ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 29
  • DEC

  • 29 December 2023
  • ဧရာဝတီ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာ၊ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပုသိမ်မြို့၊ အထက(၁၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရွှေရည်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန် က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြား၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာများအား  ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း စတင်ရန်အတွက် ပါဝင်ဆွေးနွေးမည့် ကျောင်းသား/ကျောင်းသူများက လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု စသည့်အကြောင်းအရာ များအား ဆွေးနွေးခြင်း၊ ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ထို့နောက် ပုသိမ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထက(၁၁)၊ အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက လူငယ်စကားဝိုင်း အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအဆင့် (၄၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဒေသခံရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူ များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ဘုရားကြီးမှ ငါးပါးသီလနှင့် ဩဝါဒချီးမြှင့်ပေးခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ပရိတ် တရားတော်ချီးမြှင့်ပေးခြင်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ အခမ်းအနား ကျင်းပရေးကော်မတီ နာယကကြီး ဦးအောင်ဘသိန်းက ရခိုင်ပြည်နယ်နေ့ အကြောင်းနှင့် ကျေးဇူးတင်စကား ပြောကြားခြင်း၊ မင်္ဂလာအောင်မြေကျောင်းတိုက် ဆရာတော်မှ ရေစက် ချတရားချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီးက ပင့်သံဃာ ဆရာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်သူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • DEC

  • 29 December 2023
  • ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရခိုင်တိုင်းရင်းသားဘာသာစာပေကျောင်းသုံး ပုံနှိပ်စာအုပ်များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင် များ၊ ရခိုင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ရခိုင်တိုင်းရင်းသားဘာသာစာပေကျောင်းသုံးပုံနှိပ်စာအုပ် အခမဲ့ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသည့် TA/LT ဆရာ၊ ဆရာမများ၏ကိုယ်စား သက်ဆိုင်ရာ မြို့နယ်ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက ရခိုင်တိုင်းရင်းသားဘာသာစာပေ ကျောင်းသုံးပုံနှိပ်စာအုပ်များအား လက်ခံရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • DEC

  • 27 December 2023

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို မန္တလေး မြို့၊ အမှတ် (၃၀) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့် အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညို၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေတို့က အသီးသီး ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး နှင့် ရပိုင်ခွင့်များကို ရိုက်နှိပ်ထားသည့် Pamphlet များဝေငှခဲ့ပြီးကျောင်းစာကြည့်တိုက်အတွက်တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များနှင့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • DEC

  • 27 December 2023
  • မန္တလေးတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့်ဗလငါးတန်ဖွံ့ဖြိုးစေရေးအသိပညာပေးဟောပြောခြင်း” အစီအစဉ်ကို (၁၅-၁၂-၂၀၂၃) ရက်နေ့တွင် မန္တလေးတက္ကသိုလ်၊ အင်းဝ (၉) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေ က ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ကို စစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦးတို့က ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • DEC

  • 21 December 2023
  • မန္တလေး

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို  (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် အမှတ်(၂၆)၊ အခြေခံပညာအထက်ကျောင်း၊ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အမှတ်(၂၆)၊ အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်း ညို၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်မှူး ဦးတင်မောင်ဝင်း ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေတို့က အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေစာအုပ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပုံပြ၊ ပုံပြင်စာအုပ်များနှင့် လက်ကမ်းစာစောင် များအားလည်းကောင်း ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပါအဝင် စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • DEC

  • 11 December 2023
  • ရန်ကုန်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးညွှန်ကြားရေးမှူးရုံးကကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၆-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန  ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းကတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ပြောကြားခဲ့ပြီးအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်၊တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှဦးစီးအရာရှိဦးငါးရယ်ကတိုင်းရင်းသားပုံပြပုံပြင် စာအုပ်ထုတ်ဝေပေးမှုအခြေ အနေနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာန၏ လုပ်ငန်းဆောင် ရွက်နေမှု အကြောင်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ်ခေါက်ပြိုင်ပွဲစသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား  ဆုချီးမြှင့်ပေးအပ်ခြင်းနှင့် ကျီးပင်ဆိပ် ကျေးရွာ၊ မူလတန်းကျောင်းတွင် လိုအပ်သည့် Sound Box နှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ပါသည်။ ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိမိထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက်  ကျောင်းသား၊ကျောင်းသူလေးများက ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊  စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • DEC

  • 08 December 2023
  • ချင်း

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာဟောပြောပွဲအခမ်းအနားကို (၃၀-၁၁-၂၀၂၃) ရက်နေ့တွင် ဟားခါးမြို့၊ အီးကေအိမ်ငင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင် လွင်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ပါ သည်။ ဆက်လက်၍ ကျောင်းအလိုက်စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့် ခဲ့ပြီး  အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့်လည်းကောင်း၊ ချင်းတိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း၊ အေရိုးဗစ်ကကွက် များဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထိုနောက် အသိပညာပေးဟောပြောပွဲခြင်းကို  ဆက်လက်ကျင်းပရာ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က “လူငယ်နှင့်အခွင့်အရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွန့်က “လူငယ်နှင့် အသက်မွေးဝမ်း ကျောင်းပညာရပ် ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဂိုဇာခုပ်က “လူငယ်နှင့် ကာယကြံ့ခိုင်မှုပြုလုပ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်း က “လူငယ်နှင့် စာဖတ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြ ပါသည်။ ဆက်လက်၍ ပြည်နယ် သတ္ထုတွင်းဦးစီးဌာန ဦးစီးမှူး ဦးသိန်းဝင်းက “ပုံသေ အတွေး အခေါ်များကို ဖြောင့်မတ်မှန်ကန်သော အတွေးအခေါ်ဖြစ်စေရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီခိုင်က “ဆောင်းရာသီ၌ ဖြစ်တတ်သော ရောဂါငယ်လေးများအပေါ် မီးဖိုချောင်သုံး ဆေးပစ္စည်း၊ ဆေးပင်အသုံးဝင်ပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစံကုန်း က “သဘာဝဘေးနှင့်စပ်လျဉ်း၍ ဘေး(၄)မျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ပြည်နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ဦးစီးမှူး ဦးဟုန်းကီး က “အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေဖြင်းခံရသည့် ကလေးသူငယ်များ အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးမှူး ဦးလှမိုးနိုင်က “လူငယ်နှင့် စားသုံးမှုအကာအကွယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း  ဟောပြောခဲ့ကြပါသည်။အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 08
  • DEC

  • 08 December 2023
  • ဘားအံ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း နှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးခြင်း အခမ်းအနား"ကို ၈-၁၂-၂၀၂၃ ရက် နေ့တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူရခြင်းအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး ပြောကြား ခဲ့ပါသည်။   ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်က ဗလငါးတန်ဖွံ့ဖြိုးစေရေး အားကစားနှင့်လူငယ်၊ အားကစားနှင့် ကိုယ်ကာယကြံ့ခိုင်ရေးကို လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်း ကျင်နှင့်လူငယ်၊  ပလပ်စတစ်စွန့်ပစ်မှုဆိုင်ရာကိစ္စရပ်များကို တိုင်းရင်းသား ပြည်သူများအသိပညာ အသိအမြင်များ တိုးပွားလာစေရန်လည်ကောင်း၊ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးဝင်းတင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး  ပညာရေးနှင့် လူငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများကိုလည်း ကောင်း၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှု အခြေအနေနှင့် ဦးစီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။  ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာနှင့် ဗဟုသုတများတိုးပွားစေပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် ဒေသန္တရမေးခွန်းများကို ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားဘာသာဖြင့်ထုတ်ဝေထားသော ပုံပြ/ပုံပြင် စာအုပ်များကို ကျောင်းအုပ် ဆရာမကြီးထံသို့ လည်းကောင်း၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်က ကျောင်းအတွက် လိုအပ်သော အားကစားပစ္စည်းများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၁) ဦးဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ အ.ထ.က (မိဇံ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • DEC

  • 05 December 2023
  • ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့်တိုင်းဒေသကြီးအဆင့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီး ဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူ မြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဒေသခံ ချင်းတိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို အရှိုချင်းတိုင်းရင်းသားသဘာပတိကြီးက မင်္ဂလာမောင်း(၃)ချက်တီး၍ ဖွင့်လှစ်ပေးခဲ့ပြီး သဘာပတိကြီးက မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာ ဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းလှမြင့်က အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်း၊ သက်ကြီးဘိုးဘွား များအား ကန်တော့ငွေများပေးအပ်ခြင်း၊ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားခြင်း၊ ချင်းတိုင်းရင်းသား/သူများက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပါသည်။အခမ်းအနားသို့တက်ရောက်ချီးမြှင့်ကြသည့်ဧည့်သည်တော်များအားချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်း ရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • DEC

  • 04 December 2023
  • မွန်

ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ စာအုပ်စာပေပြပွဲနှင့်လူငယ်စကားဝိုင်းများကို ၁၃-၁၁-၂၀၂ရက်နေ့တွင် မော်လမြိုင်မြို့၊ သုခဝတီအခြေခံပညာအထက်တန်း ကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ).အ.လ.က(၄)တို့၌လည်းကောင်း၊ ၂၄-၁၁-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသိပညာပေး ဟောပြောပွဲများ၊ စာအုပ်စာပေပြပွဲနှင့်လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများကို အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက အဖွင့်အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာ၊ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမိုးအောင်တို့မှ ကျောင်းသားလူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သောလူငယ်များဖြစ်လာစေရေး၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်တတ်စေရေးစသည့် ဘတ်စုံဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး ဟောပြောခဲ့ကြပါသည်။ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက ကျောင်းစာကြည့်တိုက်များအတွက်  တိုင်းရင်းသားရေးရာဆိုင်ရာ သုတ/ရသ စာအုပ်များပေးအပ်ခဲ့ပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • DEC

  • 04 December 2023
  • ဧရာဝတီ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(မြောင်းမြခရိုင်)တို့ ပူးပေါင်း၍ “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်း” ကို (၃၀-၁၁-၂၀၂၃) ရက်နေ့မှ (၄-၁၂-၂၀၂၃) ရက်နေ့အထိ အိမ်မဲမြို့နယ်၊ ညောင်ငူအုပ်စု၊ ညောင်ငူကျေးရွာ၊ ဓမ္မရံသီဘုန်းကြီးကျောင်း ဓမ္မာရုံ၌  ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား အမျိုးသမီး(၂၀)ဦး တက်ရောက်သင်ယူခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို (၄-၁၂-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အိမ်မဲမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။  အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊  ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မိုးမိုးဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြောင်းမြခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မိုးမိုးဝင်းက သင်တန်းသူများအား သင်တန်းမှထွက်ရှိလာသော လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လက်သန့်ဆေးရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ သဘာဝခေါင်းလျှော်ရည်နှင့် သဘာဝမျက်နှာသစ် ဆပ်ပြာခဲ ထုတ်လုပ်နည်းတို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • DEC

  • 01 December 2023
  • ကရင်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" နှင့် “ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အစီအစဉ်" ကို  ၂၈-၁၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြ ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်တို့ကို ဆန်းစစ်ချက် စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး အသိပညာပေးကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ  ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပလပ်စတစ်စွန့်ပစ်မှု ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ဆက်လက်၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန် က ဗလငါးတန်ဖွံ့ဖြိုးရေးတွင် ပါဝင်သော ကာယဗလဖွံ့ဖြိုးစေရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ ကျန်းမာသော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရေး ကိစ္စရပ်များကိုလည်းကောင်း၊  မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နိုင် က ကလေး သူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စများ၊ ကလေး အလုပ်သမားဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က  ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်ပေါ်စေရေး စာပေ၊ အနုပညာ၊ အသိပညာများအား လေ့လာကြရန်နှင့် လူငယ် ရေးရာစာပေစကားဝိုင်းများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT)များ ခန့်အပ်ထားမှုအခြေအနေများကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဉာဏဗလနှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ဗဟုသုတဆိုင်ရာမေးခွန်းများ၊ ဒေသန္တရမေးခွန်းများ၊ အသိပညာဆိုင်ရာမေးခွန်းများကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ပြီး ဆုလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၃)ဦးက ဖြေဆိုခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 01
  • DEC

  • 01 December 2023
  • ရှမ်း၊ ကလော

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၁-၁၂-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ တောင်ပဲ့ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြိုဆိုနှုတ်ခွန်ဆက်စကားပြောကြားခြင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေပါများပါအချက်အလက်များနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာမဟာဗျူဟာတို့ကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် နေမှုများအကြောင်းကိုလည်းကောင်း၊ အမှတ်(၂၅)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တောင်ကြီးမှ ရဲအုပ်အောင်ဝေလင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါး များဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ အမှတ်(၂)လူကုန်ကူးမှု တာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် အောင်ပန်းမှ ရဲအုပ်ဝင်းညွှန့်ဦးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအကြောင်း ကိုလည်းကောင်း၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဲနုထွန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စ ရပ်များ အကြောင်းကိုလည်းကောင်း၊ ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာအောင်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေး ပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊  အသီးသီး အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများကို ဒေသခံများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်း ကောက်ယူခဲ့ရာ ကလောမြို့နယ်အတွင်းရှိ “တအာင်း(ပလောင်)” တိုင်းရင်းသား (၁၀၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • NOV

  • 29 November 2023
  • ကရင်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)၊ ကရင်ပြည်နယ်ပညာရေးမှူးရုံးနှင့် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ (၂၁.၁၁.၂၀၂၃)ရက်နေ့တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အခမ်းအနားမှူးသင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကာလမှာ ၂၁-၁၁-၂၀၂၃ရက်နေ့မှ ၂၄-၁၁-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်ပြီး အဆိုပါသင်တန်းသို့ ကရင်ပြည်နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တိုင်းရင်းသူများ စုစုပေါင်း သင်တန်းသားဦးရေ(၆၅)ဦး တက်ရောက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်