ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ တိုင်းရင်းသားရိုးရာ စက်ချုပ်သင်တန်း (၁/၂၀၂၆)နှင့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း(၂/၂၀၂၆) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ
- ရှမ်းပြည်နယ်
- 15 June 2026
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြား ရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်း စင်တာ၌ (၁၅-၆-၂၀၂၆) ရက်နေ့တွင် တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်း (၁/၂၀၂၆)နှင့် မော်တော် ဆိုင်ကယ်စက်ပြင်သင်တန်း(၂/၂၀၂၆) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်းမှ သင်တန်းသူ များအတွက် သင်ထောက်ကူပစ္စည်းများကို ပြည်နယ်ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မိုင်နှင့် ပြည်နယ်အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ တို့ကလည်း ကောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ကယန်း(ခ) ပဒေါင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်နှင့် ပြည်နယ်လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင် တို့ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား/ သူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။
အဆိုပါ တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းတို့ကို (၁၅-၆-၂၀၂၆) မှ (၁၄-၇-၂၀၂၆) အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ဗမာ၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ယင်းကြား၊ လီဆူ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်း (၁) ခုလျှင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။