ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

10 OCT

“တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဂ‌‌‌ဟေဆက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ရန်ကုန်တိုင်းဒေသကြီး
  • 10 October 2025

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ တိုင်းဒေသကြီးရန်ပုံငွေဖြင့် " တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်း" ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်နှင့် ဂဟေဆက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၀-၁၀-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သလိပ်ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်သန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ခရိုင်မှူးဦးမြင့်ဇော်၊  လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်စန်းမြင့်၊  သမဝါယမဦးစီးဌာန ထန်းတပင်မြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်၊  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းတို့က သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက် လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် စုပေါင်းအမှတ်တရဓါတ်ပုံ များ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

          ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ် ချက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ (၆၀) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။  

          ဂဟေဆက်သင်တန်းကို (၁၀-၁၀-၂၀၂၅) ရက်နေ့မှ (၁၁-၁၀-၂၀၂၅) ရက်နေ့အထိ (၁) လ ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၂၀) ဦးတက်ရောက်သင်ကြားသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။