ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက် (၈:၀၀) အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး စောလင်းခယ်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူများနှင့် Azalea Stars အကအဖွဲ့တို့က တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ပါသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းသား ရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ပုံနှိပ်ထုတ်ဝေသော မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဧပြီလ ၂၃ ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများ၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ရခိုင်/ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မန်းသိန်းကျော်က စာအုပ်ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအသီးသီး ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းသားရိုးရာအကသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန(၂) ခုမှ အရာထမ်း၊ အမှုထမ်း များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက သင်တန်းဖွင့်လှစ်မည့် အစီအစဉ် အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တိုင်းရင်းသားရိုးရာ အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ (၁၅)ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ကရင်၊ရခိုင်နှင့် ချင်း တိုင်းရင်းသားသင်တန်းသူ (၄၈) ဦး တက်ရောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးနှင့် ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဗမာတိုင်းရင်းသားရိုးရာနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အခမ်းအနားကို မြူမှောင်ဝေကင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက နှစ်သစ်ကူး အကြိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် ယဉ်ကျေးမှုအဖွဲ့မှ အတာင်္ကြန် တေးသီချင်းများဖြင့် ဖေျာ်ဖြေခဲ့ပြီး၊ ဗမာသိုင်း အကျော်အမော်များမှ ဗန်တို၊ ဗန်ရှည် သိုင်းပညာ၊ ဝါးရင်းတုတ်သိုင်းပညာ၊ ဓားသိုင်းပညာရပ်များအား သရုပ်ပြတင်ဆက်ခဲ့ပြီး ရိုးရာခြင်းလုံးပညာရှင်များမှ ဗမာ့ရိုးရာခြင်းလုံးအားကစားနည်းအား အလှပြတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ကပြဖျော်ဖြေသရုပ်ပြခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ထောက်ပံ့ ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော တိုင်းရင်းသား မိသားစုများက မန်းတောင်ရိပ်ခို တေးသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ကရင်စာပေနှင့်ယဉ်ကျေးမှု အသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ(TA)နှင့် တိုင်းရင်းသား ဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ (၁၀)ရက်နေ့တွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်းသူဆရာ၊ ဆရာမများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကရင်နှင့် ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌများမှ သင်တန်း၏ အားသာချက်၊ အားနည်းချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာသင်ထောက်ကူ Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT)ဆရာ၊ ဆရာမ(၁၇၃)ဦးအတွက် ဆန်၊ ဆီ၊ အားလူးနှင့် ကြက်သွန်များ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။ ထို့နောက် မွမ်းမံသင်တန်းတက်ရောက်ခဲ့ကြသည့်(TA/LT) ဆရာ၊ဆရာမများက ကရင် တိုင်းရင်းသားရိုးရာ စကောအကဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသားရိုးရာ ယိမ်းအကဖြင့် လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီ အရှိုချင်းစာပေဆရာဖြစ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် မြန်အောင်မြို့နယ်၊ ရေတာကျေးရွာ၊ အ.လ.က-ဘန့်ဘွေးကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ တာဝန်ခံအရာရှိနှင့်အတူ အမှုထမ်းများ၊ သက်ဆိုင်ရ ဌာနများမှ တာဝန်ရှိသူများ၊ ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို အရှိုချင်းတိုင်းရင်းသားသဘာပတိကြီးက အမှာစကားပြောကြား၍ စတင် ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားရေးရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် နှင့် အတွင်းရေးမှူးက အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်လျာထားချက်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အရှိုချင်းတိုင်းရင်းသူများက ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဒေသခံအရှိုချင်းတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ငပုတော၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ် (၄) မြို့နယ်ရှိ အရှိုချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၅၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ကို (၂) ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းသားအားလုံး အခြေခံအားဖြင့် တက် မြောက်ပြီဟု ယုံကြည်ပါကြောင်း၊ ပထမအကြိမ်သင်တန်းကို အားရပါကြောင်း၊ ယခု အကြိမ်တွင် လည်း ထိုကဲ့သို့ဖြစ်မည်ဟု ထင်မြင်ယူဆပါကြောင်း၊ “ပညာလိုအိုသည်မရှိ” ဆိုသည့် စကားပုံ အတိုင်း လေ့လာဆည်းပူးနေကြရန်လိုပါကြောင်း၊ ယခုမော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းမှ စ၍ အင်ဂျင်သဘောတရားနားလည်သွားပြီး မော်တော်ယာဉ်များပြင်ဆင်နိုင်သည်အထိ အထောက် အကူပြုနိုင်ပါကြောင်း၊ သင်တန်းမှပညာရပ်များကိုမမေ့ကြရန်နှင့် အပတ်တကုတ် ကြိုးစားအား ထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားခဲ့ပါသည်။ထို့နောက် သင်တန်းဆင်းလက်မှတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန် ရှိသူတို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ တို့ကို ပေးအပ်ခြင်း၊ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၃-၂၀၂၄)ရက်နေ့မှ (၅-၄-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဘာသာသင်ထောက်ကူ (TA)နှင့် တိုင်းရင်းသားဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူးနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ရာ ကရင်၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ဥက္ကဌများက လက်ခံခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေပေးအပ်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ လက်ခံခဲ့ပါသည်။ ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာ ဝါးညှပ်အက၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းရိုးရာယိမ်းအက၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ယဉ်ကျေးမှုအဖွဲ့မှ အကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်နှင့် ရှမ်း တိုင်းရင်းသားဘာသာစာပေသင်(TA/LT)ဆရာ၊ ဆရာမ (၁၁၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကယားနှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် Bakery & Snack အမျိုးအမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဤအဆောက်အဦ ကို ဆောက်လုပ်ခဲ့ပါကြောင်း၊ ဤသင်တန်းစင်တာတွင်ဖွင့်လှစ်မည့် သင်တန်းများကိုလည်း ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှရရှိသည့် ရန်ပုံငွေများပေါ်မူတည်၍ ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ်မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်လှစ် ပေးခဲ့ပြီး ယခုဒုတိယအကြိမ်ထပ်မံဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အခြေခံကွန်ပျူတာသင်တန်း တစ်ကြိမ်လည်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းသည်လည်း သင်တန်းသား၊ သင်တန်းသူများအတွက် အကျိုးစီးပွားဖြစ်ထွန်း စေမည့် အသေးစား၊ အလတ်စားကုန်ထုပ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလသည် ရက်သတ္တ(၁)ပါတ် ဖြစ်သော်လည်း မုန့်ပြုလုပ်နည်း (၂၁) မျိုးသင်ကြားပေးနိုင်သည့်အပြင် တက်ရောက်လာသည့်သင်တန်းသားသူများသည်လည်း ဉာဏ်ကွန့်ပြီးတီထွင်ကြံဆ ကြိုးစားသင်ယူကြသည်ကိုတွေ့ရပါကြောင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တတ်ကျွမ်းသည့် ပညာရှင်များ လာရောက်သင်ကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တိုင်းရင်းသားများအတွက် အကျိုး ပြုမည့်အခြားသင်တန်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖွင့်လှစ်ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း၊ နောင်တွင်ရပ်ဝေးမှ သင်တန်းသားများပါ ပါဝင်တက်ရောက်နိုင်ရန် ထပ်မံ ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများက သင်တန်းမှ သင်ကြားပေး သည့်မုန့်အမျိုးအစားများအားလုံးကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေသည်ကို တွေ့ရသည့် အတွက် များစွာ ကျေးဇူးတင်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်၊ သင်တန်းနည်းပြဆရာမများ အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှပေးအပ်သည့် ထောက်ပံ့ပစ္စည်းများအား တက်ရောက် လာသည့် သင်တန်းသား၊ သင်တန်းသူများထံသို့ ပေးအပ်ခြင်း၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်း အနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၂-၃-၂၀၂၄)ရက်နေ့မှ (၂၈-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကယား၊ ဗမာ၊ လားဟူ၊ ဓနု၊ ပလောင် စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရခိုင်တိုင်းရင်းသားစာပေဆရာဖြစ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း ပုသိမ်မြို့၊ မဟာရံသီ ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ရခိုင်တိုင်းရင်းသားဘာသာ စာပေသင် TA/LT ဆရာ၊ ဆရာမများ၊ ကရင် နှင့် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဦးအောင်ဘသိန်းက သင်တန်းသား/သူများကို အားပေးတိုက်တွန်းစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းသည့် ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခြင်း၊ သင်တန်းသား/သူများကိုယ်စား သင်တန်းသား(၂)ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခြင်း နှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို ပုသိမ်၊ ငပုတော၊ ဖျာပုံ နှင့် လပွတ္တာ မြို့နယ် (၄)မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၉၅) ဦး တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီကရင်စာပေသင်ကြားရေး ဆရာ၊ ဆရာမများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မရမ်းချောင်း၊ ကက်သလစ်သာသနာဝင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ကရင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပိုးကရင်စာပေသင် နည်းပြဆရာကြီး မန်းစမ်းစန် နှင့် စကောကရင်စာပေသင် နည်းပြ ဆရာမကြီး နော်မေဆက် တို့က သင်တန်းသားများအား နည်းစနစ်မှန်ကန်စွာပြန်လည်သင်ကြားပို့ချ နိုင်ရေးအတွက် လိုအပ်သည်များမှာကြား၍ အားပေးတိုက်တွန်းစကားပြောကြားခဲ့ပြီး သင်တန်းသား များကိုယ်စား သင်တန်းသား(၁)ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း နှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၆)ရက်တာကာလအတွင်း ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီး မြို့နယ် (၂၆)မြို့နယ်ရှိ ပိုးကရင် နှင့် စကောကရင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၇၅) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ကျင်းပဆောင်ရွက်သည့် “တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲ” ကို (၂၁-၃-၂၀၂၄) ရက်နေ့တွင် ဦးစီးဌာနညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်းလုံးလုံးဖြင့် စုပေါင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာ ဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့်အခမ်းအနားများကို အစဉ်အလာမပျက်ကျင်းပနိုင်စေရန် ဆောင်ရွက်ပေး လျက်ရှိပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ TA/LT ဆရာ၊ ဆရာမ ၆၃၀ ဦး ထပ်မံခန့်ထားနိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာ သင်ကျောင်း ၁၂၆ ကျောင်း ကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ဘာသာသင်ဆရာ၊ ဆရာမများကလည်း ကလေးငယ်များ ပညာရေးကောင်းမွန်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ပေးကြရမှာဖြစ် ပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အပြန်အလှန်အကြံပြု ဆွေးနွေးကြရန်လိုပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွားဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်မှ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ အတူတကွလက်တွဲဖော်ဆောင်ကြစေလိုကြောင်း တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဒုတိယပိုင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြားခဲ့ပြီး ပုသိမ်တက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ ဒေါက်တာမြင့်ကြည်သိန်းက မြန်မာစကား၊ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင် ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားများ၏ စကား၊ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်း မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဗမာ၊ ကရင်၊ ရခိုင်၊ ချင်းတိုင်းရင်းသားများက အုပ်စု(၄) စု ခွဲ၍ ဆွေးနွေးခြင်းနှင့် ဦးစီးဌာန(၂)မှ တာဝန်ခံအရာရှိများက ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
(၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို (၂၄.၃.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၏ ၂၀၂၄ခုနှစ်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွက် ပေးပို့လာသည့် သဝဏ်လွှာကို ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)တိတိအား ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးခွန်မင်းအောင်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၆-၃-၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့်လူမျိုးပြုန်းစေမှုတားဆီးရေး သိမှတ်ဖွယ်ရာများနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမေက ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့် အကြောင်းအရာများ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူး ဦးလှမျိုးနွယ်က မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ကောက်ပဲသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၆၁)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက် လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါ သည်။ အခမ်းအနားသို့ မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက်သည့် “အခြေခံဖုန်းပြုပြင်ခြင်းသင်တန်း” ဆင်းပွဲအခမ်းအနားကို (၂၃-၃-၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်နှင့် သင်တန်းနည်းပြဆရာ ဦးသန်းလှိုင်တို့က သင်တန်းဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းတွင် ထူးချွန်ဆု ရရှိသူ သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်က သင်တန်း နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။အဆိုပါသင်တန်းကို (၄-၃-၂၀၂၄) ရက်နေ့မှ (၂၃-၃-၂၀၂၄) ရက်နေ့အထိ သင်တန်းသား/ သူ (၁၇) ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ဖုန်း Hardware ပိုင်းနှင့် Software ပိုင်း ပြုပြင်နည်း များကို စာတွေ့လက်တွေ့သင်ကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်