အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ်
- ရခိုင်ပြည်နယ်
- 23 December 2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များ အတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို (၂၃-၁၂-၂၀၂၅)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ချီးမြှင့်ခြင်း၊ သင်တန်းတွင် သင်ကြား ပို့ချခဲ့သည့် သင်တန်းနည်းပြ ဆရာမများအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် လက်မှတ်ပေးအပ်ခဲ့ ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တရားလွှတ်တော် တရားသူကြီး(၁)က သင်တန်းဆင်း သင်တန်းသူများကိုယ်စား သင်တန်းသူ (၃)ဦးတို့အား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ပြီး၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီးနောက် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခြေခံစက်ချုပ် သင်တန်းကို (၁) လကြာ သင်ကြားပို့ချခဲ့ပြီး ရခိုင် (၂၇)ဦး၊ ချင်း(၂) ဦး နှင့် မရမာကြီး(၁)ဦးစုစုပေါင်း(၃၀)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရပါသည်။