တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတွင် ၂၅-၁၀-၂၀၂၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မောင်တောမြို့နယ်၊ ဝေသာလီရပ်ကွက်မှ ရပ်မိရပ်ဖဦးစံမောင်သိန်းနှင့် သက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဦးဘဦးတို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့် အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာမူဝါဒ တို့ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဦးဝေယံအောင်က လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက “ရာသီဥတုပြောင်းလဲမှုလျော့ချဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်းကောင်း၊ မောင်တောခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိရေး ကိစ္စရပ်များကိုလည်းကောင်း အသိပညာ ပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၀)ဦး တို့မှ ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ရခိုင်၊ သက်နှင့် မြို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၁၇-၁၀-၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှညွှန်ကြားရေးမှူးဦးရန်နိုင်လွင်ကဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်းနှင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တက်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများအား Skynet စက်တစ်စုံစီ အားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်လွင်က တိုင်းရင်း သားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ(ဂျိန်းဖော့နှင့်ရဝမ်) ဘာသာပြန်စာအုပ် (၁၀၀) အုပ်စီတို့အားလည်းကောင်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းအောင်က အမျိုးသမီးအခွင့် အရေး၊ မသန်စွမ်းအခွင့်အရေး၊ လူမှုရေးပင်စင်အကြောင်းအရာတို့ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိအေးက TA/LT ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော် က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွယ်ဆိုင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ် ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များနှင့် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ၊ ညွှန်ကြားရေးမှူးရုံးမှဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းစစ်တမ်းမေးခွန်းလွှာများကိုကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၇၅)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ အခမ်း အနားသို့ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးကဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၇-၁၀-၂၀၂၃) ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးသန်းနိုင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် တိုင်းရင်းသားလူမျိုးများ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းနိုင်က ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာ ကောက်ယူရသည့် ရည်ရွယ်ချက်နှင့် မေးခွန်းလွှာတွင်ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား (၇၄) ဦးတို့က ဖြေဆိုခဲ့ ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်း၊ ဝိုင်းမော်မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီးစာရေးဆရာအကြီးကိုကို(ကသာ)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအားဆက်လက်ကျင်းပရာ ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၈)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဲ့ဒီနောက် ကျောင်းပေါင်းစုံစာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။ ယင်းနောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဝင်များ၌ ရေးသားပုံဖော်ထားသည့် လက်ရာများအား နံရံကပ်ပြဘုတ်တွင် ပြသထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ မကွေးတိုင်းဒေသကြီးအတွင်းရှိအရှိုချင်းနှင့်ဥပ်ပူးချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသို့တိုင်းရင်းသားပုံပြ၊ပုံပြင်စာအုပ်များပေးအပ်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တို ဘာလ ၅ရက်နေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြာရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားပုံပြ၊ ပုံပြင် စာအုပ်များပေးအပ်ရခြင်းရည်ရွယ်ချက်များ၊ တိုင်းရင်းသားလူမျိုးများဟူသော အဓိပ္ပါယ်၊ တိုင်းရင်းသားရေးရာဟူသော အဓိပ္ပါယ်များ၊ တိုင်းရင်းသားဘာသာစာပေသင် Teaching Assistant (TA)နှင့် Language Teacher (LT)ဆရာ၊ ဆရာမများ လျှောက်လွှာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနလုပ်ဆောင်ချက်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့ကြပြီး တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များကို သက်ဆိုင်ရာစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များသို့ပေးအပ်ခဲ့ပါသည်။ ထို့နောက် မင်းတုန်းမြို့နယ် အရှိုချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ဥက္ကဋ္ဌမှ အဖွဲ့များကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ ပါသည်။ အဆိုပါ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်ပေးအပ်ပွဲတွင် အရှိုချင်းနှင့် ဥပ်ပူးချင်း ပုံပြ၊ ပုံပြင် စာအုပ် စုစုပေါင်း (၂၈၄၁)အုပ်ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ နှီးနှောဖလှယ် တွေ့ဆုံပွဲကို၂၀၂၃ခုနှစ်အောက်တိုဘာလ (၆)ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ၂၀၂၂ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေနှင့်အညီ အသင်းအဖွဲ့များ ပြန်လည် မှတ်ပုံတင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှုထိန်းသိမ်းဖော်ထုတ်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက အသင်းအဖွဲ့အလိုက် ဆက်လက်ဆောင်ရွက်ကြမည့် တိုင်းရင်းသားအရေး ကိစ္စရပ်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် “အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲအခမ်းအနား”ကို (၂၉-၉-၂၀၂၃)ရက်နေ့ ညနေပိုင်း တွင် ပုသိမ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ဧရာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်း၊ ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်း၊ ပုသိမ်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ ကြပါသည်။အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်းက သင်တန်းဆင်း အမှာ စကားကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆု(ပထမ၊ ဒုတိယ၊ တတိယ)ရရှိသူ သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီး သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ “အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း”ကို (၁၁-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား(၂၂)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ၊ ဗဟုသုတနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ အခြေခံပညာအထက်တန်း ကျောင်း (စီတာပူ)၌ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက် နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ကချင်ပြည်နယ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနမှူး ဦးကျော်ထက်က လူငယ်ရေးရာအသိပညာပေး ဟောပြောကာ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း၊ ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနမှူး ဦးကျော်ထက်နှင့် ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအသင်း၊ ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ) တို့က ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များ လှူဒါန်းပေးအပ်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)မှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၏ တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ရခိုင်နှင့် ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ရခိုင်နှင့်ချင်းတိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဒေါ်အေးကျော့ရီက တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ဖြန့်ဝေပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ ပေးအပ် ခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများကိုယ်စား ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ တိုင်းရင်းသားပုံပြပုံပြင် စာအုပ်ပေးအပ်ပွဲတွင် ပိုးကရင်၊ စကောကရင်၊ ရခိုင်နှင့် အရှိုချင်း ပုံပြပုံပြင်စာအုပ်စုစုပေါင်း (၂၄၇၁၄)အုပ်ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဉဿလင်းဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေသည့် ပလက်ဝမြို့နယ်မှ တိုက်ပွဲရှောင် အမျိုးသမီးများအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူး ရုံးက ဦးဆောင်၍ “ မြန်မာမုန့်အမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကို (၂၁-၉-၂၀၂၃) ရက်နေ့နံနက်(၈:၃၀)နာရီအချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရခိုင်ပြည် နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အဖွင့်အမှာစကားပြောကြားခြင်း၊ ဉဿလင်းကျောင်းတိုက် ဆရာတော်က အဖွင့်ဩဝါဒ စကားမြွတ် ကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အဆိုပါ သင်တန်းကို ဉဿလင်းဘုန်းတော်ကြီးကျောင်း၌ (၂၁-၉-၂၀၂၃) ရက်နေ့မှ (၂၆-၉-၂၀၂၃) ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၁၇)ဦး က တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၁၉-၉-၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဗျူးကျင်း ကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်း ဥပဒေများအကြောင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသား အချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေး ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းထွေးက အသေးစားစက်မှုလက်မှုဦးစီးဌာန၏ သင်တန်းဖွင့်လှစ်ပေးနေမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့်အကြောင်းအရာများနှင့် အမျိုးအစား တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရှင်းလင်းပြောကြားချက်များကို မှော်ဘီမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးစောဂျိုးဇက်မှ ကရင်ဘာသာစကားဖြင့် ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၃-၉-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့က တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးကဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၇-၉-၂၀၂၃) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း ခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က မိတ်ဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့် အကြောင်းအရာများကိုလည်း ကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် TA/LTခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင် စကားလုံးများ မှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ရေး၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန်အချက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၆)ဦးတို့မှ ဖြေဆိုခဲ့ ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သော “အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၁-၉-၂၀၂၃)ရက်နေ့ နံနက်(၈:၀၀)နာရီ အချိန်တွင် ပုသိမ်မြို့၊ အစိုးရနည်းပညာ အထက်တန် းကျောင်း၊ ဧရာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်ရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အစိုးရနည်းပညာအထက်တန်း ကျောင်း(ပုသိမ်)မှ ကျောင်းအုပ် ဆရာကြီး ဦးအေးမင်းထွန်းက သင်တန်းနှင့် စပ်လျဉ်း၍ အကဲဖြတ်စစ်ဆေးမှုအစီအစဉ်များ၊ သင်တန်းတွင် ထူးချွန်သူများအားဆုချီးမြှင့်ခြင်း အစီအစဉ်များနှင့် သင်တန်းတွင် ပို့ချမည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် အခမ်း အနားသို့ တက်ရောက်လာကြသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်း သားများ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။အဆိုပါ “အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း”ကို (၁၁-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃)ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၂၁) ဦးတို့က တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ၈-၉-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ မဲတိုင်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်း က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာမဟာဗျူဟာနှင့် အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့် အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေး ကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကြောင်းတို့ကိုလည်းကောင်း၊ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်အောင်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းကိုလည်း ကောင်း၊ အမှတ်(၂၅)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးမျိုးမင်းလှိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာအန္တရာယ်တို့ကိုလည်းကောင်း၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ခွဲ စု(၁၅)တောင်ကြီးမှ ရဲအုပ် သန့်ဇော်ထွန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)မှ အတွင်းရေးမှူးခွန်ကျော်ခမ်းက အသိပညာပေးဟောပြောချက်များကို ဒေသခံပအိုဝ်းတိုင်းရင်းသားများအား ပအိုဝ်းတိုင်းရင်းသား ဘာသာစကားဖြင့် ပြန်လည်ရှင်းလင်း ပြောကြားခြင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြပါသည်။ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောက်တလုံးကြီးမြို့ အတွင်းရှိ “ပအိုဝ်း”တိုင်းရင်းသား စုစုပေါင်း (၁၄၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၂၆-၈-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စု၊ မိုးမခ ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးယိုင်လွတ်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေများပါအချက်အလက်များနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာမဟာ ဗျူဟာတို့ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးဇော်အောင်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းကိုလည်းကောင်း၊ အမှတ်(၂၅)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတောင်ကြီးမှ ရဲအုပ် အောင်ဝေလင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ အမှတ်(၂) လူကုန် ကူးမှုတာဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်အောင်ပန်းမှ ရဲအုပ် ဝင်းညွန့်ဦးက လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာအောင်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး ကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့ကြပါသည်။ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများကို ဒေသခံများထံပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေး မှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်း ကောက်ယူခဲ့ရာ ကလောမြို့နယ်အတွင်းရှိ “တောင်ရိုး” တိုင်းရင်းသား (၁၀၀) ဦးတို့က စစ်တမ်း မေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်