ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

11 MAY

အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ကရင်ပြည်နယ်တွင် ဖွင့်လှစ်

  • ကရင်ပြည်နယ
  • 11 May 2026

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် “အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို  (၁၁-၅-၂၀၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၊  ဘုန်းကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မင်းမျိုးမြင့်နိုင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

            အဆိုပါသင်တန်းကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၅-၅-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဘက်စုံသုံးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ ခေါင်းလျှော် ဆပ်ပြာဆီ၊ ဆပ်ပြာအကြည်ခဲအမျိုးမျိုးထုတ်လုပ်မှုနည်းပညာများအား စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကာ ကမော့ကချူးကျေးရွာမှ ဒေသခံတိုင်းရင်းသား သင်တန်းသူ (၃၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။