ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

10 FEB

တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးခြင်းအစီအစဉ်ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်ခြင်း

  • ကရင်ပြည်နယ်
  • 10 February 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးကဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာ အခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးခြင်းအစီအစဉ်ကို (၁၀-၂-၂၀၂၆) နေ့တွင် ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်း၊  ဘားအံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးဝင်းတင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်သူဇာ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဘားအံခရိုင်ဦးစီးဌာနမှူး ဒေါ်စိုးစိုးအေး၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဘားအံခရိုင် ဦးစီးဌာနမှူး ဦးကျော်ဆန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်တို့က အသီးသီး အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြပြီးနောက် ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကရင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် မေးခွန်းစစ်တမ်းများကို တက်ရောက်လာသူ (၁၁၀) ဦးအနက်မှ (၁၀၀) ဦးအား ကောက်ယူခဲ့ကြောင်း သိရသည်။