ကရင်ပြည်နယ် ဘားအံမြို့နယ်၌ အနာဂါတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ၂၀-၁၁-၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(လှာကာ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကရင်ပြည်နယ်)မှ ဒေါ်မြတ်သီရိအောင်(ဦးစီးအရာရှိ)မှ လူငယ်နှင့်စာပေအကြောင်းကိုလည်းကောင်း ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စိုးစိုးအေးက “လူငယ်စကားဝိုင်း” ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အစီအစဉ်တင်ဆက်သူ အဖြစ် ဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်း(လှာကာ)မှ ကျောင်းသား/သူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်အသက်မွေး ဝမ်းကျောင်း ခေါင်းစဉ်များဖြင့် ဆွေးဆွေးစေခဲ့ပါသည်။ ဆွေးနွေးပွဲကို ကျောင်းသား/သူ (၇၅၀)ဦး တက်ရောက်ခဲ့ပါသည်။အလားတူ ၂၀-၁၁-၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ဘားအံမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(စက်ရုံ) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း”ကို ကျင်းပပြုလုပ်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကရင်ပြည်နယ်)မှ ဒေါ်မြတ်သီရိအောင်(ဦးစီးအရာရှိ)မှ လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စိုးစိုးအေးက “လူငယ်စကားဝိုင်း” ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်း(စက်ရုံ)မှ ကျောင်းသား/သူများက လူငယ်နှင့်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အသက်မွေးဝမ်းကျောင်း ခေါင်းစဉ်များဖြင့် ဆွေးဆွေးစေခဲ့ပါသည်။ ဆွေးနွေးပွဲကို ကျောင်းသား/သူ (၇၅၀)ဦး တက်ရောက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မင်းဘူးခရိုင်၊ ငဖဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီး ဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်နှင့် တိုင်းရင်းသားရေးရာ အသိပညာပေးနှီးနှောဖလှယ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်းက အ.ထ.က-ငဖဲကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်နှင့် တိုင်းရင်းသားရေးရာ အသိ ပညာပေးနှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊“တိုင်းရင်းသားလူမျိုးများ”၊“တိုင်းရင်းသားရေးရာ”ဟူသောအဓိပ္ပာယ်များ၊ဝန်ကြီးဌာန၏Mission၊ Vision၊ Policy များ၊ ဌာနလုပ်ဆောင်ချက်များ၊ တိုင်းရင်းသား(၁၃၅)မျိုးရှိကြောင်း၊ ဗမာ(၉)မျိုး အကြောင်း၊ ချင်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လူငယ်ရေးရာသိမှတ်ဖွယ်ရာများ၊ ငဖဲမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က မှုခင်းရေးရာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်နှင့်စာပေရေးရာများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ပါသည်။ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းနှင့်ဦးစီးအရာရှိနှစ်ဦးက ကျောင်းသား ကျောင်းသူများအား တိုင်းရင်းသားများနှင့်သက်ဆိုင်သော ဗဟုသုတများမေးမြန်းခဲ့ရာ ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြပါသည်။အဆိုပါပွဲတွင် ငဖဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၈.၁၁.၂၀၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ နေရောင်ကာကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒေါ်ခင်ထွေးကြည် က ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့်အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက မျိုးကောင်း မျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များအကြောင်း၊ ဆားရည်စိမ်စိုက်ပျိုးနည်းများ၊ မြေပြုပြင်ခြင်းလုပ်ငန်းများ၊ ပိုက်ဆံလျှော်စိုက်ပျိုးနည်းများနှင့် အကျိုးကျေးဇူးများ၊ စပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုအထွက်တိုးစေရေးလုပ်ဆောင်ရမည့် နည်းလမ်းများ အကြောင်းကိုလည်းကောင်း၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေးက မှုခင်းဆိုင်ရာသိမှတ်ဖွယ်ရာ များကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှုး ဒေါ်သီသီအောင်က မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသော အသေးစားဓါတ်အားပေးစီမံကိန်းများ နှင့် ဆိုလာစီမံကိန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြား ခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၆၇)ဦးတို့မှ ဖြေဆို ခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသူ များအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်" နှင့် “အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲ အစီအစဉ်" ကို ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ၊ အ.ထ.က (ကြာအင်း)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ် ရေးရာ အသိပညာပေးရေး၊ လူငယ့်ဘဝဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ လှိုင်းဘွဲ့မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နိုင် က ကလေး သူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စများ၊ ကလေး အလုပ်သမားဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန် က ဗလငါးတန်ဖွံ့ဖြိုးရေးတွင် ပါဝင်သော ကာယဗလဖွံ့ဖြိုးစေရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ ကျန်းမာသော လူငယ် လူရွယ်များ ဖြစ်ပေါ်လာစေရေး ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT)များ ခန့်အပ်ထားမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဉာဏဗလနှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ဗဟုသုတဆိုင်ရာမေးခွန်းများ၊ ဒေသန္တရမေးခွန်းများ၊ အသိပညာဆိုင်ရာမေးခွန်းများကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ပြီး ဆုလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၅)ဦးက ဖြေဆိုခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်
(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့အခန်းအနားကို နိုဝင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်ရှေ့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ကရင်လွတ်မြောက်ရေးတပ်မတော်/ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC)၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ၊ကရင် ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဌ (ငြိမ်း)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပါသည်။ပထမဦးစွာ သဘာပတိအဖွဲ့ဝင်များက နေရာယူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်း တို့အား အလေးပြုကြပါသည်။ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။၎င်းနောက် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုဒ်ဦးနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာခရိုင် ဥက္ကဌ၊ ပဒိုစောရွှေမောင်း၊ နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်ပြည်နယ် ပြည်သူ့ ကောင်စီ ဥက္ကဌ(ငြိမ်း) ဦးစောအောင်ပွင့်နှင့် မြို့မိမြို့ဖ ဒေါ်နန်းမြင့်တင်တို့က (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်း အမှတ် မုဒ်ဦးနှင့်ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ် မုဒ်ဦးကို စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပါသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကရင် ပြည်နယ်ကြီး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း သုံးကြိမ်ရွတ်ဆိုကြွေးကြော်ကြပြီး ငြိမ်းချမ်းရေးချိုးဖြူငှက် (၆၈)ကောင်ကို လွတ်ပေးကြပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများနှင့် စက်မှုလက်မှု (MsME) ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများအား ဆုများ ချီးမြှင့်ကြပါသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ် ကရင်ပြနယ်ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေး ကြကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာဟောပြောပွဲအခမ်းအနားကို (၉-၁၁-၂၀၂၃) ရက်နေ့တွင် ဟားခါးမြို့၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများ က ဇာတိမာန်သီချင်းဖြင့်လည်းကောင်း၊ ချင်းတိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဝက်စာမေးပွဲတွင် စာပေထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ကပြသီဆို ဖျော်ဖြေ ကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အသိပညာပေးဟောပြောပွဲခြင်းကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားတို့၏ စကား၊ စာပေများကို နိုင်ငံတော်၏ ပညာရေးမူဝါဒကို မထိခိုက်စေဘဲ သင်ကြားခွင့်ရှိသည်ကို အသိပညာပေးဟောပြောခြင်း၊ ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွန့်က “လူငယ်နှင့် ပညာရည်”ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဇာခုပ်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမောင်မောင်ဝင်းက “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးစံကုန်းက “မြေပြိုဘေး၊ မီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဟုန်းကီးက “အဆိုးရွားဆုံးပုံစံခြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မူးယစ်တပ်ဖွဲ့စု(၄) မှ ခေတ္တတပ်ဖွဲ့မှူး ရဲအုပ်ကျော်လင်းဦးက “လူငယ်နှင့်မူးယစ် အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၁၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်နိုင်က “လူကုန်ကူးမှုနှိမ်နင်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယာဉ် ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်စိုးနိုင်က “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း” ဆိုင်ရာများကိုလည်း ကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြပြီးနောက် အသိပညာပေး ဟောပြောခြင်းများ အား နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုနိုင်ကြသည့် ကျောင်းသား ၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန် ကြားရေးမှူးရုံးက ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်"နှင့် “အခြေခံပညာကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲအစီ အစဉ်"ကို ၁-၁၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူကျော်က ဒေသခံတိုင်းရင်းသားများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အသေးစားစက်မှုလက် မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန်က ကရင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် လူငယ်လူရွယ်များ တက် ရောက်သင်ကြားနိုင်သည့် သင်တန်းအမျိုးအစား တစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သန္တာတင့်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများ ဒေသခံတိုင်းရင်းသား များနှင့် ကျောင်းသား၊ သူများအားဆွေးနွေးပြောဆိုခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်း ဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဒေသန္တရ ဗဟုသုတဆိုင်ရာ မေးခွန်း များကို ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမှ ကျောင်းသား၊ သူများအား မေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက် ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၃) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ကရင်ပြည်နယ်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များလည်း တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာကိစ္စများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စ ရပ်များအား တိုင်းရင်းသားပြည်သူများ အသိပညာအသိအမြင်များ တိုးပွားလာစေရန် ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နိုင်က ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စများ၊ အမျိုးသမီး အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူမှုရေးပင်စင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထောက်ပံ့ပေးမှုကိစ္စများအားလည်းကောင်း၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ဦးစီးဌာနမှ ဖွင့်လှစ် ထားသော အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာသင်တန်းများမှ အခြေခံစားသောက်ကုန် သင်တန်း၊ အခြေခံအိမ်တွင်းမှု သင်တန်းများ၊ ရိုးရာရက်ကန်း သင်တန်းများအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသား စာပေ နှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြော ကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှအငယ်တန်းစာရေးဦးအောင်ဖြိုးသော်ကအမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကိုတားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများအကြောင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၉) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၃-၁၀-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန် တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းထွေးက အသေးစားစက်မှုလက်မှုဦးစီးဌာနအကြောင်း၊ အသေးစားစက်မှုနှင့် လက်မှုတို့၏ အဓိပ္ပါယ်၊ အသေးစားစက်မှုနှင့်အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်း ဖွင့်လှစ်ပေးမှု အခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၃-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတို့က တက်ရောက်သင်ကြားသွားမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၈-၁၀-၂၀၂၃) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ကလေးသူငယ်အခွင့်အရေး၊မသန်စွမ်းအခွင့်အရေးများနှင့်လူမှုရေးပင်စင်စသည့်အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်းအသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင်စကားလုံးများမှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ရေး၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း ကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သန္တာဦးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျောင်းကုန်းမြို့နယ်ဦးစီးမှူး ဦးကျော်ဌေးက စပါးတစ်ဧက (၁၀) တင်းနှုန်း ပိုမိုအထွက်တိုးစေရေးနှင့် စားသုံးဆီဖူလုံရေး စိုက်ပျိုးဆောင်ရွက်ရမည့် နည်းစနစ် များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၁)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း” အစီအစဉ်ကို ၁၂-၁၀-၂၀၂၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟားခါးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်း ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီနိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဦးဟုန်းကီးကအလုပ်သမားရေးရာကိစ္စရပ်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းက မှုခင်းကျဆင်းရေးအကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများ၊ စီမံရေးရာဝန်ထမ်းများ၊ တိုင်းရင်းသားဒေသများမှ လာရောက်ပညာသင်ယူနေသော တိုင်းရင်းသားကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတွင် ၂၅-၁၀-၂၀၂၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မောင်တောမြို့နယ်၊ ဝေသာလီရပ်ကွက်မှ ရပ်မိရပ်ဖဦးစံမောင်သိန်းနှင့် သက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဦးဘဦးတို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့် အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာမူဝါဒ တို့ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဦးဝေယံအောင်က လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက “ရာသီဥတုပြောင်းလဲမှုလျော့ချဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်းကောင်း၊ မောင်တောခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိရေး ကိစ္စရပ်များကိုလည်းကောင်း အသိပညာ ပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၀)ဦး တို့မှ ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ရခိုင်၊ သက်နှင့် မြို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၁၇-၁၀-၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှညွှန်ကြားရေးမှူးဦးရန်နိုင်လွင်ကဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်းနှင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တက်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများအား Skynet စက်တစ်စုံစီ အားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်လွင်က တိုင်းရင်း သားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ(ဂျိန်းဖော့နှင့်ရဝမ်) ဘာသာပြန်စာအုပ် (၁၀၀) အုပ်စီတို့အားလည်းကောင်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းအောင်က အမျိုးသမီးအခွင့် အရေး၊ မသန်စွမ်းအခွင့်အရေး၊ လူမှုရေးပင်စင်အကြောင်းအရာတို့ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိအေးက TA/LT ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော် က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွယ်ဆိုင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ် ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များနှင့် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ၊ ညွှန်ကြားရေးမှူးရုံးမှဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းစစ်တမ်းမေးခွန်းလွှာများကိုကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၇၅)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ အခမ်း အနားသို့ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးကဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၇-၁၀-၂၀၂၃) ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးသန်းနိုင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် တိုင်းရင်းသားလူမျိုးများ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းနိုင်က ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာ ကောက်ယူရသည့် ရည်ရွယ်ချက်နှင့် မေးခွန်းလွှာတွင်ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား (၇၄) ဦးတို့က ဖြေဆိုခဲ့ ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်း၊ ဝိုင်းမော်မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီးစာရေးဆရာအကြီးကိုကို(ကသာ)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအားဆက်လက်ကျင်းပရာ ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၈)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဲ့ဒီနောက် ကျောင်းပေါင်းစုံစာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။ ယင်းနောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဝင်များ၌ ရေးသားပုံဖော်ထားသည့် လက်ရာများအား နံရံကပ်ပြဘုတ်တွင် ပြသထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်