“အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခြင်း
- ရန်ကုန်တိုင်းဒေသကြီး
- 08 October 2025
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၈-၁၀-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမြတ်စိုးက သင်တန်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျီးပင် ဆိပ်ကျေးရွာရှိ ကရင်တိုင်းရင်းသား ကျောင်းသား/သူများမှ ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ ကြရာ တိုင်းရင်းသားရေးရာဝန်ကြီးက ထပ်မံဖွင့်လှစ်မည့် ကရင်ရိုးရာအကမွမ်းမံသင်တန်းအတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါသည်။
ထို့နောက် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို (၈-၁၀-၂၀၂၅) ရက်နေ့ မှ (၇-၁၁-၂၀၂၅) ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။