ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

10 JUL

တိုင်းရင်းသားရေးရာနှင့် ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” အခမ်းအနားကို မကွေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • မကွေးတိုင်းဒေသကြီး
  • 10 July 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားရေးရာနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၇-၇-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ၊ အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီး ဝဏ္ဏကျော်ထင် ဦးထွန်းခင်နှင့် မကွေးတိုင်းဒေသကြီး အခြေခံပညာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာကျော်စိုးနိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်‌ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်း ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားမှူး ဦးရန်လင်းအောင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိဖြူခိုင်၊ မကွေးမြို့နယ် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲမှူးကျော်လင်းတို့က အသီးသီးအသိပညာပေး ဟောပြောခဲ့ကြရာ ကျစ်စုံပွေးကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူများနှင့် ဒေသခံ များ (၁၆၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ကာ မှန်ကန်စွာဖြေဆိုနိုင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားပစ္စည်းများကို ကျောင်းတာဝန်ရှိသူထံ ပေးအပ်ခြင်း၊ ဧည့်သည်တော်များအား အမှတ်တရလက်ဆောင် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။