ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

11 NOV

တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်း အစီအစဉ် ကျင်းပပြုလုပ်

  • ရခိုင်ပြည်နယ်
  • 11 November 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေး ခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို ၁၁-၁၁-၂၀၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိပဋ္ဌာန်းကျောင်း ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူ ရခြင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အမျိုးသမီးအခွင့်အရေး ၊ မသန်စွမ်းသူများ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ ရှေးဦးအရွယ်ကလေးငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာမူဝါဒတို့ နှင့် ပတ်သက်၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်က “ရာသီဥတုပြောင်းလဲမှု လျော့ချဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ် ဖြင့် အသီးသီးရှင်းလင်းပြောကြားခဲ့ကြပါသည်။

 ထို့နောက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းမေးခွန်းများကို တက်ရောက်လာသူ ၁၁၉ ဦးမှ ၁၁၀ ဦးအား စစ်တမ်းကောက်ယူခဲ့ကြကြောင်း သတင်းရရှိပါသည်။