ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

14 JUL

“အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်"

  • ကရင်ပြည်နယ်
  • 14 July 2026

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၄.၇.၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကမြိုင် (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

     အခမ်းအနားတွင် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်ကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ  ရိုက်ကူးခဲ့ကြပါသည်။

 အဆိုပါသင်တန်းကို (၁၄.၇.၂၀၂၆) ရက်နေ့မှ (၁၈.၇.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး နောင်ကမြိုင်ကျေးရွာမှ ဒေသခံတိုင်းရင်းသား အမျိုးသမီး(၃၀)ဦး တို့က တက်ရောက်သင်ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။