ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို (၂၇-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်း စကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာသိကောင်းစရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ထုပ်ဆီး ထိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အရုပ်ထုပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပေး အပ်ခြင်းနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူလေးများက ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် စုပေါင်းအမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်းကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူကအမှာစကားပြောကြားခြင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါများပါ အချက်အလက်များ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားအစီအစဉ် ဆောင်ရွက်ရခြင်းအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များ ခန့်အပ်ထားမှုကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တပ်ဖွဲ့ခွဲ(၇) မူးယစ်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးနိုင်သိန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိခိုင်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ် များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲဘုန်းပိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြပါသည်ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခြင်းကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ အာခါတိုင်းရင်းသား စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ပြီး စစ်တမ်းစောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၈-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ(အထက်)၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်းမိတ်ဆက်ပြောကြားခြင်းနှင့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မှော်ဘီခရိုင်ပညာရေးမှူး ဦးအေးလွင်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အ.ထ.က (၂) မှော်ဘီကျောင်းရှိ ကျောင်းသား ကျောင်းသူများ ဘင်ခရာအဖွဲ့မှ ဘင်ခရာ၊ ပန်းပွားအကတို့ဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲ၊ ပြိုင်ပွဲများဖြစ်သည့် ထုပ်ဆီးတိုး၊ အာလူးကောက်ပြိုင်ပွဲ၊ အပြေး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းစသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရ ရှိသည့် ကျောင်းသား /ကျောင်းသူများအား ဆုချီးမြှင့် ပေးအပ်ခြင်းနှင့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ သဲကုန်ကျေးရွာ (အထက်) မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းဝိုင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူ လေးများက ကရင်ဒုံးယိမ်း အကအပါအဝင် သီချင်း(၇)ပုဒ် ဖြင့် ကပြဖျော်ဖြေခြင်းနှင့် စုပေါင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၂၀-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဆင်ဒိုးကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းရီမှ အခမ်းအနား ကျင်းပပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲ ပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ဘောလုံးဖောက် ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်း မေးခွန်းများဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီးနောက် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြူ က လက်ခံရယူခဲ့ပြီး တွံတေးခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဉက္ကဌမှ စောငယ်မင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ကရင်ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ စုပေါင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက“တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၁၃-၁၂-၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင် က မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေ ပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင်က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေးသူငယ်ရေးရာနှင့် လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင် မှုဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူး ဦးစတိုင်းဆာယာက စပါး၊ နေကြာ၊ နှမ်း၊ ပဲသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ မြေယာပြုပြင်ခြင်း နည်းစနစ်များ နှင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများစသည့် စိုက်ပျိုးရေး ဆိုင်ရာသိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကြံခင်းမြို့နယ် ဦးစီးမှူး ဒေါက်တာဝင်းကိုက မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ နည်းများ ဖြင့် စနစ်တကျ မွေးမြူနိုင်ရေးနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၄)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ စာအုပ်များ၊ လက်ကမ်းစာစောင်များ၊ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ်ချက်စာအုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအရှိုချင်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၂-၁၂-၂၀၂၄) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခဲ့ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငါးရယ်က ပုံပြပုံပြင် စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်းတို့ကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ် ခေါက်ပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းသန်းဌေးနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းနွယ်က ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများအား ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မိမိတို့ ရပ်ရွာသို့ လာရောက်ကျင်းပပေးခြင်းအတွက် ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဝါးညှပ်အက၊ ဒုံးယိမ်း အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျီးပင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ တိုင်းရင်းသားကျောင်းသား လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာ ဟောပြောပွဲကို (၄-၁၂-၂၀၂၄) ရက်နေ့က ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာ၊ အ.ထ.က(ထုံးကြီး) အမေ့ရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေတို့နှင့် လူငယ်ရေးရာကဏ္ဍတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင့်ကျော်က ကလေးသူငယ်အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့်ဆေးဝါး အရည်အသွေးပြည့်မီ၊ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ထက်ထက်ကျော်က တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ကိစ္စနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်း ငါးသောင်း တိတိအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ထုံးကြီး) မှ ကျောင်းအုပ်ဆရာကြီးထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် “အခြေခံခြင်းတောင်းရက်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို (၉-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တွံတေးခရိုင်၊ ကော့မှူး မြို့နယ်၊ ရှာဘွားအုပ်စု၊ ဘောလုံးကွင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်း ဒေသကြီးညွှန်ကြားရေးမှူးရုံးမှ၊ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးရွှေဘော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးမြင့်ဦးနှင့် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးမင်းတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့ကြ ပြီးနောက် စုပေါင်းအမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ အခြေခံခြင်းတောင်းရက်လုပ်ခြင်းသင်တန်းကို (၉-၁၂-၂၀၂၄) ရက်နေ့မှ (၁၃-၁၂-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၁) ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ ငှက်ပျောပင်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို (၄-၁၂-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှုးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက သင်တန်းသား/သူများ အား သင်တန်းပြီးမြောက်သွားပါက မိမိတို့အတွက် ကိုယ်ပိုင်အသေးစား လုပ်ငန်းတစ်ခုထူထောင်နိုင်သည်အထိ ကြိုးစားစေလိုပါကြောင်း၊ ငှက်ပျောပင်မှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ တဘက်၊ ပုဝါ၊ လက်ကိုင်အိတ်၊ ခြင်း၊ ဖျာ၊ ဖိနပ်၊ စက္ကူ၊ ဦးထုပ်၊ အဝတ်အထည်စသည့် လူသုံးကုန်ပစ္စည်းများကို ဖန်တီးထုတ်လုပ်ခြင်းအားဖြင့် ကျေးလက်နေနှင့် မြို့နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအသစ်များရရှိခြင်း၊ ဝင်ငွေများရရှိခြင်း၊ သဘာဝစိုက်ခင်းနှင့် ငှက်ပျော စိုက်ဧရိယာဒေသမှ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားလာနိုင်သကဲ့သို့ တစ်ဖက်မှာလည်း လက်မှုပညာရပ်တစ်ခု တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် သင်တန်းစင်တာရှိ တာဝန်ရှိသူများက သင်တန်းနည်းပြဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း၊ သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ငှက်ပျောပင်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းကို (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ယင်းကြား၊ လီဆူ၊ ချင်း၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား စုစုပေါင်း (၂၀) ဦးတို့က တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှု နှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး အပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။ထို့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား ၅ မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို Website https://www.uec.gov.mm/ တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှု နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “ငှက်ပျောပင်မှတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေး ပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းများနှင့် သင်တန်းအား ပြီးမြောက်အောင် တက်ရောက်သင်ကြားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် Green Banana Myanmar မှ သင်တန်းနည်းပြဆရာ ဦးမြင့်သိန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ တစ်ဦးချင်းစီမှ အသီးသီး မိတ်ဆက်စကားပြောကြားခြင်း၊ သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ငှက်ပျောပင်မှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းကို (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ယင်းကြား၊ လီဆူ၊ ချင်း၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား စုစုပေါင်း (၂၀) ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၁-၁၁-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဝန်ကြီးဌာနအကြောင်း မိတ်ဆက် ပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။ (၂၁-၁၁-၂၀၂၄) ရက်နေ့မှ (၂၅-၁၁-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ များ၊ ဆပ်ပြာအကြည်ခဲထုတ်လုပ်မှု နည်းပညာများကို သင်တန်းသား/သူ (၂၀) ဦးတို့က တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသား ရေးရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်ရေးရာအသိပညာပေးခြင်း” အခမ်းအနားကို (၂၅-၁၀-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာ၊ အ.ထ.က (လှာကာ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေသောလှုံ့ဆော်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားလူမျိုးများအကြောင်းနှင့် တိုင်းရင်းသားဘာသာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှု ကိစ္စများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်နှင့် အလေ့အထကောင်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီးရေးရာကိစ္စရပ်များအားလည်းကောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩလျဖောက အားကစားနှင့် လူငယ်ရေးရာကိစ္စရပ်များကို လည်းကောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၁၀၀) ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍ ပဲခူးမြို့နယ်ရှိ တိုင်းရင်းသား ကျောင်းလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေ ရေး အသိပညာပေးဟောပြောပွဲကို (၂၉-၁၀-၂၀၂၄) ရက်နေ့က ပဲခူးမြို့၊ သရက်ကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သရက်ကုန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါ မှ ဝန်ကြီးဌာန စတင်ဖြစ်ပေါ်လာပုံနှင့် ဝန်ကြီးဌာန၏မိတ်ဆက်၊ တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများတွင် ပါဝင်သောအဓိကအခန်းကဏ္ဍများ နှင့် လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် နည်းပညာအစရှိသည့် လူငယ့်ရေးရာကဏ္ဍတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒု-တိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင့်ကျော်က ကလေးများ၏ဖွံ့ဖြိုးမှု ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက် ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင် ကာယဗလ မာန်တိုင်ဆက်နွယ်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အား ကစားမှူး ဒေါ်သန္တာဝင်းက လူငယ်ဘဝခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ကျော်ကျော်လတ်မှ တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ကိစ္စ နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြား ရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်း ငါးသောင်းတိတိအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သရက်ကုန်း ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါ သည်။
ဆက်လက်ဖတ်ရှုပါရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ကြီးမှူး၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ပဲခူးမြို့နယ်ရှိ တိုင်းရင်းသား ကျောင်းလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲကို (၂၆-၉-၂၀၂၄)ရက်နေ့က ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၊ အ.လ.က-(ညောင်အင်း) တွင် ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အ.လ.က(ညောင်အင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ဗလငါးတန် နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်ပေါ်စေရေးနှင့် လူငယ်ရေးရာကဏ္ဍ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားဘာသာ စာပေသင်ကြားရေးဆိုင်ရာလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့် ဆေးဝါးအရည်အသွေးပြည့်မီ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပဲခူးခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ်အခွင့်အရေးအများနှင့် ကာကွယ်စောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်းငါးသောင်းတိတိအား အ.လ.က(ညောင်အင်း) ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်