တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်း (၂/၂၀၂၆)နှင့် ကွန်ပျူတာသင်တန်း (၃/၂၀၂၆) သင်တန်းများ ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း
- ရှမ်းပြည်နယ်
- 25 August 2026
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်း (၂/၂၀၂၆) နှင့် ကွန်ပျူတာသင်တန်း (၃/၂၀၂၆) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို (၂၅-၈-၂၀၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပြည်နယ်တာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်းနှင့် ကွန်ပျူတာသင်တန်းတို့အတွက် သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသား၊သင်တန်းသူ များထံပေးအပ်ခဲ့ပါသည်။
အဆိုပါ တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်း(၂/၂၀၂၆)ကို အမျိုးသမီးရေးရာဝန်ကြီးဌာနမှ သင်တန်းနည်းပြများကလည်းကောင်း၊ ကွန်ပျူတာသင်တန်း (၃/၂၀၂၆) ကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ သင်တန်းနည်းပြများကလည်းကောင်း ၂၄-၈-၂၀၂၆ ရက်နေ့မှ ၂၃-၉-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။ ထိုသင်တန်းများတွင် ဗမာ၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ လီဆူ၊ ချင်း၊ မွန်၊ ကယန်း+အင်း၊ ကယား စသည့် တိုင်းရင်းသား မျိုးနွယ်စု များမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးစီ တက်ရောက်သင်ယူကြမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။