ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် မအူပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ မအူပင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားတောင်သူများ စုစုပေါင်း (၁၅၂)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကို လည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assitant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမ များခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသန်းသန်းအေးက မွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်း ထိခိုက်နစ်နာမှု လျှော့ချနိုင်ရေး၊ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ ခြောက်သွေ့သောကာလတွင် တိရစ္ဆာန် အစာ ရှားပါးမှု ပြဿနာအတွက် မြက်ချဉ်ဖတ်ပြုလုပ်နည်းများ၊ တိရစ္ဆာန်မှ လူထံကူးစက်ရောဂါများ ဖြစ်ပွားမှု မရှိစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် သယ်ဆောင်ခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် ကိစ္စရပ်များကို အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံမွေးမြူရေး တောင်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား၍ မွေးမြူရေးဆိုင်ရာလက်ကမ်း စာစောင်များကို ဝေငှခဲ့ပါသည်။ထို့နောက် ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်သိန်းမြင့်က လူသားများအားလုံးအတွက် အာဟာရပြည့်မီသော နို့ထွက်ပစ္စည်းထုတ်ကုန် များ ပိုမိုထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များမှ နိုင်ငံခြားဝင်ရရှိရေး၊ တိရစ္ဆာန်အစာအတွက် မြက် အမျိုးအစားများ၊ ပဲမှော်များအကြောင်း၊ ဒေသရာသီဥတုဒဏ်ခံနိုင်သည့် ဒေသပေါက် မျိုးကောင်း၊ မျိုးသန့် နွားများမွေးမြူရေးတို့ကို အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဝင်းက တိုင်းဒေသကြီးအတွင်းရှိ ငါးမျိုးစိတ်များအကြောင်းနှင့် ရေသယံဇာတများ ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်ကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးဌာနခွဲ တာဝန်ခံ ဒေါ်ကြည်ကြည်ဝင်းက သီးနှံပင်များ စိုက်ပျိုးရေးအတွက် မြေဆီလွှာအရေးပါပုံနှင့် လိုအပ်သော အာဟာရဓါတ်(၁၇)မျိုးအကြောင်း၊ မြေဆွေးပြုလုပ်ပုံနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးနည်းနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ မြေအချဉ်အငန် အကြောင်းနှင့် မြေပြုပြင်နည်းစနစ်များ၊ ထုံးထည့်သွင်းနည်းနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ နုံးထည့်သွင်းခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ မေးမြန်းသိရှိလိုများကို ရှင်းလင်းပြောကြား၍ စိုက်ပျိုးရေးဆိုင်ရာလက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့ဌာနခွဲ တာဝန်ခံ ဒေါ်ကြည်မာစန်းက မျိုးကောင်း မျိုးသန့်ထုတ်လုပ်ရေး၏ အခြေခံအချက်ဖြစ်သော မျိုးစေ့၊ မျိုးဆန်၏ အဓိပ္ပာယ်နှင့် စပါးမျိုးအဆင့် သတ်မှတ်ချက်များ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးပုံနည်းစနစ်များနှင့် လိုက်နာ ဂရုပြုရမည့်အချက်များ၊ မျိုးကွဲများ လျှော့ချစိုက်ပျိုးရေးနှင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပုံနည်းအဆင့် ဆင့်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ ဆွေးနွေးမေးမြန်းချက် များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒေါ်အေးသန္တာချိုက စပါးသီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် စတင်စိုက်ပျိုးမည့်အချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ဖျက်ပိုး ရောဂါများကြောင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး၊ မျှော်မှန်းထားသည့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန် အတွက် မျိုးစေ့စီရင်ခြင်းနည်းလမ်းများနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ပေါင်းမြက်နှင့်သီးနှံ ယှဉ်ပြိုင် သည့်ကာလများတွင် ပေါင်းမြက်ကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ရန် ပေါင်းအမျိုးအစား ခွဲခြားခြင်းနှင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းများ၊ စပါးသီးနှံ သက်တမ်းတစ်လျှောက်တွင် ကျရောက်ဖျက်ဆီးလေ့ရှိသော အင်းဆက်ဖျက်ပိုးများ၏ ဖျက်ဆီးပုံများ၊ အပင်ရောဂါလက္ခဏာများနှင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းများ၊ တောင်သူအကျိုးပြု သဘာဝမိတ်ဆွေပိုးများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဓါတုပိုးသတ်ဆေး အသုံးပြုရာ တွင် ထိရောက်စွာဖြင့် အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်စေရန် ပိုးသတ်ဆေးစနစ်တကျကိုင်တွယ် သုံးစွဲခြင်း နည်းလမ်းများနှင့် သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ များရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် ကရင်(စကော)တိုင်းရင်းသားဘာသာ စာပေသင် TA ဆရာ/ဆရာမများ အတွက် ကရင်စာပေသင်ရိုး G1,G2,G3 Online Teaching လမ်းညွှန်သင်တန်း (၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၅-၄-၂၀၂၃ရက်နေ့(အင်္ဂါနေ့) မွန်းလွဲ ၁၅:၃၀ နာရီအချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး အပေါ်ထပ်အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့များနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ သင်တန်းသား/သူ Teaching Assistant(TA) ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်မှ ကရင်စာပေသင်ရိုး G1,G2,G3 Teaching Guide DVD အခွေများအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ကိုယ်စားလှယ်တစ်ဦးသို့ ပေးအပ်ခဲ့ကာ တိုင်းရင်းသား ရေးရာဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး မွန်းလွဲ ၁၆:၃၀ အချိန်တွင် ဖွင့်ပွဲအခမ်းအနားပြီးမြောက်ကြောင်း ကြေညာခဲ့ ါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် (၁၉-၄-၂၀၂၃) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ် နှင့်အညီ စနစ်တကျအကောင်အထည် ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဌာန်းခြင်းဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်၍ မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များ ဖြစ်ပါကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန် အားထည့်၍ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မိမိတို့ဝန်ကြီးဌာနမှ စီမံကိန်းလုပ်ငန်းစဉ် (၂၄) ခု တင်ပြခဲ့ပြီး ရငွေအနေဖြင့် (၁၀၇၀.၅၇၈) သန်း နှင့်သုံးငွေအနေဖြင့် (၅၄၁၃.၇၀၉) သန်း ကို နိုင်ငံတော်မှ အတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဘဏ္ဍာရေးဆိုင်ရာ အရအသုံးများကို လုပ်ပိုင်ခွင့်အပ်နှင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် စီမံကြည့်ရှုကွပ်ကဲရန်၊ ရရှိလာသည့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ သုံးစွဲရန်၊ (၃) လတစ်ကြိမ် စနစ်တကျ ပြန်လည်အစီရင်ခံ တင်ပြရန် လမ်းညွှန်ထားပါကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာဌာနများအလိုက် ငွေကြေးကိစ္စရပ်များကို လွှဲအပ်ပေးပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် ရငွေများကို ပိုမိုရှာဖွေရန်ဖြစ်ပြီး သုံးငွေများကို ချွေတာသုံးစွဲရန်ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ပင်မအဖွဲ့အစည်းနှင့် အထောက်အကူပြု အဖွဲ့အစည်းဟူ၍ ရှိပါကြောင်း၊ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ လုပ်ငန်းစွမ်းဆောင်နိုင်မှုအင်အားနှင့် အချိန်ကာလတို့ကို စနစ်တကျအသုံးချပြီး အချင်းချင်း အပြန်အလှန် တိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက အခက်အခဲမရှိ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်းဆုံးဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်း ဥပဒေသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်ကို အကောင်အထည်ဖော်ရန် ဝန်ကြီးဌာနတိုင်းတွင် တာဝန်ရှိပြီး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းဥပဒေတွင် ကဏ္ဍ (၁၄) ခုရှိပြီး မိမိတို့ဝန်ကြီးဌာနသည် လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် ပတ်သက်ဆက်နွယ်မှုရှိပါကြောင်း၊ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၅၀၀ လျာထားပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀၀၀ လျာထား ပါကြောင်း၊ နိုင်ငံတော်၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖြစ်ရာ မိမိတို့၏ ထုတ်ကုန်များကို Value added ဖြစ်စေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ MSME စီမံချက်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိမိတို့ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးများက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အထူးပံ့ပိုးကူညီရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအကျိုးစီးပွားသည် အဓိက အရေးကြီးပါကြောင်း၊ ဌစ၊ ရသ စာရင်းများကို သေချာစွာ ပြုစုရမည်ဖြစ်ပြီး လျှပ်စစ်မီးကိုလည်း ချွေတာရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်မျှအထိ နိုင်ငံတော်အတွက် အကျိုးပြုပြီးပြီဆိုသည်ကို သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၂) ခု ရှိပြီး ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှုအောက်တွင် တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ စည်းလုံးညီညွတ်စွာဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် နေထိုင်ရန်ဖြစ်ပြီး ဥပဒေစည်း၏ အပြင်ဘက်သို့ မရောက်ရှိစေရန် ရှောင်ကြဉ်၍ မိမိတို့ဌာန၏ စီမံကိန်း (၂၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ စီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ၃ လ တစ်ကြိမ် ပေးပို့နိုင်ရေးအတွက် Calendar ရေးဆွဲ ပြင်ဆင်ဆောင်ရွက်ထားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးသား စီမံကိန်းများသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နေသည့် အဓိက လုပ်ငန်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏ ဂုဏ်သိက္ခာမညှိုးနွမ်းစေရေး၊ ဆင်ခြင်တုံ တရားရှိစေရေးနှင့် လိုက်နာရမည့် ဝန်ထမ်းသစ္စာအဓိဋ္ဌာန်များ၊ ကျင့်ဝတ်အပါး (၃၀)နှင့်အညီ မိမိတို့၏ ကျရာကဏ္ဍမှ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာဖြင့် လုပ်ငန်းများအောင်မြင်စေရန် ဝိုင်းဝန်းဆောင်ရွက် သွားရန်အထူးလိုအပ်ပါကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဌာနခွဲတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၃:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယဝန်ကြီး၊ ဇနီးနှင့် မိသားစု နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း နှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူး၍ “ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် လပွတ္တာမြို့၊ ရွေးနဒီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၂၇၇)ဦး တက်ရောက်ခဲ့ပါသည်။သင်တန်းတွင် လပွတ္တာခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က မိတ်ဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ အကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဦးစီးဌာန၏ ဆောင်ရွက်ချက်များအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် TA/LT ဆရာ/ဆရာမများ လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက စားနပ်ရိက္ခာ ဖူလုံရေးအတွက် မွေးမြူရေးထုတ်လုပ်မှုတိုးတက်စေရန် နည်းပညာများ၊ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနည်းပညာများ၊ မြက်ချဉ်ဖတ် ပြုလုပ်နည်းများ ကိုလက်တွေ့ပြသခဲ့ပြီး လသားတိရစ္ဆာန်အစာပင် (၅၅၀)နှင့် မြက်မျိုးစေ့(၄)မျိုးကို မွေးမြူရေးတောင်သူများ ထံ ဖြန့်ဖြူးပေးဝေခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ၊ လပွတ္တာခရိုင် သီးနှံကာကွယ်ရေးဌာန ဦးစီးအရာရှိ ဒေါ်ကေသီလွင်က စပါးသီးနှံတွင် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စပါးသီးနှံ တွင်ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးများအား ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနည်း၊ အရေးပေါ်ကုသနည်းများ၊ စပါးဖျက်ရွှေခရုကာကွယ် နှိမ်နင်းနည်းများကို လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ လက်ထောက် သုတေသနအရာရှိ ဦးညီညီထွေးက ဆန်စပါးအထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်း မျိုးသန့် စပါးများစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်စပါးများရရှိရေးနှင့် မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးနည်းစနစ်များအား အသိပညာပေးပြောကြားခဲ့ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရပ်နား ခဲ့ပါသည်။အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က စပါးသီးနှံအထွက်တိုးရေးအတွက် မျိုးရွေးချယ်စိုက်ပျိုးခြင်း၊ မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ရိတ်သိမ်းခြင်း ဆိုင်ရာအကြောင်းအရာများအား အသိပညာပေး ပြောကြား ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲမွေးမြူရေးစခန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာစိုးဦးက ကျွဲ၊ နွား စသည့်တိရစ္တာန်အစာများအတွက် စိုက်ပျိုးနိုင်သော မြက်အမျိုးအစားများနှင့် အစာပင်များအကြောင်း၊ မြက်ချဉ်ဖတ်ပြုလုပ်နည်းများနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက တက်ရောက်လာ သူများအား အမှတ်တရလက်ဆောင် ပေးအပ်၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥ(ပ်)ပူးချင်းလူမျိုးများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့စဉ်လာများကို တန်ဖိုးထားတက်လာကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် “ရိုးရာဂျက်ခုတ်သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၊ ချင်းရိုးရာအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တွဲဖက်တာဝန် ထမ်းဆောင်နေသည့် ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများ၊ ချင်းစာပေနှင့်ယဉ်ကျေးမှု အသင်းမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်သင်တန်းသူများ အပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင်တွဲဖက်တာဝန် ထမ်းဆောင်နေသည့်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းမှ ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ ချင်းရိုးရာဂျက်ခုတ် သင်တန်းဖွင့်လှစ်ပေးသည့်အတွက် မည်သည့်နေရာတွင်မဆို ချင်းရိုးရာ ဂျက်ခုတ်ပညာ ဖြင့် ရက်လုပ်ထားသည့် ချည်တဘက်၊ ချည်အင်္ကျီ အစရှိသည့် အထည် ပစ္စည်းများမှာ စက်ဖြင့်ပြုလုပ်၍ရသော်လည်း လက်ဖြင့် အသေးစိတ်ဖန်တီးပြုလုပ်ရသည့်အတွက် ပိုမို၍ ကြာရှာစွာ အသုံးပြုရသဖြင့် တန်ဖိုးရှိလှပါကြောင်း ရှင်းလင်းပြောကြားခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ(တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်မှ လက်မှုပညာဖြစ်သည့် ရိုးရာဂျက်ခုတ် ပညာအား တက်မြှောက်ပြီးလျှင်ဥ(ပ်)ပူးချင်း လူမျိုးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်မှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပေးမှု အခြေအနေနှင့် ရိုးရာဂျက်ခုတ် သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြောကြားခြင်း၊ ဥ(ပ်)ပူးချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင် ဦးလှမောင်မှ မိမိတို့ ဥ(ပ်)ပူးချင်းရိုးရာ မတိမ်ကောစေရန် ဖွင့်လှစ်သင်ကြားပေးသည့် အတွက် အထူးပင်ကျေးဇူးတင် ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၊ တွဲဖက်တာဝန်ထမ်း ဆောင်နေသည့်ညွှန်ကြားရေးမှူး ဦးမျိုးဝင်း မှ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရ ဓါတ်ပုံ များ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား နေ့လယ် စာဖြင့်တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “ကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့နံနက် (၀၈:၃၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နည်းပညာ အကြံပေး ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေသင်ကြားသည့် TA/LT ဆရာ/ဆရာမများအား ကွန်ပျူတာအသုံးပြုတက်စေရန် စိတ် စေတနာဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည့်အလျောက် ယနေ့ခေတ်ဟာ IT ခေတ် ဖြစ်တာနဲ့အညီ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကို ကိုယ့်ရပ်ရွာကိုယ့်ဒေသရှိ ကိုယ့်လူမျိုးတွေ နောက်ကျ မကျန်ရစ်စေရန် နှင့် သင်တန်းတက်မြောက်ပြီးသော TA/LT ဆရာ/ဆရာမ များကလည်း မိမိတို့ သင်ကြားတက်မြောက်ပြီးဖြစ်တဲ့ ပညာရပ်တွေကို ပြန်လည်မျှဝေသင်ကြားပေးကြပါ၊ တတ်သိပြီး သလောက်နဲ့ ရပ်တန့်မနေဘဲ၊ဆက်လက်လေ့လာသင်ယူကြိုးစားကြပါ၊ ယနေ့ခေတ်မှာ ကွန်ပျူတာ ဟာ လုပ်ငန်းသုံးသာမက နယ်ပယ်ကဏ္ဍအသီးသီးမှာပါ အသုံးပြုနေကြတာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်လူငယ်များအနေနဲ့ မရှိမဖြစ် တက်မြောက်ထားသင့်သည့်ပညာရပ် ဖြစ်ကြောင်း ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နည်းပညာ အကြံပေး ဦးဌေးလင်းမှ IT ခေတ် ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးများကိုလည်း နည်းပညာများ လေ့လာတက်မြောက်စေရန် နှင့် တိုင်းရင်းသား ဘာသာ လက်ကွက်များ အသုံးပြုနိုင်ရန် မိမိတို့နည်းပညာဖြင့် ပြုလုပ်နေပြီဖြစ် ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းနည်းပြ ဦးထွန်းတိမ်လွှာစိုးအား နည်းပြဂုဏ်ပြုငွေကို လည်းကောင်း၊ သင်တန်းသူ/ သင်တန်းသားများ ကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ပါသည်။ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်း နှင့် အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကျင်းပသော “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်း(၁/၂၀၂၃) သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း” အခမ်းအနားကို (၆-၄-၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီ အချိန်တွင် တိုက်ကြီးမြို့နယ်၊ သဲဖြူအုပ်စု၊ ကျောင်းစုကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများနှင့် သင်တန်းသူများအပါအဝင် စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပေးသည့်အခြေအနေနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တိုင်းရင်းသားတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးများတို့ကို ရှင်းလင်းပြောကြားခြင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်း၊နာယက ဦးစောတင်စိုးမှ သင်တန်းသူများအား ယနေ့ခတ်တွင် လက်မှု၊စက်မှု အတက်ပညာ များ တက်မြောက်မှုရှိစေရန်နှင့် မည်သည့်အတက်ပညာမဆို တက်မြောက်မှုရှိလျှင် လိုအပ်လာပါက မည်သည့်နေရာ၌မဆို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခြင်း၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ လက်ထောက်နည်းပြ ဒေါ်ဆုမွန်ကျော်မှ သင်တန်းသူများအား သင်ကြား တက်မြောက်ထားသော ပညာရပ်အား ဆက်လက်လေ့ကျင်ကြစေရန် ရှင်းလင်းပြောကြားခြင်း၊ တိုက်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ဥက္ကဌ ဦးစောနိကယ်က အခြေခံစက်ချုပ် နှင့် မော်တာနင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ သင်တန်းနည်းပြ ဒေါ်ဆုမွန်ကျော်အား နည်းပြဂုဏ်ပြုငွေ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်း၌ ဆုရရှိသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ ဆုချီးမြှင့်ပြီး သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပါသည်။ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ များတွေ့ဆုံ၍ အခြေခံပညာသင်ကျောင်းများမှ တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အတွက် နွေရာသီမွမ်းမံသင်တန်းများ ပြုလုပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအပေါ်ထပ် အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး နွေရာသီမွမ်းမံ သင်တန်းကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လမ်းညွှန်မှာကြား ခဲ့ပါသည်။ ၎င်းနောက် TA/LT ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်(စကော)၊ အရှိုချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့များနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က မြောင်းမြမြို့၊ မြစိမ်းတောင်ဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဒုတိယဥက္ကဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်စွာနေထိုင်ပြီး မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ကြရန်၊ စကားစာပေများကိုလည်း ပညာရေးမူဝါဒကို ထိခိုက်မှုမရှိစေဘဲ သင်ကြားသင်ယူကြစေလို ကြောင်းနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက် စေရန် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်ဌာနများနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်ကြရန် ပြောကြားပါသည်။ ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဌ ဦးစိုးထွန်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် TA/LT လျှောက်လွှာများတင်ရာ တွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးကျော်မိုးဝင်းက မိုးစပါး၊ နွေစပါး အထွက်နှုန်း တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး စိုက်ပျိုးရေး နည်းစနစ်ကောင်းများအား အားလုံးအတူတကွ လိုက်နာကျင့်သုံးရေး၊ ဓါတ်မြေဩဇာများအချိန်မီ အချိန်ကိုက် အသုံးပြုနိုင်ရေး အသေးစိတ်ရှင်းလင်းပြောကြားပြီး ဒေသခံတိုင်းရင်းသားများသို့ စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးထုတ်လုပ်မှုတိုးတက်စေရန် နည်းပညာများအကြောင်း၊ တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ် သော ရောဂါများ၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုနည်းလမ်းများ၊ တိရိစ္ဆာန် အစာပင် စိုက်ပျိုးခြင်းနည်းပညာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်ပေးအပ်ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရပ်နားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာန၊ မြောင်းမြတာဝန်ခံ ဒေါ်ဖြူပြာလွင်က တိုင်းဒေသကြီးတစ်ခုလုံး တစ်ဧက (၁၀) တင်း အထွက်နှုန်း ပိုမို တိုးတက်ရေး၊ ဒေသနှင့်သင့်လျော်ပြီးဈေးကွက်ရှိသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးထုတ်လုပ်နည်း များကို သင်တန်းပေးခဲ့ပြီး မျိုးစပါးများအား လက်တွေ့ပြသခြင်း၊ သဘာဝမြေဩဇာပြုလုပ်နည်းအား လယ်ယာသုံး စွန့်ပစ်ပစ္စည်းများနှင့်သဘာဝ အရင်းအမြစ် အပေါ်အခြေခံ၍ လုပ်ကိုင်ဆောင်ရွက်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးသီဟကျော်က နွားမွေးမြူရေးအစာအတွက် အဟာရပြည့်ဝပြီးအလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသော မြက်အမျိုးအစားများအကြောင်း၊ မြက်ချဉ် ဖတ်ပြုလုပ်နည်းများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်ယဉ်မာက ရွှေခရုမျိုးများပြန့်ပွားမှုမရှိစေရေး နည်းလမ်းများအားတောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တက်ရောက်လာသူများအား လက်ကမ်း စာစောင်များ၊ တိရိစ္ဆာန်အစာပင် (၇၈၀) တို့အား ဖြန့်ဖြူးပေးခဲ့ပြီး မြက်ချဉ်ဖတ်ပြုလုပ်နည်းကို တောင်သူများအား လက်တွေ့ပြသကာ အခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်“MRTV ခါသင်္ကြန် အဆိုအက “အစီအစဉ်တွင် ထုတ်လွှင့်ပြသနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ယိမ်းအဖွဲ့ ပါဝင်ရိုက်ကူးပြီး MRTV စိန်ရတုပြတိုက်တွင် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ (၃၁) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ (၃)ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)၏ သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်များဖြစ်သည့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ဝန်ကြီးဌာန၏ အရေးကြီးလုပ်ငန်းစဉ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ပြီး လိုအပ်သည့်သင်တန်းများကို အလေး ထားဖွင့်လှစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ တနည်းအားဖြင့် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ခြင်းသည် နိုင်ငံတော် ၏ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းကောင်းများကို ပြုစုပျိုးထောင်ခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများကအစပြုပြီး လူ့စွမ်းအားအရင်းအမြစ် ကောင်းများမြောက်များစွာ ပေါ်ပေါက် စေလိုပါကြောင်း၊ သက်ဆိုင်ရာပညာရပ်များတွင်လည်း အဆင့်မီမီ၊ အဆင့်မြင့်မြင့် ကျွမ်းကျင် တတ်မြောက်စေလိုပါကြောင်း၊ ယနေ့ ကွန်ပျူတာနည်းပညာနှင့်ဆက်စပ်ပြီး Artificial Intelligence (AI), Blockchain, Cloud Computing, Data စသည်ဖြင့် ဆန်းသစ်နေသော ပညာရပ်များကို ဆက်လက်လေ့လာသွားရန်နှင့် အစဉ်တစိုက်လေ့လာ ဆောင်ရွက်ခြင်းသည် Lifelong Learning ပင် ဖြစ်သည်ကိုမှာကြားလိုပါကြောင်း၊ အတတ်ပညာတစ်ခုအတွက် သင်တန်းကာလ (၃) ပတ်သည် အင်မတန် တိုတောင်းလွန်းပါကြောင်း၊ သို့သော် သင်တန်းမှ သင်ကြားပေးမှုများအပေါ် အခြေခံပြီး ဆင့်ကာဆင့်ကာ ဆက်လက်လေ့လာ သင်ယူမှုများ၊ လေ့ကျင့်မှုများ လုပ်သွားကြမည်ဆိုပါက မကြာမီအချိန်တွင် ပိုမိုစွမ်းရည်ပြည့်ဝသည့် ဝန်ထမ်း ကောင်းများဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ ကွန်ပျူတာအကြောင်းကို ယခုသင်တန်းဆင်းပြီးသည့်နောက်တွင်လည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် တိုက်တွန်း လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကွန်ပျူတာအခြေခံသင်တန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ်ဖွင့်လှစ်နိုင်ရေး ရည်မှန်းချက်တစ်ရပ်ထားပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ဤသင်တန်းမှ ထူးချွန်သင်တန်းသား (၃) ဦးကို စိစစ် ရွေးထုတ်ပြီး ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး သင်တန်းတစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်အောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ပေးကြသော သင်တန်းမှူး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့်တကွ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းကို မှတ်တမ်းတင်ပြောကြားလိုပါကြောင်း၊ "တတ်ပြီးပညာမလေ့လာ၊ မကြာမရှည်ပျောက်တတ်သည်" ဆိုရိုးအတိုင်း သင်တန်းကပို့ချခဲ့သည့် သင်ခန်းစာများကိုလည်း လက်တွေ့နယ်ပယ်တွင် စဉ်ဆက် မပြတ် ပြန်လည်အသုံးချနိုင်ရေးအတွက် နိုင်ငံတော်ကထုတ်ပြန်ထားရှိသည့် ရုံးလုပ်ငန်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုပြုပြီး ဆက်လက်ကြိုးစားသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း၊ မည့်သည့်ရာထူး၊ မည်သည့်တာဝန်များ ထမ်းဆောင်နေသည်ဖြစ်စေ အချင်းချင်း အပြန်အလှန်လေးစားသင်ယူခြင်း၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြပြီး နိုင်ငံတော်မှထုတ်ပြန်ထားရှိသည့် ဝန်ထမ်းကျင့်ဝတ်များ၊ သစ္စာအဓိဋ္ဌာန် စည်းကမ်းများနှင့်အညီ မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအထိ ရှေ့သို့မြှင့်တင် သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်၍ သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူ အား ဆုချီးမြှင့်ပေးအပ်ပါသည်။ယင်းနောက် ဒုတိယဆုရရှိသည့် သင်တန်းသားအား အမြဲတမ်းအတွင်းဝန်က လည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသူအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရှိ ကွန်ပျူတာသင်တန်းခန်းမသို့ သွားရောက်၍ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ကွန်ပျူတာအသုံးပြုနေမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့သည် ဝန်ကြီးဌာန၏ သက်တမ်း (၇)နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ဆောင်ရွက်နိုင်စေရန် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် (၇)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို အနည်းငယ် ပြောကြားလိုပါကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားရေးနှင့်စပ်လျဉ်း၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ယနေ့အထိ တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ (Teaching Assistant -TA) ၁၄၈၉၃ ဦးနှင့် တိုင်းရင်းသား စာပေသင် ဆရာ၊ ဆရာမ (Language Teacher-LT) ၂၀၀ ဦး၊ စုစုပေါင်း ၁၅၀၉၃ ဦးတို့အား ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ခန့်ထားပေးနိုင်ခဲ့သည့်အပြင် ဘာသာစကား (၇၂) မျိုးအထိ အောင်မြင်စွာ သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုပိုစတာများ၊ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆိုခြင်း၊ ကိုဗစ်- ၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပညာပေးအချက်အလက်များကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆိုခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသားလူမျိုးများ သိရှိနားလည်စေရန် တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရပါကြောင်း၊ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံ၊ ကိုးကွယ် ယုံကြည်မှုနှင့် ပွဲတော်များကို Documentary ရုပ်/ သံ မှတ်တမ်းတင်ခြင်း၊ တိုင်းရင်းသားရိုးရာ အစားအစာဟင်းလျာ(၈)မျိုး ချက်ပြုတ်နည်းအစီအစဉ်များ ရိုက်ကူးခြင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ တိမ်ကောပပျောက်မှုမရှိစေရေးနှင့် အစဉ်တည်တံ့ခိုင်မြဲစေရေးအတွက် တိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု၊ ပုံပြ/ ပုံပြင် စာအုပ်များ၊ စကားထာ စကားပုံ၊ စကားဝှက်၊ စကားလိမ်၊ ဆိုရိုးစာအုပ်များ၊ တိုင်းရင်းသား လူမျိုးများ၏ ဆောင်ရန်၊ ရှောင်ရန်ရိုးရာဓလေ့များနှင့် အတိတ် နိမိတ်စာအုပ်များထုတ်ဝေခြင်း စသည်များကို ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေးအတွက်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း အစီအစဉ်များ၊ တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန် လေ့လာရေးအစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနရှိဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသား အသင်းအဖွဲ့များမှ ပြည်ထောင်စုအဆင့် မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်နိုင်ရန် တင်ပြ လာသည့် အသင်းအဖွဲ့များအား ထောက်ခံချက်ပေးခြင်း၊ တိုင်းရင်းသားများမှ မြေယာကိစ္စများနှင့် ပတ်သက်၍ တင်ပြလာသည့်ကိစ္စများ၊ တိုင်းရင်းသားများ၏ လူမျိုးအမည်၊ လူမျိုးစုအမည်၊ လူမျိုးနွယ်စုအမည်များနှင့် အခြားလိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညှိနှိုင်း ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်စွာသူများအား အခါအားလျော်စွာ ထောက်ပံ့ ပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊ ထောက်ပံ့ငွေပေးခြင်းနှင့် ထောက်ပံ့ငွေ ရရှိနိုင်ရေးများကိုလည်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအနေဖြင့် အထူးသဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုက်နာရမည့် အခြေခံအချက်များဖြစ်သည့် ဝန်ကြီးဌာနက ချမှတ်ထားသည့်မူဝါဒကို မျက်ခြေ မပြတ်စေရန် အထူးလိုအပ်လှပါကြောင်း၊ ဝန်ကြီးဌာန၏ သက်တမ်း (၇)နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို ပြန်ကြည့်မည်ဆိုပါက ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများတို့၏ ဦးဆောင်မှု၊ ဌာနအကြီးအကဲများ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၏ စုပေါင်းလုပ်အားဖြင့် စွမ်းဆောင်နိုင်မှုများ မြင့်မားလာသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများအတွက် ဂုဏ်ယူဝမ်းမြောက်တတ်ရန် လိုအပ်သကဲ့သို့ ရောင့်ရဲမနေဘဲ အခက်အခဲ စိန်ခေါ်မှုများအတွက် ပြန်လည်သုံးသပ်ပြီး နည်းလမ်း ကောင်းများရှာဖွေ၍ ရှေ့လာမည့်အနာဂတ် အချိန်ကာလများတွင် မိမိတို့ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသား များ၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို နိုင်ငံတော်မှထုတ်ပြန်ထားရှိသည့် ဥပဒေနှင့်အညီ ဥပဒေအရ သိရှိနိုင်ရန်နှင့် ရှေးရှုပြီး ဆောင်ရွက်ရန်လည်း အထူးဂရုပြုရန် လိုအပ်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအားလုံး မိသားစု စိတ်ဓာတ်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်တို့ဖြင့် အထက်အောက်အပြန်အလှန် ချစ်ခင်လေးစားခြင်း၊ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်ပြုမူဆက်ဆံကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် မိမိတို့၏ ကိုယ်စီဂုဏ်သိက္ခာ မညှိုးနွမ်းရလေအောင် အထူးအစဉ်သတိပြု နေထိုင်ကြရန်၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးအားလုံးနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ပါရှိသော စစ်မှန်သောမျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ လူမှုရေးဦးတည်ချက်တွင်ပါရှိသော တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓါတ်ကိုအခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနရှိဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး ထုတ်ပြန် ထားရှိသည့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ပေးကြရန်၊ မိမိတို့တိုင်းရင်းသားများ၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို မိမိတို့ ကျရာအခန်းကဏ္ဍမှ ကိုယ်စီလုပ်ငန်းများကို ကျေပွန်စွာဖြင့် ရှေ့ဆက်၍ အားကြိုးမာန်တက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) အခြေခံမူအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ ပေါ်ပေါက်လာပါကြောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဖြစ်ပေါ်လာပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအတွက် အထူး တာဝန်ရှိသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့၏စွမ်းဆောင်ရည်(Capacity Building)ကို အစဉ်အမြဲ မြှင့်တင်နေရန်လိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့်တာဝန် (၃) ရပ် ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀) ပါး ရှိပါကြောင်း၊ ထိုကျင့်ဝတ်နှင့်တာဝန်များကို လိုက်နာကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားမှ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်လည်း မြင့်မားမည် ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်မှုရရှိရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်မြှင့်တင်ရေးကို အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာနရှိ ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအဆို၊ အကများ၊ ခါသင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများအာလုံး နေ့လယ်စာကို လက်ရည် တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်“တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့အကြို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အေးမြရွှေပြည် ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသက ထံမှ ဧည့်ပရိတ်သတ်များက သရဏဂုံ (၃) ပါး နှင့် တကွ (၅) ပါး သီလ ခံယူဆောက်တည်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ နဝကမ္မအလှူတော် ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွား သရဇ္စျာယ် ချီးမြှင့်တော် မူကြပြီး အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြို့မခရစ်ယာန်ဘုရားရှိခိုးကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၂၀၈)ဦး တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူက မိတ်ဆက်စကားပြောကြားပြီး တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခဲ့ကာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ ဆောင်ရွက်ချက်မျာ အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးက မွေးမြူရေးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည့် မျိုးမြှင့်တင်ရေးလုပ်ငန်းများအ ကြောင်း Unit Plan လုပ်ငန်းများ ၊ မြစိမ်းရောင်အသားကဏ္ဍဆောင်ရွက်နေမှု GAHP အကြောင်းတို့ကို အသိ ပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြေအသုံးချမှု၊ မျိုးစေ့ထုတ်လုပ်ရေး ၊ သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုး ရေးနည်းစနစ်သစ်များအကြောင်းနှင့် တောင်သူများသိသင့်သိထိုက်သော အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်များပေးအပ်ပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်