ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို (၂၉.၈.၂၀၂၄) ရက်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင် ရာများ၊ ကရင်၊ အရှို(ချင်း)၊ မွန်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကရင်တိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က ကရင်ဖားစည်အား (၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းဖြစ်ပေါ်လာပုံနှင့် ပတ်သက် ၍ ကရင်တိုင်းရင်းသားဘာသာစာပေသင် ဆရာမတစ်ဦးက ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သရက်ကုန်း၊ ညောင်အင်း၊ ပျဉ်းမငူကျေးရွာများမှ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူ လေးများက ဖဲကြိုးကျစ်အက၊ ကရင်ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်၍ လက်ချည်ဖွဲ့ပစ္စည်း များနှင့် ဘိုးဘွားများ သတ်မှတ်နေရာများတွင် နေရာယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများအား ချည်ဖြူဖွဲ့ပေးကြပြီး ကရင်အဘိုးအဘွားများအတွက် ထောက်ပံ့ငွေအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ငွေအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ကရင် ရိုးရာအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား တက်ရောက်လာကြ သူများအား နေလယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနားအစီအစဉ်တွင် ကရင်ရိုးရာဒုံးအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန်
ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေး စာပေဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.လ.က(ခွဲ)မိန်းမလှကျွန်းကျောင်း၌ ဩဂုတ်လ(၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားနှင့် “လူငယ်နှင့်စာပေ ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး က “လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်ချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဟောပြော ပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊ အဖြေ ပြုလုပ်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.လ.က(ခွဲ)မိန်းမလှ ကျွန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန်
ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ဖဲကတာ)ကျောင်း၌ ဩဂုတ်လ(၂၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များအား အသိ ပညာရရှိစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေယဉ်ကျေးမှု” အကြောင်းအရာကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင် ချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူး ဒေါ်နော်အောလျဖောက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ဆက်လက်ပြီး ဟောပြောပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊အဖြေများ ပြုလုပ်ခဲ့ကြပါသည်။ထို့နောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ဖဲကတာ)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားစင်တာ၌ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကြောင်း ပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို အချင်းချင်းဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်၊ မဲခေါင်ဒေသတွင်း နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကိုလျှော့ချရန် ရည်ရွယ်ချက်များဖြင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို ဖွင့်လှစ်တည်ထောင်၍ မော်တော်ဆိုင်ကယ်စက်ပြင်၊ အခြေခံကွန်ပျူတာ၊ Bakery & Snack မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ၊ လူသုံးကုန် အမျိုးမျိုးထုတ်လုပ်မှုနည်းပညာနှင့်ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းစသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာအစည်အဝေးခန်းမ၌ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၅/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ကွန်ပျူတာအဆင့်မြင့်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်၍ ယခုသင်တန်းစင်တာမှ ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများကို ပြန်လည်အသုံးချနိုင်စေရန်နှင့် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများအနေဖြင့် ဌာနရှိကွန်ပျူတာများကို ပြုပြင်ထိန်းသိမ်းနိုင်ရန် ပြင်ပမှသင်တန်း သားများအနေဖြင့်လည်း လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ပါကြောင်း၊ E-Government စနစ်လည်ပတ်နိုင်စေရေးအတွက် ကွန်ပျူတာများသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ သင်တန်းဆရာများမှ ပို့ချလိုက်သည့်သင်ခန်းစာကို သေချာစွာလေ့လာမှတ်သားရန် မျှော်လင့်ပါကြောင်းနှင့် မမေ့မလျော့ပဲဆက်လက် အသုံးချစေလိုကြောင်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းနှင့်ပတ်သက်၍ ပြောကြားလိုသည်မှာ မော်တော်ဆိုင်ကယ်သည် သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ယခုဖွင့်လှစ်မည့်သင်တန်း၌ လက်တွေ့ဆောင်ရွက်သည့် လုပ်ငန်းများတွင် သင်တန်းသားများမှကိုယ်တိုင်ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါသဖြင့် လေ့လာအားထုတ်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခင်ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် သင်တန်းသားများမှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသည်ကို တွေ့ရှိရပါကြောင်း သင်တန်းအားပြီးဆုံးအောင် တက်ရောက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခြင်း၊ သင်တန်းဆင်း သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူတင်စကားပြောကြားခြင်း၊ သင်တန်းတက်ရောက်မည့် သင်တန်းသားသင်တန်းသူများမှ အသီးသီးမိတ်ဆက်စကား ပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၄)ကို (၅-၈-၂၀၂၄) ရက်နေ့မှ (၁၄-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်း၊ ဓနု၊ ကချင်နှင့် လားဟူစသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသူ/သားများ စုစုပေါင်း(၂၀) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၅/၂၀၂၄)တွင် သင်တန်းသား စုစုပေါင်း (၂၀) ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။အဆိုပါသင်တန်းစင်တာတွင် သင်တန်းများကိုဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသား သင်တန်းသူ (၂၄၀) ဦးအား ဖွင့်လှစ်သင်ကြားမွေးထုတ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် အခြေခံလူသုံးကုန်အိမ်သုံးဆပ်ပြာအမျိုးမျိုး ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရ အဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊ တစ်ရွာထုတ်ကုန် တစ်မျိုးထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များ ပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝကို အထောက်အကူပြုစေရန်နှင့် ဈေးကွက်ဝင်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၅-၈-၂၀၂၄) ရက်နေ့မှ (၉-၈-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲ့မြို့၊ ဒိုင်းပြ ကျေးရွာမှ သင်တန်းသူ၊ သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိကာ ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည် နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ၊ ပအိုဝ်းဓမ္မာရုံ၌ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ် ၁:၀၀ နာရီတွင် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊ တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားကို အထောက်အကူပြုစေရန်နှင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကျေးရွာတွင်ထွက်ရှိသောအသီးအနှံများကို လေလွင့်မှုနည်းပါးပြီး ဈေးကွက်ဝင်စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ သင်တန်းထောက်ပံ့ငွေနှင့် သင်တန်းအတွက် လိုအပ်သောထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါအခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၇) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထီလုံကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိကာ သစ်သီးယိုမျိုးစုံ၊ သစ်သီးဖျော်ရည်၊ နှမ်းယို၊ မြေပဲယိုနှင့် သစ်သီးဂျယ်လီအမျိုးမျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်စိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ဌာနဆိုင်ရာမှ ဧည့်သည်တော်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ကော့ကျိုက်)ကျောင်း၌ ဩဂုတ်လ(၁၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များအား အသိ ပညာရရှိစေရန်ရည်ရွယ်၍ “လူငယ်နှင့်စာပေယဉ်ကျေးမှု” အကြောင်းအရာကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုမိုမောင် က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးအသီး ဟောပြော ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ဆက်လက်ပြီး ဟောပြောပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊အဖြေများ ပြုလုပ်ခဲ့ကြပါသည်။ထို့နောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ကော့ကျိုက်)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ဩဂုတ်လ (၉) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ခွဲ) ကမော့ကစင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး က လူငယ်နှင့်စာဖတ်ခြင်း အကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နော်အော်လျဖောက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ဟောပြောပို့ချခဲ့သည့် ဆရာ၊ ဆရာမများနှင့် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ခွဲ)ကမော့ကစင်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ် သည့် ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၅) ရက်နေ့က အေးသာယာမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် ဤရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ၌သာမက အခြားဖွင့်လှစ်သည့် သင်တန်းတိုင်း၌ တစ်ဆင့်မြင့်သည့် သင်တန်း များကို ထပ်မံသင်ယူလေ့လာကြရန် မှာကြားခဲ့ပါကြောင်း၊ သို့မှသာ Capacity Building မြင့်လာပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ပိုမိုလွယ်ကူလာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေ များဖြင့် သင်တန်းများအား ဖွင့်လှစ်ပေးနေပါကြောင်း၊ သင်တန်း သား/သူများအနေဖြင့် မျိုးဆက်သစ် များအား အခွင့်အလမ်းသာလျှင်သာသလို ယခုကဲ့သို့ ဖွင့်လှစ်သည့်သင်တန်းများသို့ ညွှန်းပို့ပေးစေ လိုပါကြောင်းနှင့် သင်တန်းသား/သူအချင်းချင်း စည်းစည်းလုံးလုံးဖြင့် သင်ကြားသင်ယူကြစေလို ပါကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အခြေခံကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်၍ မိမိအသုံးပြုသည့်ကွန်ပျူတာကို ပြုပြင်တတ်စေရန် ယခုကဲ့သို့ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်းကို ထပ်မံဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများသာမက အခြေခံအဆင့်တက်ရောက် ခဲ့ပြီးသည့် သင်တန်းသားများ ပါဝင်ပါကြောင်း၊ နိုင်ငံတော်မှ E-government စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေသည့်အတွက် E-government စနစ်သို့ပြောင်းလဲရာတွင် ကွန်ပျူတာ ကို အသုံးချရန်အတွက်သာ တတ်မြောက်ပြီး ပျက်စီးမှုကိုမသိရှိလျှင် လုပ်ငန်းစဉ်နှောင့်နှေးနိုင်သည့် အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန် နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့ အသုံးချနိုင်အောင် သင်ယူရန်နှင့် ဆရာများအနေဖြင့်လည်း အုပ်စုများစုဖွဲ့၍ လေ့ကျင့်သင်ကြား ပေးစေလိုပါကြောင်း၊ သင်တန်းပြီးမြောက်သည့်အခါ ဌာနတွင်းနှင့်ပြင်ပတွင် အသုံးချနိုင်သည့်အတွက် အထူးအလေးထား သင်ယူစေလိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အထူးလိုက်နာသင်ယူကြစေ လိုပါကြောင်းဖြင့် အမှာစကားပြောကြားပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတို့မှ တာဝန်ခံအရာရှိများ ကပေးအပ်ခြင်း၊ သင်တန်းသားသင်တန်းသူများမှ အသီသီးမိတ်ဆက်စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၄)ကို (၅-၈-၂၀၂၄) ရက်နေ့မှ (၁၄-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှှမ်းပြည်နယ် အတွင်းရှိ ပအိုဝ်း၊ ဓနု၊ ကချင်နှင့် လားဟူစသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သားများ စုစုပေါင်း(၂၀)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ကရင်ပြည်နယ်အတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသား လူမျိုးများ တိုင်းရင်းသားရေးရာ အသိပညာတိုးပွားစေရန်နှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၆-၇-၂၀၂၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမော့ကချူးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသားလူမျိုးများ သိရှိစေရန် အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးသူက ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား (၁၀၀) ဦး ဖြေဆိုခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ် သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၄/၂၀၂၄)၊ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၄)၊ Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၄)၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းအမှ3တ်စဉ်(၁/၂၀၂၄)၊ Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄)သင်တန်းများဆင်းပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နေ့က အေးသာယာမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က အမှာစကားပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို တို့ကရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သူများ အား ပေးအပ်ခဲ့ပါသည်။ထို့နောက်သင်တန်းမှထွက်ရှိသည့် မု့န်နှင့် လူသုံးကုန်ပစ္စည်းများခင်းကျင်း ပြသထားမှုများကို လှည့်လည်ကြည့်ရှုရာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများမှ ကုန်ပစ္စည်းများ နှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။အဆိုပါသင်တန်းများတွင် ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ထနော့၊ ဗမာ စသည့် တိုင်းရင်းသား မျိုးနွယ်စုများမှ သင်တန်းသား/သူစုစုပေါင်း(၁၀၁)ဦး တက်ရောက် သင်ကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော “ဂဟေဆက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၆-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကေျးရွာ၊ ကရင်စာပေနှင့်ယဉ်ကေျးမှုရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးရဲတင့်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုး နှင့်အဖွဲ့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ထွန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ကွမ်းခြံကုန်းမြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၂) ဦးရဲတင့်မှ သင်တန်းသားများအား အားပေးစကားပြောကြားခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုးက သင်တန်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြာခြင်းများဆောင်ရွက်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။“ဂဟေဆက်သင်တန်း” ကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကျေးရွာ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုရုံးတွင် (၁၆-၇-၂၀၂၄) ရက်နေ့မှ (၃၀-၇-၂၀၂၄) ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် (၁၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကာ တိုင်းရင်းသားရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများပြသခြင်း အခမ်းအနားကို (၃-၇-၂၀၂၄)ရက်နေ့က တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရှမ်းပြည်နယ်မှ ကြီးကြပ်၍ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးကြီးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား(၈)မျိုးနှင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းလုံ၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ ထနော့၊ ကိုးကန့်၊ လီဆူ၊ ယင်းကြား၊ ယင်းနက်၊ အာခါ၊ လားဟူ၊ ကွီ၊ အဲန်၊ တိုင်းမောဝ်(ခ)မောဝ်ရှမ်း၊ ဂုံရှမ်း၊ တိုင်းလွယ်(ခ)ပလန်၊ တိုင်းနေ၊ တိုင်းလိ(ခ)တိုင်းလေ့၊ “ဝ”၊ ပလောင်၊ မြောင်ဇီး တိုင်းရင်းသားမျိုးနွယ်စု (၂၂)စု စုစုပေါင်း (၃၀)စုတို့၏ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများအား ပါဝင်ပြသခဲ့ပါသည်။ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများတွင် ပါဝင်ပြသခဲ့ကြသည့် တိုင်းရင်းသားမောင်မယ် များအား ဂုဏ်ပြုချီးမြင့်ငွေကျပ် ၂,၀၀၀,၀၀ဝိ/-(ကျပ်သိန်းနှစ်ဆယ်တိတိ/-)အားပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူး ဖွင့်လှစ်သည့် “Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာ မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေး ပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသား/သူများအား ပေးအပ်ခဲ့ ပါသည်။ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းစင်တာ ၌ သင်တန်းသား/သူများ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။သင်တန်းကို (၁၀-၇-၂၀၂၄)ရက်နေ့မှ (၁၇-၇-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရှှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ထနော့ စသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသား/သူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။ဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် မာရဝိဇယရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။ထို့နောက် ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့က ဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်း ဆောင်ရွက် နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကိုပြသသည်။ယင်းနောက် လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြှော်ကြည့်ညိုကြပြီး ရတနာဆင်ဖြူတော် အဆောင်ရှိဆင်ဖြူတော်များအား အစာကျွေးကြကာအမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူကြသည်။ ဆက်လက်၍ လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သို့ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့်တာဝန်ရှိသူများကရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လေ့လာရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကျေးဇူးတင် စကားပြောခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန်