး စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွါးရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကောမပျောက်ပျက်အောင် ထိန်းသိမ်းကြစေရန်နှင့် တိုးတက် မြှင့်မားအောင် ထိန်းသိမ်းရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုစာပေ သင်တန်း ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ကူညီငွေကျပ်သိန်း (၁၅၀)အား ပေးအပ်ချီးမြှင့်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင် ဦးစိုင်းလှထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ပါသည်။အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၆၀)ကျော် တက်ရောက်ခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUN

  • 10 June 2024
  • ကရင်ပြည်နယ်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊       ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ၃-၆-၂၀၂၄ ရက်နေ့တွင် "အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား" ကို ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းများမှ  တဆင့် တစ်ရွာတစ်မျိုးထုတ်ကုန်များ၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင် နိုင်သည်အထိ တိုင်းရင်းသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် သင်တန်းအတွက်လိုအပ်သော ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ သင်တန်းကို (၃-၆-၂၀၂၄) ရက်နေ့မှ (၇-၆-၂၀၂၄) ရက်နေ့အထိ သင်တန်းသား / သင်တန်းသူ (၂၀) ဦးအား (၅)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပြီး ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာအကြည်ခဲ၊ Scrub စသည့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်မှုနည်းပညာရပ်များကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUN

  • 10 June 2024
  • ကရင်ပြည်နယ်၊ ဘားအံ

မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆုပေးပွဲ အခမ်းအနားကို (၃၀.၅.၂၀၂၄)ရက်နေ့၊ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ ဒေါ်ရီရီဝင်းနှင့် အရာထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ ဒေါ်ရီရီဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့ရဲ့စာပေ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တန်ဖိုးထားတတ်စေရန်၊ နယ်မြေဒေသအသီးသီးတွင် မွန်စာပေနှင့်ယဉ်ကျေးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုးဆက်သစ်မွန်တိုင်းရင်းသား ကလေးငယ်များအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်း ဆုပေးပွဲအခမ်းအနားအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၈၀)ကျော် တက်ရောက်ခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်