ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

22 JUL

တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို မွန်ပြည်နယ်တွင် ကျင်းပပြုလုပ်

  • မွန်ပြည်နယ်
  • 22 July 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၂၂-၇-၂၀၂၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ        ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်မိမြတ်ခတ္တာသင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုလွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းချယ်ရီထွန်းတို့က အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။ ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ ဒေသခံတိုင်းရင်းသား (၁၃၅) ဦး တက်ရောက်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့်စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားကာ ဒေသခံတိုင်းရင်းသား (၈၀) ဦးထံမှ စစ်တမ်းကောက်ယူခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်းက အသိပညာပေးဟောပြောခဲ့ကြသည့် ဌာနများနှင့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊  နည်းဥပဒေစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။