တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအား အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းအခမ်းအနားပုသိမ်၊ မေ ၂၉ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးသည် သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် Teaching Assistant (TA) နှင့် Language Teacher (LT)များ ခန့်ထားနိုင်ရေးနှင့် အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားနိုင်ရေး၊ တိုင်းရင်းသား စာပေသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် တိုင်းရင်းသား ဘာသာဖြင့်ပြန်ဆိုရေး၊ တိုင်းရင်းသားစာပေသင်ကြားနိုင်ရေး၊ တိုင်းရင်းသား စာပေပုံနှိပ်ရေးနှင့် အခြားသောတိုင်းရင်းသားရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့ အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အသင်းအဖွဲ့ တစ်စုတစ်စည်းတည်း ရှိစေရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ စီမံခန့်ခွဲမှုလွယ်ကူစေရန်အတွက်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပုသိမ်မြို့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များ၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ကရင်၊ ရခိုင်၊ ချင်း စာပေနှင့်ယဉ်ကျေးမှု အသင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်နိုင်စေရေး၊ အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားရာတွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပါ အခန်း(၄) ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ အခန်း(၇) အသင်း အဖွဲ့၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၉) တားမြစ်ချက်များ၊ အခန်း(၁၀) ပြစ်ဒဏ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ကရင် ၊ ရခိုင် နှင့် ချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များက သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်း၊ တိုင်းအဆင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ခြင်းနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ မေလ (၂၄)ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု ဦးစီးဌာနတို့ပူးပေါင်း၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်” နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၂၄-၅-၂၀၂၃) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကင်မလင်းချောင်းကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့် အရာထမ်း၊ အမှုထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဥမ္မာညွန့်၊ မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)ဦး၊ မှော်ဘီမြို့နယ်အုပ်ချုပ် ရေးမှူး၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူစိုး၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မှော်ဘီမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း( ၁၂၀ ) ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်း သားဘာသာသင် TA/LT ဆရာများခန့်ထားခြင်းဆိုင်ရာအကြောင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းမှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်း နှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေတွင်ပါရှိသည့် အခွင့်အရေးဆိုင်ရာများကို ပိုမိုသိရှိစေရန် စစ်တမ်းများကောက်ယူရခြင်းနှင့် လိုအပ်သည့် အသိပညာများကို ပို့ချစေရန် ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာရေးဆွဲရာတွင် အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်ရခြင်းများကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဥမ္မာညွန့်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ အကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန် လိုအပ်မှုအခြေ အနေ၊ ပန်းခင်းစီမံချက်(၂) ဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်းစတင် အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန်အကြောင်းတို့ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်မှ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများအခြေအနေ၊ အသက်(၈၅) နှစ်အထက် သက်ကြီးရွယ်အိုများ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအကြောင်း၊ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းနှင့် မိဘများမှ ကလေးများအား တန်ဖိုးထားရန်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုဦးစီးဌာန၏အကြောင်း၊ အသေးစားစက်မှုနှင့် လက်မှု တို့၏ အဓိပ္ပါယ်၊ အသေးစားစက်မှုနှင့်အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်းဖွင့်လှစ် ပေးမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးကျော်သူစိုးက သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့်လက်ရှိ ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ သမဝါယမပေါ်ပေါက်လာပုံအကြောင်း၊ အသင်းချေးငွေအကြောင်း၊ သင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အခြေခံစားသောက်ကုန်ရောင်းချပေးနေမှု အခြေအနေတို့ကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် မှော်ဘီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မိမိတို့ရပ်ရွာဒေသများတွင် သင်တန်းများ လာရောက်ဖွင့်လှစ်ပေးမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် သက်မွေးပညာသင်တန်း တက်ရောက်မည့် သင်တန်းသား/သူများကို အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခြင်း၊ စုပေါင်းအမှတ်တရဓါတ်ပုံများရိုက်ကူးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာအသင်းတို့ပူးပေါင်းပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အခြေခံ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၀)ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရေး၊ ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား ပြန့်ပွားထွန်းကားရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ငွေနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှ သင်တန်းနည်းပြ ဆရာ၊ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများကို လည်းကောင်းပေးအပ်ခဲ့ကြပါသည်။ထို့နောက် သင်တန်းသား၊သင်တန်းသူများမှ အဆိုအကများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို မေလ (၁၁) ရက်နေ့မှ မေလ (၂၀)ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ အမိတာရာမရဲကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသဝေါ်ကျေးရွာ၊ သာနုံးတိုက်ကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးဝင်းတင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူ များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင် စာအုပ် များဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်စန်းစန်းလှိုင်က အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်း အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူမှုရေးပင်စင်၊ လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးပေးအပ်မှု အခြေအနေများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြား ရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၂) ဦးဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၁၇၀)ဦး တို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့သစ်မြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မြတ်သန္တာဝင်း က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ရှေ့လုပ်ငန်းစဉ် များ၊ “အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း” ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဲစုမွန် က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ၊ တားမြစ်ချက် များ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ မြို့သစ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ရင်မိုးက အမျိုးသမီးများအတွက် အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အိဖြူခိုင်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများအကြောင်း နှင့် အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက “ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်း” မေးခွန်းလွှာများအား ရှင်းလင်းပြောကြား၍ စစ်တမ်းကောက်ယူ ခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၀)ဦး ဖြေဆိုခဲ့ကြပြီး နေ့လည်ပိုင်းတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းတို့ ပူးပေါင်းပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၂) ရက်နေ့က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာဖြင့် မိမိတို့၏စာပေကို လေ့လာသင်ယူပါက မိမိတို့ ဘိုးဘွားတွေ ထားရှိခဲ့တဲ့ အမွေအနှစ်ဖြစ်တဲ့ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ စကား၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြ နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့၏ တိုင်းရင်းသားလူမျိုးများအတွက်၊ နိုင်ငံ ကောင်းကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေနှင့် ဆုရသင်တန်းသားအား သင်တန်းဆင်းအောင်လက်မှတ်အားလည်းကောင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်း ဆုရသင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ကရင်ရိုးရာတူရိယာများဖြင့် တေးသီချင်းများ၊ ကိုလိုနီခေတ်ဒုံးအက၊ မျက်မှောက်ခေတ် ဒုံးအကများဖြင့် တင်ဆက် ကပြ ဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အဆိုပါ သင်တန်းကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကျေးရွာပေါင်း(၁၃)ရွာမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၂၆၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ (၁၈) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ ပျက်စီးနေမှုများကို ဝန်ထမ်းများက စုပေါင်း၍ ရှင်းလင်းရေး ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းတို့ပူးပေါင်းပြီး နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ (၂၁) ရက်နေ့က လှိုင်းဘွဲမြို့နယ် အ.ထ.က(ခွဲ) မဲဆမိတ်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အချိန်ကိုအကျိုးရှိစွာဖြင့် မိမိတို့၏စာပေကို လေ့လာသင်ယူရမည်ဖြစ်ပြီး မိမိတို့၏စကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရေး၊ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွားရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေနှင့် ဆုရသင်တန်းသားအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်အားလည်းကောင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုရသင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ကရင်ရိုးရာဒုံးယိမ်းအကဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။အဆိုပါ သင်တန်းကို ဧပြီလ (၁၉) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှ ကျေးရွာပေါင်း(၃၀)ရွာမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ မြိုင်ကလေးကျေးရွာ၊ မြိုင်ကလေးတိုက်ကျောင်း၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရ အဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးဝင်းတင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၁၀၉) ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ် များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန် က ဦးစီးဌာနမှ ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများအကြောင်းကိုလည်းကောင်း၊ ကျေးလက်ကျန်းမားရေးဌာနခွဲမှ သူနာပြု ဆရာမ ဒေါ်နော်မြဝင်းစိန် ကလည်း COVID – 19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၅) ဦးဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ ဒုံရင်းတိုက်နယ်၊ ဒုံသို့ကျေးရွာ၊ သောဘိတရာမဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၈၇) ဦးတက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုး က တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား ကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နီဝင်း က ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးနှင့် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ၊ နိုင်ငံသားအခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒများနှင့် လူမှုရေးပင်စင်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ကျေးလက်ကျန်းမားရေးဌာနခွဲမှ ဆရာမ ဒေါ်နန်းနှင်းသွယ်တာ က COVID – 19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်တားဆီး ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော် က အမုန်းစကားနှင့်အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာ ပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက် ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၂) ဦးဖြေဆိုခဲ့ ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၃)” ဖွင့်ပွဲအခမ်းအနားကို (၉-၅-၂၀၂၃)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် IT ပညာရှင်(အကြံပေး) နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် IT ပညာရှင် ဦးဌေးလင်းမှ သင်တန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။“လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း ၂/၂၀၂၃” ကို (၉-၅-၂၀၂၃) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ (၁)လတာကြာမြင့်မည် ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ နည်းပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကျုံပျော်မြို့၊ မြို့နယ် အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားတောင်သူများ စုစုပေါင်း (၁၆၉)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များ ကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် မှုများ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာ ဆောင်ရွက် ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါက်တာထွန်းမင်းက မွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ကာကွယ်ဆေး အစီအမံဆောင်ရွက်နေမှုများ၊ ကူးစက်ရောဂါများ၊ ဇီဝလုံခြုံမှုဆိုင်ရာကိစ္စရပ်များနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်းများကို ရှင်းလင်းအသိပညာ ပေးခဲ့ပြီး ဒေသခံမွေးမြူရေးတောင်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား၍ မွေးမြူရေးဆိုင်ရာ လက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူး ဒေါက်တာ ဖြိုးအိအိစံက မေထုံမဲ့သားစပ်ခြင်း/မျိုးမြှင့်တင်သားစပ်ခြင်းများအကြောင်း၊ မေထုံမဲ့သားစပ်ခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ မျိုးအောင်မှုကို လျော့ကျစေသော အကြောင်းအရင်းများ၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော တိရစ္ဆာန် အစာပင်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး နေဗီယာမြက်မျိုးများအား ဒေသခံတောင်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်မြေအသုံးချရေးဌာနခွဲမှ ဒုလက်ထောက် ဦးစီးမှူး ဒေါ်ယုယုဝင်းက မြေဆီလွှာအရေးပါပုံ၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဓါတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ မြေချဉ်ခြင်းကြောင့် ထုံးထည့်သွင်းပြုပြင်ခြင်းနည်းလမ်းများ၊ မြေဆွေးပုံပြုလုပ် နည်းများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်းလုပ်ငန်းများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ မေးမြန်းသိရှိလိုများကို ရှင်းလင်း ပြောကြား၍ စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်မျိုးစေ့ဌာနခွဲမှ ဒုလက်ထောက်ဦးစီးမှူး ဦးဒွေးဇေယျာလှိုင်က အထွက်နှုန်းကောင်း၊ ဝင်ငွေလည်းတိုးစေမည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနည်းနှင့်ထုတ်လုပ်ပုံနည်းစနစ်များ၊ ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းများ၊ မိုးစပါး ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းရေး နည်းစနစ်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံ တောင်သူများ၏ ဆွေးနွေး မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုလက်ထောက် ဦးစီးမှူး တာဝန်ခံ ဒေါ်မိုးမိုးအောင်က စပါးအထွက်နှုန်းများနှင့် ရောဂါအန္တရာယ် ဒဏ်ခံနိုင်ရေးတို့အတွက် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ မျိုးစေ့ဆားရည်စိမ်ခြင်း အကြောင်းအရာများ၊ စိုက်စနစ်ပြောင်းလဲခြင်းအတွက် လုပ်ဆောင်ရမည့်အချက်များကို အသိ ပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ ကော့ကျိုက်(ပအွံ)ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးဝင်းတင်နှင့် တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း မှ အဖွဲ့ဝင်များ၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ် များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းတင်က တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်များဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာကိစ္စများ၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ လူမှုရေးပင်စင်၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assitant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ပွဲတော်များ ကျင်းပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီပေးမှုများနှင့် တိုင်းရင်းသား ဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အမုန်းစကားနှင့် အကြမ်းဖက် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား(၈၇)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ နေ့လယ်ပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် တိုက်ကြီးမြို့နယ် ရှမ်းစာပေ၊ ယဉ်ကျေးမှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သည့် ရှမ်းစာပေသင်ကြားသည့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း(၃/၂၀၂၃)နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအကနှင့်အခြေခံသိုင်းပညာရပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၅-၄-၂၀၂၃) ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ရှမ်းကျောင်းကြီး ဘုန်းကြီးကျောင်း၊ နှီးဘုရားကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ဝန်ကြီး ဌာနအကြောင်းမိတ်ဆက်ခြင်းနှင့် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းတို့ကို အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက သင်တန်း နှင့်စပ်လျဉ်း၍ လက်တွေ့အသုံးချတတ်ရန်နှင့် အစဉ်လေ့လာရန် သင်တန်းသား/ သင်တန်းသူများ အား အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်စန်းမြင့်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေ၊ယဉ်ကျေးမှု ကော်မတီမှ သိုင်းပညာရှင်က ရိုးရာစာပေယဉ်ကျေးမှု၊ အကပညာများနှင့် သိုင်းပညာများကို ထိန်းသိမ်းရန်တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက အခြေခံစက်ချုပ် သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား/သူများကို ဆုချီးမြှင့်ရာ ပထမဆုရရှိသည့် သင်တန်းသူ အား အပ်ချုပ်စက်တစ်လုံးနှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်း သူနှင့် တတိယဆုရရှိသည့် သင်တန်းသားအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ် ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို နေ့လယ်ပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် မအူပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ မအူပင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားတောင်သူများ စုစုပေါင်း (၁၅၂)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကို လည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assitant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမ များခန့်အပ်ထားမှု အခြေအနေနှင့် လျှောက်လွှာများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသန်းသန်းအေးက မွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်း ထိခိုက်နစ်နာမှု လျှော့ချနိုင်ရေး၊ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ ခြောက်သွေ့သောကာလတွင် တိရစ္ဆာန် အစာ ရှားပါးမှု ပြဿနာအတွက် မြက်ချဉ်ဖတ်ပြုလုပ်နည်းများ၊ တိရစ္ဆာန်မှ လူထံကူးစက်ရောဂါများ ဖြစ်ပွားမှု မရှိစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် သယ်ဆောင်ခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် ကိစ္စရပ်များကို အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံမွေးမြူရေး တောင်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား၍ မွေးမြူရေးဆိုင်ရာလက်ကမ်း စာစောင်များကို ဝေငှခဲ့ပါသည်။ထို့နောက် ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်သိန်းမြင့်က လူသားများအားလုံးအတွက် အာဟာရပြည့်မီသော နို့ထွက်ပစ္စည်းထုတ်ကုန် များ ပိုမိုထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များမှ နိုင်ငံခြားဝင်ရရှိရေး၊ တိရစ္ဆာန်အစာအတွက် မြက် အမျိုးအစားများ၊ ပဲမှော်များအကြောင်း၊ ဒေသရာသီဥတုဒဏ်ခံနိုင်သည့် ဒေသပေါက် မျိုးကောင်း၊ မျိုးသန့် နွားများမွေးမြူရေးတို့ကို အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဝင်းက တိုင်းဒေသကြီးအတွင်းရှိ ငါးမျိုးစိတ်များအကြောင်းနှင့် ရေသယံဇာတများ ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်ကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးဌာနခွဲ တာဝန်ခံ ဒေါ်ကြည်ကြည်ဝင်းက သီးနှံပင်များ စိုက်ပျိုးရေးအတွက် မြေဆီလွှာအရေးပါပုံနှင့် လိုအပ်သော အာဟာရဓါတ်(၁၇)မျိုးအကြောင်း၊ မြေဆွေးပြုလုပ်ပုံနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးနည်းနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ မြေအချဉ်အငန် အကြောင်းနှင့် မြေပြုပြင်နည်းစနစ်များ၊ ထုံးထည့်သွင်းနည်းနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ နုံးထည့်သွင်းခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ မေးမြန်းသိရှိလိုများကို ရှင်းလင်းပြောကြား၍ စိုက်ပျိုးရေးဆိုင်ရာလက်ကမ်း စာစောင်များဝေငှခဲ့ပါသည်။ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့ဌာနခွဲ တာဝန်ခံ ဒေါ်ကြည်မာစန်းက မျိုးကောင်း မျိုးသန့်ထုတ်လုပ်ရေး၏ အခြေခံအချက်ဖြစ်သော မျိုးစေ့၊ မျိုးဆန်၏ အဓိပ္ပာယ်နှင့် စပါးမျိုးအဆင့် သတ်မှတ်ချက်များ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးပုံနည်းစနစ်များနှင့် လိုက်နာ ဂရုပြုရမည့်အချက်များ၊ မျိုးကွဲများ လျှော့ချစိုက်ပျိုးရေးနှင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပုံနည်းအဆင့် ဆင့်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ ဆွေးနွေးမေးမြန်းချက် များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒေါ်အေးသန္တာချိုက စပါးသီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် စတင်စိုက်ပျိုးမည့်အချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ဖျက်ပိုး ရောဂါများကြောင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး၊ မျှော်မှန်းထားသည့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန် အတွက် မျိုးစေ့စီရင်ခြင်းနည်းလမ်းများနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ပေါင်းမြက်နှင့်သီးနှံ ယှဉ်ပြိုင် သည့်ကာလများတွင် ပေါင်းမြက်ကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ရန် ပေါင်းအမျိုးအစား ခွဲခြားခြင်းနှင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းများ၊ စပါးသီးနှံ သက်တမ်းတစ်လျှောက်တွင် ကျရောက်ဖျက်ဆီးလေ့ရှိသော အင်းဆက်ဖျက်ပိုးများ၏ ဖျက်ဆီးပုံများ၊ အပင်ရောဂါလက္ခဏာများနှင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းများ၊ တောင်သူအကျိုးပြု သဘာဝမိတ်ဆွေပိုးများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဓါတုပိုးသတ်ဆေး အသုံးပြုရာ တွင် ထိရောက်စွာဖြင့် အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်စေရန် ပိုးသတ်ဆေးစနစ်တကျကိုင်တွယ် သုံးစွဲခြင်း နည်းလမ်းများနှင့် သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ များရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်