“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်”
- ရှမ်းပြည်နယ်
- 23 July 2026
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးကဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့်ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို ၂၃-၇-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့၊ နောင်အင်ပရိယတ္ထိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူးရုံး မှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသာ၊ အမှတ်(၂၅) မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တောင်ကြီးမှ ဒုတိယရဲမှူး ဇော်ထူးအောင်၊ အမှတ်(၁၅) လူကုန်ကူးမှု တာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် တောင်ကြီးမှ ရဲအုပ်ဖြိုးဝေ၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလမင်းသန်း၊ ဟိုပုံးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာတို့က အသီးသီးဆွေးနွေး ဟောပြော ခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက အခမ်းအနား တက်ရောက် လာကြသည့် တိုင်းရင်းသား (၁၂၀) ဦးတို့ထံမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်စစ်တမ်းကောက်ယူခဲ့ရာ တိုင်းရင်းသား(၁၀၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာ များကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။