ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 07
  • FEB

  • 07 February 2024
  • ကချင်ပြည်နယ်၊ မြစ်ကြီးနား

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဆင်းပွဲ အခမ်းအနားကို (၇-၂-၂၀၂၄) ရက်နေ့တွင်  မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။  ထို့နောက် ပထမဆုရရှိသည့်  သင်တန်းသူအား ကချင်ပြည်နယ် အစိုးရ အဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ က လည်းကောင်း၊ ဒုတိယဆုရရှိသည့်  သင်တန်းသူအား သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် က လည်းကောင်း၊ တတိယဆုရရှိသည့်  သင်တန်းသူအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက လည်းကောင်း ဆုအသီသီး ချီးမြင့်ခဲ့ကြပါ သည်။  ဆက်လက်၍  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးရန်နိုင်လွင်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းထွက်ကုန်များပေးအပ်ခဲ့ပြီး၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက သင်တန်းသား / သင်တန်းသူ  (၂၀) ဦး ကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။  ထို့နောက် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းဆင်း သင်တန်းသား / သင်တန်းသူ များ  ကိုယ်စား သင်တန်းသူတစ်ဦးက  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊  ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း သား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ “တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်း” ကို  (၁-၂-၂၀၂၄) ရက်နေ့မှ (၇-၂-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စု (၁၂) စု တို့မှ သင်တန်းသား/ သင်တန်းသူ (၂၀) ဦး  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • FEB

  • 05 February 2024
  • ရှမ်းပြည်နယ်

မဲခေါင်လန်ချန်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ရန်ပုံငွေနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေတို့ဖြင့် တောင်ကြီးမြိုနယ်၊အေးသာယာမြို၌ တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးဝမ်းကျောင်း သင်တန်းစင်တာတွင် အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းကို ယနေ့နံနက်တွင်ကျင်းပရာ ရှမ်းပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ ရှေးဦးစွာ အေးသာယာမြို့နောင်အင်ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ဆရာတော် ဘဒ္ဒန္တဗုဒ္ဓဃောသနှင့် သံဃာတော်များက စင်တာ၌ ကိုးကွယ်မည့် ဗုဒ္ဓဆင်းတုတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်တော်မူပြီး ပရိတ်တရားတော်ကိုရွတ်ပွားသရာဇ္ဈာယ်ကြပါသည်။ ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှဝေခဲ့ကြပါသည်။ ထို့နောက်ဆရာတော်များက အန္တရာယ်ကင်းကမ္မဝါစာများကို ရွတ်ဖတ်ကြပြီး သံဃာတော်များအား နေ့ဆွမ်းကိုဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ အဆိုပါစင်တာကို ၇၇ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • FEB

  • 02 February 2024
  • ကရင်ပြည်နယ်၊ ဘားအံ

        တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း နှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိ ပညာပေးခြင်း အခမ်းအနား"ကို ၂၅-၁-၂၀၂၄ ရက်နေ့တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင် အရှေ့ကျေးရွာနှင့် အနောက်ကျေးရွာ နှစ်ရွာပေါင်း၍ အ.ထ.က (ဇာသပြင်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဇာသပြင်ကျေးရွာရှိ မွန်တိုင်းရင်းသားဒေသခံများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား သိရှိနိုင်ရန်နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို သိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူရခြင်းဖြစ်ကြောင်း စသည် ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒဒေ၊ နည်းဥပဒေများအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ ပါသည်။ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအား ပတ်ဝန်းကျင်နှင့် လူငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊  လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဥမ္မာက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၂) ဦးဝင်းတင်က ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ဗလငါးတန်  ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးနှင့် လူငယ်ခေါင်းစဉ်စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူ များနှင့် အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှု ကိစ္စများ၊ ဦးစီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။  ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတများတိုးပွားစေပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် ဒေသန္တရမေးခွန်းများကို ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအားဆု လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးအောင်ဖြိုးသော်က ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံမေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၁၅၀) ဦးဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ဇာသပြင်အရှေ့ကျေးရွာနှင့် အနောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊  ပြည်နယ်မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 02
  • FEB

  • 02 February 2024
  • ဧရာဝတီတိုင်းဒေသကြီး

         တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၂၄-၁-၂၀၂၄) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊တိုင်းဦးစီးမှူးဒေါ်မြမာလာစိုးကကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့် အကြောင်းအရာများ ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်း ကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က နိုင်ငံ သားအခွင့်အရေး၊ တိုင်းရင်းသားများ၏ ဝိသေသ ရှေ့ဆောင်စကားလုံးများမှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ရေး၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေသောင်ယံမြို့ဦးစီးမှူး ဦးတင်ဝင်းက စပါးတစ်ဧက(၁၀)တင်း နှုန်း ပိုမိုအထွက်တိုးစေရေး လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မိုးစပါးစိုက်ပျိုးရေးနှင့် ဆီထွက် သီးနှံစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။  ထို့နောက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၇၁) ဦး ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်း သားလူမျိုးများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • JAN

  • 30 January 2024
  • ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပုံနှိပ်ထုတ်ဝေသော သင်ကြားရေးအထောက်အကူပြုစာအုပ်များဖြစ်သည့် မြန်မာ-စကောကရင်-အနောက်ပိုးကရင် အဘိဓာန်၊ မြစ်ဝကျွန်းပေါ်ပိုးကရင်ရိုးရာပုံပြင်များ၊ စကောကရင်/ပိုးကရင်(KG)ပုံနှိပ်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့က ကန်ကြီးထောင့်မြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများ၊ ဝန်ထမ်းများ၊ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌများ၊ အတွင်းရေးမှူး များ တက်ရောက်ခဲ့ကြ ပါသည်။အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြား၍ ဦးစီးဌာန(၂)ခုမှ တာဝန်ခံအရာရှိများဖြစ်သည့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီတို့က ဌာန၏ လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌက စာအုပ်များပေးအပ်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကရင်စာ/ယဉ်အသင်းဥက္ကဌများထံသို့ သင်ကြားရေး အထောက် အကူပြုစာအုပ်များအား ပေးအပ်ခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကရင်စာ/ယဉ်အသင်းဥက္ကဌများ၏ ကိုယ်စား ပန်းတနော်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ မန်းဝင်းမောင်က ကျေးဇူး တင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • JAN

  • 29 January 2024
  • ကချင်၊ ဝိုင်းမော်မြို့

ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးကြည်ထွန်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် တာဝန်ရှိသူများက ဖဲကြိုုးဖြတ် ဖွင့်လှစ်ပေးကြသည်။  အခမ်းအနားကို အဆိုပါကျောင်းရှိ တေဇခန်းမ၌ ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီးအားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော်အကများနှင့် တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသားကျောင်းသူများကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များကို လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့နှင့် ဘင်ခရာအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ကြပါသည်။ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများသည် ခင်းကျင်း ပြသထားသော ပြခန်းများ၊ အားကစားနည်းများနှင့် ပျော်ပွဲရွှင်ပွဲများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကိုဆက်လက်ကျင်းပကြရာဝိုင်းမော်မြို့ရှိအခြေခံပညာကျောင်းအသီးသီးမှကျောင်းသား ကျောင်းသူများ စုစုပေါင်း (၄၅)ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြသည်။အဆိုပါပြိုင်ပွဲတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေး နှင့် ဦးစီးအရာရှိ ဦးလှိုင်ဝင်းဟန်တို့က ကျပန်းစကားပြောပြိုင်ပွဲတွင်လည်းကောင်း၊ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ပုံပြင်ပြောပြိုင်ပွဲတွင်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိမော်က ကဗျာရွတ်ဆို ပြိုင်ပွဲတွင်လည်းကောင်း အကဲ ဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ယင်းနောက် ဆုများရရှိခဲ့ကြသော ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးကြည်ထွန်း၊ တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုဦးစီးဌာနမှ ပြည်နယ် တာဝန်ခံ ဒေါ်အိအိအေး၊ ဦးစီးအရာရှိများဖြစ်ကြသည့် ဦးခင်မောင်ထွန်းနှင့် ဦးလှိုင်ဝင်းဟန်၊ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • JAN

  • 29 January 2024
  • ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ  ကြီးမှူး၍ ပဲခူးမြို့နယ်ရှိ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေးအသိပညာပေးဟောပြောပွဲကို၁၉.၁.၂၀၂၄ရက်နေ့ကပဲခူးမြို့နယ်၊အခြေခံပညာအလယ်တန်းကျောင်းခွဲ၊သရက်ကုန်း (ကရင်)ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။  အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဗလငါးတန်ဖွံ့ဖြိုးရန်အကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး၊ ကလေးများ၏ဖွံ့ဖြိုးမှု၊ လူငယ်နှင့် အားကစားအကြောင်း၊ အစားအသောက်ဘေးကင်း လုံခြုံ စိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင်ကာယဗလမဏ္ဍိုင်ဆက်နွယ်မှု စသည့် ခေါင်းစဉ်များဖြင့် အသိ ပညာ ဗဟုသုတများရရှိစေရန်  ကျောင်းသားလူငယ်များအား ဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချသူများအားအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းမှ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များနှင့် ငွေကျပ်(၁၀၀,၀၀ဝိ/-) လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • JAN

  • 29 January 2024
  • ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့

ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ၂၄ရက်နေ့က ပုသိမ်မြို့၊ အ.ထ.က (၅)၊ ပင်လုံခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ပုသိမ်မြို့၊ အ.ထ.က(၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူက အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်း မိတ်ဆက်ပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပါသည်။ အဲ့ဒီနောက် လူငယ်စကားဝိုင်း စတင်ရန်အတွက် ပါဝင်ဆွေးနွေးမည့် ကျောင်းသား/ကျောင်းသူ များက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာပေ စသည့်အကြောင်းအရာများအား ဆွေးနွေးခြင်း၊ ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ထို့နောက် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုမှတ်တမ်း များပေးအပ်ခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီကပုသိမ်မြို့၊အ.ထ.က(၅)ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်း၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 18
  • JAN

  • 18 January 2024
  • မန္တလေး

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို မန္တလေးမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မန္တလေးမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေက လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက် ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နှင့် ရပိုင်ခွင့်များကို ရိုက်နှိပ်ထားသည့် Pamphlet များ ဝေငှခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ် များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားပုံပြ၊ ပုံပြင် စာအုပ်များနှင့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 18
  • JAN

  • 18 January 2024
  • မွန်ပြည်နယ်

ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကို (၂-၁-၂၀၂၄)ရက်နေ့က မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ (၃-၁-၂၀၂၄)ရက်နေ့က မော်လမြိုင်မြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများ တို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီးများက အဖွင့်အမှာစကား ပြောကြားကာ မော်လမြိုင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာ က လွတ်လပ်ရေးနေ့ သမိုင်းအကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက လူငယ်များ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြပါသည်။ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက ကျောင်းစာကြည့်တိုက်များအတွက်  တိုင်းရင်းသားရေးရာဆိုင်ရာ သုတ/ရသ စာအုပ်များပေးအပ်ခဲ့ပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက လေ့လာ ဖတ်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 18
  • JAN

  • 18 January 2024
  • မွန်

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိ ပညာပေးဟောပြောပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကို (၂၈-၁၂-၂၀၂၃)ရက်နေ့က မော်လမြိုင်မြို့၊ ရွှေနတ် တောင်အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာကြီးမက အဖွင့်အမှာစကား ပြောကြားကာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက လွတ်လပ်ရေးနေ့ သမိုင်းအကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက လူငယ်များ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြပါသည်။ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက ကျောင်းစာကြည့်တိုက်များအတွက်  တိုင်းရင်းသားရေးရာဆိုင်ရာ သုတ/ရသ စာအုပ်များ ပေးအပ်ခဲ့ပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက လေ့လာ ဖတ်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • JAN

  • 11 January 2024
  • ဧရာဝတီ

ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များ၊ ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှု အသင်းကိုယ်စားလှယ်များ နှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်အားပေး ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက် တီး၍ ဖွင့်လှစ်ခဲ့ပြီးနောက် မြောင်းမြမြို့နယ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကအဖွဲ့မှ ဂုဏ်ပြုကပြဖျော်ဖြေ ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း၊  ငုအိုင်ဆရာတော် ဘဒ္ဒန္တသေဋိလနှင့် ကက်သလစ်သာသနာဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက်မန်းမြင့်စိုး တို့ကလည်းကောင်း နှစ်သစ်နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ဆုတောင်းမေတ္တာများပို့သခဲ့ကြ ပါသည်။ ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပရခြင်း နှင့်စပ်လျဉ်း၍  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဂုဏ်ပြုသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားကို ကရင်အမျိုးသား သီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • JAN

  • 11 January 2024
  • စစ်ကိုင်း

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း နှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီ အစဉ်” ကို (၁၁-၁-၂၀၂၄) စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ မောင်းခမ်းကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေများပါ အကြောင်းအရာများ၊ အမုန်းစကားနှင့်အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရေှာက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဘိုဘိုဇင်က “ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်းနှင့် စစ်တမ်း ဖြေဆိုပုံမေးခွန်းများ”ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက် လာကြသော ဒေသခံတိုင်းရင်းသား (၉၅)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက် ရောက်လာကြသော ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များ ပေးအပ် ခဲ့ပြီးနောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊  အ.ထ.က (မောင်းခမ်းကျေးရွာ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JAN

  • 10 January 2024
  • စစ်ကိုင်း

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြော ခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်”ကို (၁၀-၁-၂၀၂၄) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ကက်သာ စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများပါအကြောင်းအရာများ၊ အမုန်းစကားနှင့် အကြမ်းဖက် မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဆိုင်းက လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော လူမှုအခွင့်အရေးများကို ရှင်းလင်းပြောကြားခဲ့ပါသည်။  ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရေှာက်ရေးဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက “ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်း ကောက်ယူ ရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများ”ကို ရှင်းလင်း ပြောကြား ခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၄) ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက် ရောက်လာကြသော ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များ ပေးအပ် ခဲ့ပြီးနောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဟုမ္မလင်းမြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ ဟုမ္မလင်းမြို့နယ်မြေစာရင်းဦးစီးမှူး၊ အ.ထ.က(ကက်သာစံပြကျေးရွာ) ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ၊ ဆရာမများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 09
  • JAN

  • 09 January 2024
  • ပဲခူး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၉.၁.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဟင်္သာကုန်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။  အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်စိုးသိန်းက တိုင်းရင်းသားလူငယ်များနှင့် ဗလငါးတန်အကြောင်း သိကောင်း စရာများ၊  ဌာနဆိုင်ရာ မှ တာဝန်ရှိသူများက ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး၊ ကလေးများ၏ဖွံ့ဖြိုးမှု၊ လူငယ်ဘဝအကြောင်း၊ အစားအသောက် ဘေးကင်း လုံခြုံစိတ်ချ စေရေးနှင့် ကျန်းမာကြံ့ခိုင်ကာယဗလမဏ္ဍိုင်ဆက်နွယ်မှု ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ များအား အသိပညာများ ရရှိစေရန် ရည်ရွယ်၍ ဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောလင်းအောင်က ဟောပြောပို့ချသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ကျောင်း စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များနှင့် ငွေကျပ်(၁၀၀,၀၀ဝိ/-) လှူဒါန်းခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်