ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသဝေါ်ကျေးရွာ၊ သာနုံးတိုက်ကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးဝင်းတင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူ များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင် စာအုပ် များဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်စန်းစန်းလှိုင်က အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်း အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူမှုရေးပင်စင်၊ လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးပေးအပ်မှု အခြေအနေများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြား ရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၂) ဦးဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၁၇၀)ဦး တို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့သစ်မြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မြတ်သန္တာဝင်း က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ရှေ့လုပ်ငန်းစဉ် များ၊ “အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း” ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဲစုမွန် က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ၊ တားမြစ်ချက် များ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ မြို့သစ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ရင်မိုးက အမျိုးသမီးများအတွက် အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အိဖြူခိုင်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများအကြောင်း နှင့် အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက “ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်း” မေးခွန်းလွှာများအား ရှင်းလင်းပြောကြား၍ စစ်တမ်းကောက်ယူ ခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၀)ဦး ဖြေဆိုခဲ့ကြပြီး နေ့လည်ပိုင်းတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့မေလ(၂၄)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်၊ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင် စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့သည့် အခြေအနေများအား ပြန်လည်ပြင်ဆင်နိုင်ရေး ကြည့်ရှု့စစ်ဆေးခြင်းနှင့် ၂၀၂၂−၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း (၁၀၀%) ပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များ တိုင်းရင်းသားဘာသာအခက်အခဲကို ကျော်လွန်၍ ကျောင်းနေပျော်ပြီး ကျောင်းထွက်နှုန်းလျော့ကျစေရန် တိုင်းရင်းသားဘာသာသင်ကြားနည်းစနစ်များ ပိုမိုစနစ်ကျကောင်းမွန်လာစေရန် ရည်ရွယ်၍ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက် လျှက်ရှိသည့် တိုင်းရင်းသားသင်ထောက်ကူ Teaching Assistant (TA) နှင့် တိုင်းရင်းသားဘာသာသင် Language Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ၁/၂၀၂၃တွင် တက်ရောက်နေသည့် တိုင်းရင်းသားဆရာ၊ဆရာမများအားတွေ့ဆုံ၍ မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းတို့ ပူးပေါင်းပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၂) ရက်နေ့က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာဖြင့် မိမိတို့၏စာပေကို လေ့လာသင်ယူပါက မိမိတို့ ဘိုးဘွားတွေ ထားရှိခဲ့တဲ့ အမွေအနှစ်ဖြစ်တဲ့ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ စကား၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြ နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့၏ တိုင်းရင်းသားလူမျိုးများအတွက်၊ နိုင်ငံ ကောင်းကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေနှင့် ဆုရသင်တန်းသားအား သင်တန်းဆင်းအောင်လက်မှတ်အားလည်းကောင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်း ဆုရသင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ကရင်ရိုးရာတူရိယာများဖြင့် တေးသီချင်းများ၊ ကိုလိုနီခေတ်ဒုံးအက၊ မျက်မှောက်ခေတ် ဒုံးအကများဖြင့် တင်ဆက် ကပြ ဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အဆိုပါ သင်တန်းကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကျေးရွာပေါင်း(၁၃)ရွာမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၂၆၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ (၁၈) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ ပျက်စီးနေမှုများကို ဝန်ထမ်းများက စုပေါင်း၍ ရှင်းလင်းရေး ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းတို့ပူးပေါင်းပြီး နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ (၂၁) ရက်နေ့က လှိုင်းဘွဲမြို့နယ် အ.ထ.က(ခွဲ) မဲဆမိတ်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အချိန်ကိုအကျိုးရှိစွာဖြင့် မိမိတို့၏စာပေကို လေ့လာသင်ယူရမည်ဖြစ်ပြီး မိမိတို့၏စကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရေး၊ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွားရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေနှင့် ဆုရသင်တန်းသားအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်အားလည်းကောင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုရသင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ကရင်ရိုးရာဒုံးယိမ်းအကဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။အဆိုပါ သင်တန်းကို ဧပြီလ (၁၉) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှ ကျေးရွာပေါင်း(၃၀)ရွာမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် (၂၀-၅-၂၀၂၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသို့ ရောက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးမှု အခြေအနေများ၊ ပြန်လည် ပြင်ဆင်ရမည့် အစိတ်အပိုင်းများ၊ ပြန်လည်ဆယ်တင်ရရှိနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် မိုခါမုန်တိုင်းဒဏ်သင့် ဝန်ထမ်း(၁၉)ဦးအား (၁)ဦးချင်းစီ ကူညီ ထောက်ပံ့ငွေ (၂)သိန်းကျပ်စီနှင့် ဆေးဝါး၊ အစားအသောက်၊ ဆိုလာမီးများကို ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ထမ်းများအား အားပေးစကား ပြောကြား ရာတွင် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးသွားသော်လည်း စိတ်ဓာတ်မကျဘဲ စည်းလုံးညီညွှတ်စွာဖြင့် မည်ကဲ့သို့ ပြန်လည်တည်ဆောက်ကြမည်ကို ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆုံးရှုံးသွားမှုများ အပေါ် လုံ့လ၊ ဝရိယဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုများကို လည်း ဘဏ္ဍာရေးစည်းမျဉ်စည်းကမ်းနှင့်အညီ သုံးစွဲရမည်ဖြစ်ကြောင်း အစသဖြင့် အားပေးအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှက ကျေးဇူးတင်စကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများအား ယခုကဲ့သို့ လာရောက်စောင့်ရှောင့် ကူညီထောက်ပံ့မှုများ ပေးအပ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သဘာဝ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ၅နာရီ ၁၅ မိနစ်တွင် ရပ်နားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ မြိုင်ကလေးကျေးရွာ၊ မြိုင်ကလေးတိုက်ကျောင်း၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရ အဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးဝင်းတင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၀၉) ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ် များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန် က ဦးစီးဌာနမှ ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများအကြောင်းကိုလည်းကောင်း၊ ကျေးလက်ကျန်းမားရေးဌာနခွဲမှ သူနာပြု ဆရာမ ဒေါ်နော်မြဝင်းစိန် ကလည်း COVID – 19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၅) ဦးဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြုလုပ်သော ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်နှင့်အညီ ဌာန အတွင်းရှိ အမှုထမ်းဝန်ထမ်းများနှင့် အခြေခံပညာအရွယ် ဝန်ထမ်းမိသားစုများ၏ သားသမီး များကို ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး နှင့်အနာဂတ်လူငယ်များအား ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေများ ပေးနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဃ)တွင် “နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပြီး မိမိတို့၏ ယုံကြည်ကိုးကွယ်မှုများကို ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသကဲ့သို့ မိမိတို့၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန်ကိုလည်း ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ မြန်မာမှုနယ်ပယ်တွင် လူကောင်းလူတော်များ ဖြစ်စေရေးအတွက် ထူးခြားသော ဝိသေသလက္ခဏာဖြစ်သည့် (၃၈) ဖြာမင်္ဂလာဟူ၍ ကျင့်ကြံနေထိုင်ရေးလမ်းညွှန် ရှိနေခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ နေထိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ သင်ကြားရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ လိုက်နာကျင့်သုံးရေး နှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ရှောင်ကြဉ်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ စိတ်ထားရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၅)ပါး၊ သည်းခံရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ခြိုးခြံရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ စိတ်ထားကြံ့ခိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ (၄)ပါးတို့ ဖြစ်ပါကြောင်း၊ ထို့အပြင် အဓိကကျသည့် ကျင့်ဝတ် (၁၀)ပါး ဖြစ်သည့် မိဘကျင့်ဝတ်၊ သား သမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ ဒါယိကာကျင့်ဝတ်တို့ကို စနစ်တကျ အသက်အရွယ် ကာလအပိုင်းအခြားအလိုက် ကျင့်ကြံလိုက်နာ ဆောင်ရွက်မည်ဆို ပါက လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် လူအများနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းသင်းပြောဆို ဆက်ဆံနိုင်သည့် အကျိုးကျေးဇူး ရလာဒ်ကောင်းများကိုလည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန် တိုင်းပြည်၏ကဏ္ဍအသီးသီး၌ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူရွယ် မောင်မယ်များအနေဖြင့် ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများနှင့် ဗလ (၅)တန်နှင့်ပြည့်စုံသည့် လူကောင်းလူတော်များဖြစ်လာရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြား ပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးက ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး(၄)ခု ရှိပြီး မည်သည့် ဘာသာ၌မဆို ယဉ်ကျေးစေရန်၊ လိမ္မာစေရန် လမ်းညွှန်ဆုံးမကြပါကြောင်း၊ ယဉ်ကျေးမှုတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဟူ၍ရှိပြီး စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသည်ပို၍ အရေးပါ ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် Social Credit System ဖြင့် နိုင်ငံသားများ၏ အပြုအမူပေါ် မူတည်၍ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးကြပါကြောင်း၊ ယဉ်ကျေးလိမ္မာဟူသည့် စကားရပ်သည် လွန်စွာကျယ်ပြန့်ပြီး ယင်းအောက်တွင် စည်းကမ်းရှိခြင်း၊ သီလရှိခြင်း၊ သမာဓိရှိခြင်း၊ သတိရှိခြင်း၊ သဒ္ဒါတရားရှိခြင်း၊ ဝီရိယရှိခြင်း၊ ပညာရှိခြင်း စသည်တို့ ပါဝင်သည့် အပြင် ဗြဟ္မစိုရ်တရား (၄)ပါး ဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့လည်း ပါဝင်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများ၏ ယဉ်ကျေးခြင်းနှင့်လိမ္မာခြင်းတို့သည် ဤဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံသားအားလုံးအတွက် ယဉ်ကျေးလိမ္မာသောလူမျိုး၊ ယဉ်ကျေးလိမ္မာသော အထောက်အပံ့ကောင်းများဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။ယင်းနောက် သင်တန်းနည်းပြ ဆရာ ဆရာမများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်စကားပြောကြားရာ၌ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးရသည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများကို ပျက်စီးစေသည့်အပြင် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းစေနိုင်ပါကြောင်း၊ ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူများအကြား ဆင်းရဲ ချမ်းသာကွာဟမှုများကိုလည်း ဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထု၏ ယုံကြည်မှုကို လျော့ကျစေကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု တစ်ခုလုံးကိုပါ ယိုယွင်း ပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနိုင်ပြီး အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူ ခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျောသားရင်သား မခွဲခြားဘဲမျှတစွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိ လိုက်စားမှုများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်တားဆီး ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိတို့မှတဆင့် မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန်၊ မိမိတို့ကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုကြရန်လည်း အထူးတိုက်တွန်းလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)ကို (၇-၅-၂၀၂၁) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃၇/ ၂၀၂၁) ဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်း အစီရင်ခံစာ တင်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် အဂတိလိုက်စားမှု မရှိစေရေးနှင့် တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသော သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာစွာဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က အမှာစကားပြောကြားရာတွင် အဂတိဆိုသည်မှာ လားရာကို ဆန့်ကျင်ခြင်းဟု အဓိပ္ပာယ်ရပြီး ဘာသာတရားအရ ငါးပါးသီလကို မြဲမြံစွာလိုက်နာစောင့်ထိန်းပါက အဂတိ တရားကင်းရှင်းသွားမည်ဖြစ်ပါကြောင်း၊ ငယ်စဉ်ကပင် နေ့စဉ် ပြုမူနေထိုင်ပြောဆိုလုပ်ကိုင် ရာတွင် ပြည်သူ့နီတိနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေး သင်ကြားပို့ချရန် လိုအပ်ပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ဆရာကိုင်လက်စွဲစာအုပ်များကို အခြေခံမူလတန်းအဆင့််မှ အထက်တန်းအဆင့် အထိ ရေးဆွဲပြုစုပြီး အဆင့်လိုက်ဘာသာရပ်များတွင် ထည့်သွင်းရေးဆွဲကာ သင်ကြားပို့ချ နိုင်ရေး ညှိနှိုင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် အခြေခံပညာကျောင်းများတွင်လည်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် Edutainment အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို မဖြစ်ခင်ကပင် ကြိုတင် တားဆီး ကာကွယ်ခြင်းသည် ထိရောက်သည့်နည်းလမ်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို(၄)ကြိမ်တိုင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ထပ်မံ၍ ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျင့်ဝတ်ကို ပြဋ္ဌာန်းထားပြီး ကျင့်ဝတ်ပါ အခြေခံမူများဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ မျှတမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှုများရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရပါကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇) ချက်ကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရန်မှာ ပန်းတိုင် (၁၆.၅) တွင် ဖော်ပြထားသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အဂတိလိုက်စားမှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များကို လည်း ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈) ခု အပြင် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုတွင်လည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ CPU အဖွဲ့များကို ခရိုင်အဆင့်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ CPU အဖွဲ့များအနေဖြင့် ချမှတ်ထားသည့် လုပ်ငန်း အစီအစဉ်များပါအချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ အဂတိ လိုက်စားမှုသည် နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုကြောင့် ကမ္ဘာ့ GDP ၏ (၂.၆) ထရီလီယံခန့် ဆုံးရှုံးလျက် ရှိပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် (၅)% ခန့် ဆုံးရှုံးလျက်ရှိပါကြောင်း၊ ကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “ Remove Corruption, Promote Prosperity” “အဂတိပယ်ခွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိ လိုက်စားမှု၏သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဌာနခွဲများမှ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ ဒုံရင်းတိုက်နယ်၊ ဒုံသို့ကျေးရွာ၊ သောဘိတရာမဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၈၇) ဦးတက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုး က တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား ကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နီဝင်း က ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးနှင့် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ၊ နိုင်ငံသားအခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒများနှင့် လူမှုရေးပင်စင်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ကျေးလက်ကျန်းမားရေးဌာနခွဲမှ ဆရာမ ဒေါ်နန်းနှင်းသွယ်တာ က COVID – 19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်တားဆီး ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော် က အမုန်းစကားနှင့်အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာ ပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက် ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၂) ဦးဖြေဆိုခဲ့ ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၃)” ဖွင့်ပွဲအခမ်းအနားကို (၉-၅-၂၀၂၃)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် IT ပညာရှင်(အကြံပေး) နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် IT ပညာရှင် ဦးဌေးလင်းမှ သင်တန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။“လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း ၂/၂၀၂၃” ကို (၉-၅-၂၀၂၃) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ (၁)လတာကြာမြင့်မည် ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကျုံပျော်မြို့၊ မြို့နယ် အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားတောင်သူများ စုစုပေါင်း (၁၆၉)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များ ကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် မှုများ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာ ဆောင်ရွက် ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါက်တာထွန်းမင်းက မွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ကာကွယ်ဆေး အစီအမံဆောင်ရွက်နေမှုများ၊ ကူးစက်ရောဂါများ၊ ဇီဝလုံခြုံမှုဆိုင်ရာကိစ္စရပ်များနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်းများကို ရှင်းလင်းအသိပညာ ပေးခဲ့ပြီး ဒေသခံမွေးမြူရေးတောင်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား၍ မွေးမြူရေးဆိုင်ရာ လက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူး ဒေါက်တာ ဖြိုးအိအိစံက မေထုံမဲ့သားစပ်ခြင်း/မျိုးမြှင့်တင်သားစပ်ခြင်းများအကြောင်း၊ မေထုံမဲ့သားစပ်ခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ မျိုးအောင်မှုကို လျော့ကျစေသော အကြောင်းအရင်းများ၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော တိရစ္ဆာန် အစာပင်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး နေဗီယာမြက်မျိုးများအား ဒေသခံတောင်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်မြေအသုံးချရေးဌာနခွဲမှ ဒုလက်ထောက် ဦးစီးမှူး ဒေါ်ယုယုဝင်းက မြေဆီလွှာအရေးပါပုံ၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဓါတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ မြေချဉ်ခြင်းကြောင့် ထုံးထည့်သွင်းပြုပြင်ခြင်းနည်းလမ်းများ၊ မြေဆွေးပုံပြုလုပ် နည်းများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်းလုပ်ငန်းများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ မေးမြန်းသိရှိလိုများကို ရှင်းလင်း ပြောကြား၍ စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်မျိုးစေ့ဌာနခွဲမှ ဒုလက်ထောက်ဦးစီးမှူး ဦးဒွေးဇေယျာလှိုင်က အထွက်နှုန်းကောင်း၊ ဝင်ငွေလည်းတိုးစေမည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနည်းနှင့်ထုတ်လုပ်ပုံနည်းစနစ်များ၊ ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းများ၊ မိုးစပါး ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းရေး နည်းစနစ်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံ တောင်သူများ၏ ဆွေးနွေး မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုလက်ထောက် ဦးစီးမှူး တာဝန်ခံ ဒေါ်မိုးမိုးအောင်က စပါးအထွက်နှုန်းများနှင့် ရောဂါအန္တရာယ် ဒဏ်ခံနိုင်ရေးတို့အတွက် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ မျိုးစေ့ဆားရည်စိမ်ခြင်း အကြောင်းအရာများ၊ စိုက်စနစ်ပြောင်းလဲခြင်းအတွက် လုပ်ဆောင်ရမည့်အချက်များကို အသိ ပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ ကော့ကျိုက်(ပအွံ)ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးဝင်းတင်နှင့် တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း မှ အဖွဲ့ဝင်များ၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ် များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာကိစ္စများ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ လူမှုရေးပင်စင်၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assitant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အမုန်းစကားနှင့် အကြမ်းဖက် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား(၈၇)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ နေ့လယ်ပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် တိုက်ကြီးမြို့နယ် ရှမ်းစာပေ၊ ယဉ်ကျေးမှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သည့် ရှမ်းစာပေသင်ကြားသည့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း(၃/၂၀၂၃)နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအကနှင့်အခြေခံသိုင်းပညာရပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၅-၄-၂၀၂၃) ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ရှမ်းကျောင်းကြီး ဘုန်းကြီးကျောင်း၊ နှီးဘုရားကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ဝန်ကြီး ဌာနအကြောင်းမိတ်ဆက်ခြင်းနှင့် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းတို့ကို အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက သင်တန်း နှင့်စပ်လျဉ်း၍ လက်တွေ့အသုံးချတတ်ရန်နှင့် အစဉ်လေ့လာရန် သင်တန်းသား/ သင်တန်းသူများ အား အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်စန်းမြင့်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေ၊ယဉ်ကျေးမှု ကော်မတီမှ သိုင်းပညာရှင်က ရိုးရာစာပေယဉ်ကျေးမှု၊ အကပညာများနှင့် သိုင်းပညာများကို ထိန်းသိမ်းရန်တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက အခြေခံစက်ချုပ် သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား/သူများကို ဆုချီးမြှင့်ရာ ပထမဆုရရှိသည့် သင်တန်းသူ အား အပ်ချုပ်စက်တစ်လုံးနှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်း သူနှင့် တတိယဆုရရှိသည့် သင်တန်းသားအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ် ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို နေ့လယ်ပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်