ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးသတင်းများ

  • 04
  • APR

  • 04 April 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ်၊ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန်အတွက် ယိမ်းလှပျိုဖြူများ ယိမ်းအကကြိုတင်လေ့ကျင့်နေမှုကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန် ရှိသူများနှင့်  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။           အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးတို့က ယိမ်းကကွက်များညီညာစေရန်၊ မျက်နှာအမူအရာပြုံးရွှင်စေရန်၊ကိုယ်နေဟန်ထားကျော့ရှင်းလှပမှုရှိစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြရန် စသည်ဖြင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။           ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကန်မဏ္ဍပ်တွင် “ချမ်းခိုက်ခိုက်တုန်” တေးသီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမဏ္ဍပ်တွင် “ပျော်သလားဟေ့”နှင့် “ထာဝရသစ္စာ” စသည့် တေးသီချင်းများဖြင့် လည်းကောင်း ပါဝင်ကပြဖျော်ဖြေသွားကြမည်ဖြစ်ကြောင်းသိရသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • MAR

  • 29 March 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၏ (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို  ၃၀-၃-၂၀၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့သည် ဝန်ကြီးဌာန၏ သက်တမ်း (၈)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးပင် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ  ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနေဖြင့် တိုင်းရင်းသားစာပေ သင်ကြားရေးဆရာ၊ ဆရာမများ ခန့်ထားရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုပုံနှိပ် ထုတ်ဝေသည့်ကိစ္စရပ်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုဖြန့်ဝေပေးခြင်းကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA အား (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင်  တိုင်းရင်းသားဘာသာ များသို့ ပြန်ဆိုစာအုပ်ထုတ်ဝေ၍ ဖြန့်ဝေခြင်းကိစ္စရပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာ အချက် အလက်များအား တိုင်းရင်းသားဘာသာသို့ ပြန်ဆိုခြင်းကိစ္စရပ်များ၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)အား အဆင့်မြှင့်တင်ခြင်းကိစ္စရပ်များ၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်းစသည့် ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဗလငါးတန် နှင့်ပြည့်စုံသူများဖြစ်စေရေးအတွက် မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်း(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကို လိုက်နာစောင့်ထိန်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ နှစ်ပတ်လည်အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားရလဒ်ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း  ပြောကြားပါသည်။           ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)    ၊ အခြေခံမူများ၊ ပုဒ်မ ၆၊ ၁၅၊  ၁၇ (ဂ)၊ ၂၂ တို့တွင် တိုင်းရင်းသားရေးရာနှင့် ပတ်သက်သော အချက်များ ပြဋ္ဌာန်းထားသည့်အတွက်   တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၃ အရ တိုင်းရင်းသားရေးရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်နှင့် အငြင်းပွားမှုများဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေ အပ်နှင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ တာဝန်ခွဲဝေ အပ်နှင်းထားသည့်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများကို ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လာမည့်နှစ်တွင်  ဝန်ထမ်းများအားလုံး အတွေးအမြင်သစ်၊ အားအင်သစ်များဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍  အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။           ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာ သင်တန်းများ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများ ချီးမြှင့်ပေးပြီး  ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခဲ့ပါသည်။           ယင်းနောက် ဝန်ထမ်းများက  တိုင်းရင်းသားရိုးရာအဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • MAR

  • 28 March 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဌာနတွင်းအခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့ နံနက်ပိုင်း တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတော်၏ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်စွမ်းအားစုတစ်ရပ်အဖြစ် ပါဝင်နိုင်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်စေရေးတို့အတွက် ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်နှင့်ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနမှ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊သင်တန်းသူ များအနေဖြင့် ယခုသင်တန်းမှ သင်ယူတတ်မြောက်ခဲ့သည့်ကွန်ပျူတာအခြေခံ သဘောတရား များကို အသုံးပြု၍ ရုံးလုပ်ငန်းများကိုပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့်အဆင့်မြင့် ITနည်းပညာများဖြစ်သည့် Artificial Intelligence (AI), Blockchain, Cloud Computing, Big Data စသည်ဖြင့် ဆန်းသစ်နေသော ပညာရပ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာကြရန် လိုအပ်ပါကြောင်း၊ "တတ်ပြီးပညာ မလေ့လာက မကြာမရှည်ပျောက်တတ်သည်" ဟူသော ဆိုရိုးစကားနှင့်အညီ သင်တန်းမှပို့ချခဲ့သည့်သင်ခန်းစာများကို အခြေခံ၍ လေ့လာသင်ယူမှုများ၊ လေ့ကျင့်မှုများ စဉ်ဆက်မပြတ်ဆက်လက်ပြုလုပ်သွားပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချမည်ဆိုပါကပိုမိုစွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းများ ဖြစ်လာကြမည်ဟုယုံကြည်ပါ‌ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်မိမိတို့၏လုပ်ငန်းတာဝန်များကို အပြန်အလှန် လေးစားလိုက်နာခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့်အလေးထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မိမိဘဝတိုးတက်ရေးမှသည်မိမိဌာနတိုးတက်ပြီး အကျိုးစီးပွားရလဒ်ကောင်းများ ရရှိစေရန် ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်ကြပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုကွန်ပျူတာသင်တန်းသည် အခြေခံသင်တန်းဖြစ်ပြီး ထိုမှတစ်ဆင့်အလယ်အလတ်နှင့် အဆင့်မြင့် သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးရန်နှင့်လိုအပ်ပါက သင်ကြားမည့် ဆရာများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်နှီးနွယ်ဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူ၍သင်ကြားပေးရန် အကြံပြုလိုပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များကို အခြေခံ၍အင်တာနက်မှ တစ်ဆင့် ICT နည်းပညာများကို ဆက်လက်လေ့လာအသုံးချခြင်းဖြင့်စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ယင်းသို့လေ့လာရာတွင် အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိခြင်းသည် အရေးပါလှသဖြင့်အင်္ဂလိပ်စာကိုလည်း အထူးကျွမ်းကျင် တတ်မြောက်ရန် လိုအပ်ပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အဆင့်မြင့် ICT နည်းပညာများကိုဆက်လက်လေ့လာ၍ မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားစေခြင်းဖြင့် ဝန်ကြီးဌာန၏မျှော်မှန်းချက်၊ မူဝါဒနှင့် ရည်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင်အထောက်အပံ့ ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများကိုသင်တန်းနည်းပြများ အားလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကိုသင်တန်းသားများကိုယ်စားသင်တန်းသား(၁)ဦးနှင့် သင်တန်းသူများ ကိုယ်စားသင်တန်းသူ(၁)ဦး တို့ကိုလည်းကောင်း ပေးအပ်ရာ အသီးသီးလက်ခံရယူကြပါသည်။ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသားအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသူများအားဒုတိယ ဝန်ကြီးကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • MAR

  • 25 March 2024
  • နေပြည်တော်

ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။  ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့အခမ်းအနား သည် နိုင်ငံတော်ကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအားလုံး ရှင်းလင်းစွာ သိရှိနိုင်စေရေးအတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄)ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး စတင်အာဏာတည်သည့်အချိန်ကို သတ်မှတ်ခဲ့ခြင်း မရှိပါ ကြောင်း၊ ယခုအခါ နိုင်ငံတော်ကာကွယ်ရန် လိုအပ်လာသည့်အတွက် အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၄) ဖြင့်  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံသားတိုင်း သိရှိလိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊  အဆိုပါဥပဒေကို အခန်း (၈)ခန်း၊ ပုဒ်မပေါင်း (၃၃)ခုဖြင့် ပြဋ္ဌာန်းထားရှိပါကြောင်း၊  မြန်မာနိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရန်အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ  ၃၄၀၊ ၃၈၅ နှင့် ၃၈၆ တို့တွင်  ဖော်ပြထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာတစ်နိုင်ငံတည်းတွင်သာ ထူးခြားပြီး ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်း၍ ကျင့်သုံးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန် အကျုံးဝင်သည့် လူဦးရေ ၁၃ သန်းခန့်ရှိပြီး အမျိုးသားအင်အား ၆ သန်းကျော် အနက် ၁ ရာခိုင်နှုူန်းဖြစ်သော ၆ သောင်း ခန့်သာ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ပြီးပါက ဦးစားပေးအလိုက် ဝန်ထမ်း ခန့်အပ်ခြင်း၊ အလုပ်အကိုင်ရရှိခြင်းစသည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိတို့ရပ်ရွာ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်နိုင်ရေး၊ မိမိတို့၏ အကျိုး စီးပွားဖြစ်ထွန်းစေရေးမှစ၍ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်မည့် အချက်များကို ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် မိမိတို့၏ ရပ်ရွာချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် ဆောင်ရွက်ရသည့် တာဝန်ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရသည့်အတွက် လွန်စွာမှ မွန်မြတ်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို သေချာစွာလေ့လာ၍ တိုင်းရင်းသားပြည်သူများ လိုက်နာနိုင်ရေး အတွက်လည်း လက်ဆင့်ကမ်း အသိပညာပေး ရှင်းလင်းပြောကြားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် အမျိုးသားရေးတာဝန်(၃)ရပ်ကို လိုက်နာရန် တာဝန်ရှိသည့်အတွက်  ဝန်ထမ်းများအနေဖြင့် ယခုကာလတွင် မိမိတို့ ပတ်ဝန်းကျင်ရှိ တာဝန်ထမ်းဆောင်ကြရမည့် တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့်ဝေမျှပြီး နိုင်ငံတော်၏အကျိုးအတွက် ကျရာအခန်းကဏ္ဍမှတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း  ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍  စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်များ၊ လျာထားစီမံချက်၊ ကင်းလွတ် ခွင့်ရှိသူများ၊ ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းရမည့် အသက် အရွယ်အပိုင်းအခြား၊ သတ်မှတ်ကာလ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရသည့် အကြောင်းအရင်း၊ စစ်မှုထမ်းစနစ်နှင့်စပ်လျဉ်း၍ ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအကြောင်းတို့ကို ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့ စစ်မှုထမ်းများ ခေါ်ဆိုနိုင်ရန် စနစ်တကျ စီစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားများသာလျှင် ဂုဏ်ယူစွာ ဖြင့် စစ်မှုထမ်းဆောင်ခွင့် ရရှိခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်လာပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အင်အား တောင့်တင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အချင်းချင်း လေးစားယုံကြည် အကျိုးလိုလားပြီး ငြိမ်းချမ်းရေးရရှိ၍ စည်းလုံးညီညွတ်ကာ တိုင်းပြည်ငြိမ်းချမ်းသာယာ၍  နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ အခန်း(၈)ခန်းကို အသီးသီး ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • MAR

  • 21 March 2024
  • မွန်ပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ (၁၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင် အထည်ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစား စေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်း ဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်ငြိမ်းချမ်းသာယာမည်ဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်သည် ရေခံ၊ မြေခံ ကောင်းမွန်သည့် အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊  (၂၈.၁၀.၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေ အမှတ်(၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံ တင်ထားရှိမှသာ ဥပဒေနှင့်အညီ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအတွက် တရားဝင် အကူအညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအခင်မောင်ဦးက မွန်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် တိုဒေသအတွင်း ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ပါသည်။ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်  တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်‌တို့က မွန်၊ ကရင်၊ ဗမာ၊နှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ ကျပ် (၅) သိန်းစီ အသီးသီး ပေးအပ်ထောက်ပံ့ခဲ့ပါသည်။၎င်းနောက် ခေတ်အဆက်ဆက် မွန်တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုဝတ်စုံများ ဝယ်ယူထိန်းသိမ်းရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည့် ကုမ္ပဏီများအား  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်  တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်‌နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 21
  • MAR

  • 21 March 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား၊ သင်တန်းသူများ  တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း” ကို လာရောက်သင်ကြားပို့ချပေးသည့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နည်းပြဆရာမများ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသည် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများအား လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူ တတ်မြောက်စေရန်၊ တတ်မြောက်လာသည့်နည်းပညာကို ဖန်တီးအသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင် သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ  သင်တန်းပြီးမြောက်အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ  သင်ကြားပေးလိုက်သော ပညာရပ်များ၊ နည်းပညာများမှတစ်ဆင့် မိမိဘာသာ ဆင့်ပွား ဆန်းသစ်တီထွင်၍ ပိုမိုအရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်းများဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပြီး ဈေးကွက်သို့ တင်ပို့နိုင်မည်ဆိုပါက အချိန်တိုအတွင်း မိသားစုစီးပွားရေးတိုးတက် နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက် ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး မိမိတို့၏ နေ့စဉ် လစဉ် နှစ်စဉ် ဝင်ငွေများကို သမာအာဇီဝကျကျ ရှာဖွေဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ထို့အပြင် ဒေသထွက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာ ဒေသအလိုက် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်၍ မိမိဒေသတွင်သာမက တိုင်းဒေကြီး၊ ပြည်နယ် အသီးသီးရှိ  တိုင်းရင်းသားပြည်သူများ သုံးစွဲနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာ၊ ဗဟုသုတများကို အသုံးချ၍ ကိုယ်ပိုင်အသေးစား၊ အငယ်စားမှသည် အလတ်စားလုပ်ငန်းများ ထူထောင်ကာ  မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ဆောင်ရွက်နိုင်ရုံ သာမက ဝင်ငွေတိုးပွားပြီး ဘာသာ သာသနာအကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ကြပါ စေကြောင်း ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ ယခုလေ့လာသင်ယူခဲ့ရသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို  ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အကြိမ်ကြိမ် ပြန်လည်လေ့ကျင့်၍ တိုင်းဒေသကြီး၊ ပြည်နယ် များရှိ တိုင်းရင်းသားပြည်သူများအား ပြန်လည်မျှဝေ သင်ကြားပေးသွားရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအတွင်း၌လည်း အဆိုပါနည်းပညာများကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ဝန်ထမ်းများအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ဝယ်ယူ အားပေးခြင်းဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးတွင် တစ်ဖက်တစ်လမ်းမှ  အထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့်  အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည် ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာရပ်များသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးကလည်းကောင်း လက်ခံရယူကြပါသည်။ ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူအား  ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူအား ဒုတိယဝန်ကြီးကလည်းကောင်း၊ တတိယ ဆုရရှိသည့် သင်တန်းသားအား အမြဲတမ်းအတွင်းဝန်ကလည်ကောင်း အသီးသီးဆုများ ချီးမြှင့် ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပါသည်။                    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  သင်တန်းသား၊ သင်တန်းသူများမှ ထုတ်လုပ် ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများက ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။            

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • MAR

  • 14 March 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ  တတ်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ တတ်မြောက်လာသည့်နည်းပညာကို အသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်း နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက် (၃)ရပ်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟူ၍ ပါရှိပါကြောင်း၊ အဆိုပါဦးတည်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနသည်လည်း နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ MSME လုပ်ငန်းများ ကျယ်ပြန့်လာစေရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို  စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊  ထို့အပြင်  “ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်နိုင်ခဲ့ပြီး (၅-၂-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အေးသာယာမြို့၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါစင်တာတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများသို့  လာရောက်သင်ယူ ကြသည့် သင်တန်းသားများအတွက် နေစရိတ်၊ စားစရိတ်ငြိမ်း စီစဉ်ပေးလျက်ရှိပါကြောင်း၊   သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချပေးသည့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေးအတွက် ပြန်လည်အသုံးချနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင် အသေးစားလုပ်ငန်းများကို ထူထောင်နိုင်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှသည် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်ကို အထောက်အကူပြုနိုင်သည့် စီးပွားဖြစ်လုပ်ငန်း များဆီသို့ တက်လှမ်းနိုင်ရေးအတွက် မိမိကျရာအခန်းကဏ္ဍမှ အားကြိုးမာန်တက် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တာဝန် တစ်ရပ်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ဟူ၍  ပါရှိပါကြောင်း၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်ကြားပို့ချသည့် လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို အောင်မြင်စွာတတ်မြောက်၍ မိမိ ဒေသ ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားပြည်သူများအား အသိပညာ၊ နည်းပညာများ ပြန်လည်မျှဝေ သင်ကြားပေးနိုင်သူများဖြစ်ရန် ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် One Village One Product  (OVOP) ဖြင့်  နိုင်ငံအများစုသည် စီးပွားရေး အောင်မြင်မှု ရရှိလာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ကျေးရွာတစ်ခု ထုတ်ကုန် တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု(One Region One Product) ဟူသော အစီအစဉ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့်  အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်က ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့် အညီ MSME လုပ်ငန်းများအား ဖွံဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ပို့ချ ပေးသည့် ယခုသင်တန်းသည် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ပါစေကြောင်း ပြောကြားပါသည်။           ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။           ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် အသုံးပြုမည့် အ‌ထောက်အကူပစ္စည်း များကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ယခုသင်တန်းကို (၁၄-၃-၂၀၂၄) ရက်နေ့မှစ၍ (၅) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချ‌ပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်    

ဆက်လက်ဖတ်ရှုပါရန်
  • 13
  • MAR

  • 13 March 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ  ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက အွန်လိုင်းမှ တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/ ၂၀၂၄) ကို (၂၇-၂-၂၀၂၄)ရက်နေ့မှစ၍ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၅၈) ဦးတို့အား သင်တန်းပို့ချနိုင်ခဲ့ပါကြောင်း၊ သင်တန်းကို အောင်မြင်ပြီးမြောက်အောင် အဖက်ဖက်မှ ဆောင်ရွက်ပေးကြသော သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့်တကွ တာဝန်ရှိသူများအားလုံး ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီး ဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားလာရေးကို ဦးတည်ပြီး ဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ် ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ် များနှင့် ရုံးလုပ်ငန်းများကို ကျွမ်းကျင်နှံ့စပ်စွာ သိရှိနားလည်ခြင်းအားဖြင့် ဌာနတွင်း လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ပြည်သူကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်ဖြစ်စေ ထိရောက်မှန်ကန် မြန်ဆန်စွာ ဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်ကြသူများဖြစ်သည့်အတွက် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးဆက်စပ် ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်သည်ကို  မိမိတို့၏ အသိစိတ်မှ သိရှိမှတ်သားထားရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန် သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်စေရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့တာဝန် ထမ်းဆောင်လျက်ရှိသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင်လည်း ပြည်သူ့ဝန်ဆောင်မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စိတ်ထားစေတနာ မှန်ကန်စွာဖြင့် ဝိုင်းဝန်း‌ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြား ပို့ချခဲ့သည့် ဘာသာရပ်များကို ကောင်းမွန်စွာ လေ့လာမှတ်သားပြီး လုပ်ငန်းခွင်၊ လက်တွေ့ နယ်ပယ်များနှင့်ချိတ်ဆက်၍ စဉ်ဆက်မပြတ်လေ့လာကြိုးစား အားထုတ်ပြီး လုပ်ငန်းခွင်တွင် ထိရောက်မှန်ကန်စွာ လက်တွေ့ကျကျ အသုံးချဆောင်ရွက်ပါက အောင်မြင်မှုရရှိ လာမည် ဖြစ်ပါကြောင်း၊ သင်တန်းမှ ရရှိသည့် အတွေးအခေါ်၊ ဗဟုသုတများကို အခြေခံ၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ အကျိုးစီးပွားကို ရလဒ်ကောင်းများ ဖြစ်ထွန်းစေရေးအတွက် မိမိတို့တာဝန်ကျရာ နေရာဒေသ၊ အခန်းကဏ္ဍများမှ အားကြိုးမာန်တက် စဉ်ဆက်မပြတ် ဆက်လက် တာဝန် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားလည်ပတ်ရေးအတွက် မောင်းနှင်အားပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်ဆိုသည့် စကားအတိုင်း နိုင်ငံတော်၏ ယန္တရားများ ဟန်ချက်ညီစွာ လည်ပတ်နိုင် ရေးအတွက်  ဝန်ထမ်းများ အရည်အချင်းပြည့်ဝပြီး လုပ်ငန်းပိုင်ဆိုင်ရာ အသိအမြင်ဗဟုသုတ ကြွယ်ဝသော စွမ်းဆောင်ရည်မြင့်မားတိုးတက်သည့် ဝန်ထမ်းများဖြစ်စေရေးအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချ မှုများကို လေ့လာမှတ်သားလိုက်နာပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လိုအပ်သလို အသုံးချ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက ခေါ်ယူသောသင်တန်းများ၊ ဌာနတွင်းသင်တန်းများ အားလုံးကို တက်ရောက်ခြင်းဖြင့် စွမ်းဆောင်ရည် တိုးတက်မြင့်မားလာပြီး လုပ်ငန်းတာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ဆင်ခြင်တုံတရားများဖြင့် အမှားအမှန်ကို ခွဲခြားစိတ်ဖြာဆန်းစစ်နိုင်သော အသိပညာရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို မြှင့်တင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)၊ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသည့် အဖွဲ့အစည်းအပေါ်တွင် သစ္စာရှိသော၊ တာဝန်ယူသော၊ လိုလားတက်ကြွ စွာဖြင့် ထမ်းဆောင်သော ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်ဆောင်ရွက်ရင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးကလည်းကောင်း လက်ခံရယူကြပါသည်။           ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား (၁) ဦးက ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။          

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • MAR

  • 05 March 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက Onlilne စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။  ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် (၁-၈-၂၀၂၃) ရက်နေ့မှ (၃၁-၁-၂၀၂၄) ရက်နေ့ထိ (၆) လပတ်ကာလအတွင်း ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်  အစည်းအဝေးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး များမှ တာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်သွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် ပြည့်ဝမြင့်မားရေးသည်လည်း လွန်စွာအရေးကြီးပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားစီမံကိန်းဥပဒေပါ လုပ်ငန်း ၂၄ ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၆) လပတ် ကာလအတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာကို ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ (၅-၂-၂၀၂၄) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ခြင်း ကိစ္စရပ်များ၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားစာပေ သင်ကြားရေး အထောက်အကူပြု (TA) ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားစာပေသင် (LT) ဆရာ၊ ဆရာမများ ခန့်ထားနိုင်ခဲ့ခြင်းကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တရားဝင် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို မြန်မာ+တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုထုတ်ဝေနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များကို အချိန်မီပြီးစီး၍ အောင်မြင်ရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်း ထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများအားလုံး အောင်မြင်ထမြောက်အောင် မိမိတို့ကျရာ ကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ အခြေခံမူများ၊ ပုဒ်မ ၆ (ခ) နှင့် ၂၂ တို့အရ  ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနကို ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများအနေဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအကြား ကောင်းမွန် ပြေလည်စွာ ဆက်ဆံနိုင်သော အရည်အချင်းရှိရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်၊ မိမိတို့ဝန်ကြီးဌာနကို တန်ဖိုးထားလေးစားရန်နှင့် မိမိတို့၏တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး စီမံအုပ်ချုပ်မှုကောင်းမွန် သူများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ခံများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများ ပြုစုရေးဆွဲရေး နည်းစနစ်တို့ကို ကျေညက်စွာ ဖတ်ရှုသိရှိထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကိုးကွယ် ယုံကြည်သည့် ဘာသာတရား အဆုံးအမများနှင့်အညီ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကျင့်ကြံနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန် အမှီသဟဲပြုနေသဖြင့် တိုင်းရင်းသား များ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို တင်ပြကြပါသည်။ ယင်းနောက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံ အရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။     ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများအနေဖြင့် မိမိုတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စများကို အားကြိုးမာန်တက်ဆွေးနွေးတင်ပြခြင်း၊ အကြံပြုတင်ပြခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အတွင်းရှိ အရာထမ်း၊ အမှုထမ်းများ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်နှင့် လုံခြုံရေးအသိ၊ လုံခြုံသတိဖြင့် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် ဒို့တာဝန် အရေး(၃)ပါး ကိုမမေ့လျော့ဘဲ နိုင်ငံသူ၊ နိုင်ငံသားများ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ အားကြိုးမာန်တက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • FEB

  • 29 February 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကွန်ပျူတာ နည်းပညာသည် တတ်သင့်တတ်အပ်သည့် ပညာရပ်ဖြစ်သည့်အတွက်  တတ်သင့်တတ်အပ်သည့် အတတ်ပညာများကို တတ်မြောက်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် စွမ်းအားစုတစ်ရပ်အဖြစ် ပါဝင်နိုင်ရေးနှင့် ကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်စေရေးတို့အတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်၊ လူရွယ်၊ လူလတ်များ လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ဝန်ကြီးဌာန၏ အရေးကြီး ဦးစားပေး လုပ်ငန်းစဉ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ပြီး လိုအပ်သည့် အခြားသင်တန်းများကိုလည်း အလေးထားဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် နည်းပညာဖွံ့ဖြိုးမှုသည် တစ်နေ့ထက် တစ်နေ့ တိုးတက်ပြောင်းလဲနေပြီး ကမ္ဘာကြီးက ရွာကြီးတစ်ရွာသဖွယ် ကူးလူးဆက်ဆံမှုများ ပိုမိုလျင်မြန်လာနေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ဝန်ကြီးဌာနတွင်းဖြစ်စေ၊ အခြား မိတ်ဖက်ဝန်ကြီးဌာနများနှင့် ဖြစ်စေ၊ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနများတွင်ဖြစ်စေ၊ နိုင်ငံတကာအစိုးရများနှင့် ဖြစ်စေ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလျင်မြန်လာစေရန် ကွန်ပျူတာ စွမ်းရည်သည် မရှိမဖြစ်လိုအပ်နေပြီး အဆင့်မြင့်နည်းပညာများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်   မြှင့်တင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် အခြေခံမျှသာဖြစ်၍ ဆက်လက် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုများ ပြုလုပ်သွားကြမည်ဆိုပါက ရုံးလုပ်ငန်းတွင် ကွန်ပျူတာ ကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းမှလေ့လာသင်ယူခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စနစ်တကျ နည်းလမ်းမှန်ကန်စွာဖြင့် ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက်ကြိုးစားသွားကြရန် အလေးအနက် မှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် အပြန်အလှန်လေးစားလိုက်နာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် လေ့လာသင်ယူကြရန်ဖြစ်ပြီး မိမိဘဝတိုးတက်ရေးမှသည် မိမိဌာနတိုးတက်ရေး အပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် စွမ်းအားစုတစ်ရပ်အနေဖြင့် သစ္စာရှိမှန်ကန်စွာဖြင့် အကျိုးရလဒ်ကောင်း မြောက်များစွာကို ဆောင်ကြဉ်းပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။           ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကွန်ပျူတာအကြောင်း သိကောင်း စရာများကို ပြောကြားပြီး၊  Information Technology (IT)ခေတ်တွင် ကွန်ပျူတာသည် မရှိမဖြစ် အသုံးဝင်၍ တတ်မြောက်ရန်လည်း လိုအပ်ပါကြောင်း၊ ကွန်ပျူတာအခြေခံကောင်း မှသာ ကွန်ပျူတာနှင့် ဆက်စပ်သော နည်းပညာများကို အကျိုးရှိစွာ အသုံးချပြီး အဆင့်မြင့် တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် နည်းပညာတိုးတက်မှုကြောင့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ တိုးတက်လာသည်ကို မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ ကွန်ပျူတာသည် ကမ္ဘာကြီးကို ကြီးစိုးသော Artificial Intelligence (AI) နည်းပညာတစ်ခု ဖြစ်ပြီး အခြေခံကွန်ပျူတာ တတ်မြောက်ပြီးပါက Chat GPT ကဲ့သို့ AI နည်းပညာများကို ဆက်လက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ခေတ်တွင် အင်္ဂလိပ်စာ၊ အင်တာနက်၊ အိုင်တီ (Information Technology) တို့ကိုလည်း ကျွမ်းကျင်နှံ့စပ်စွာ တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ ပညာရပ်တစ်ခုကို သင်ယူရာတွင် နောက်ကျသည်ဟူ၍ မရှိဘဲ စတင်သင်ယူ နိုင်ရန်သာ အရေးကြီးပြီး နောက်ဆုံးတွင် အောင်မြင်မှု၏ အသီးအပွင့်များကို ရရှိခံစားရမည်ဖြစ် ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချနိုင်ရေးအတွက် နိုင်ငံတော်က ထုတ်ပြန်ထားရှိသည့် ရုံးလုပ်ငန်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဂရုပြုပြီး ဆက်လက်ကြိုးစားသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။           ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။            ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၃) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။    

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • FEB

  • 27 February 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေး ဆောင်ရွက် ရန်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်း လိုက်နာရန်နှင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေ့ရှုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ မိမိတို့တင်ပြလိုသည်များကို ယနေ့တွေ့ဆုံပွဲတွင် ပွင့်လင်းစွာတင်ပြစေလိုကြောင်း ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စေရန် စိတ်ဓာတ်ခွန်အား ပေးလိုပါကြောင်း၊ ယနေ့ကမ္ဘာပေါ် တွင် နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားကြောင့် ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခြေအနေများ နှင့် စီးပွားရေးအခြေအနေများကို ရှင်းလင်း ပြောကြားပြီး အရာရာအပေါ်တွင် အကောင်းမြင်သည့် စိတ်ထားရှိရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ပေးအပ် သည့် တာဝန်များကို ကျေပွန်စွာ  ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာတို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းကျင့်ကြံ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနနှင့် နိုင်ငံတော်အပေါ် သစ္စာရှိပြီး နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်အခြေခံလျက် နိုင်ငံ့အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြပါရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်း(၃) ဦးအား ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အသီးသီးဆုများ ချီးမြှင့်ခဲ့ကြပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • FEB

  • 27 February 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang    နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်  နေထိုင်ခြင်း ရှိ/မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ/မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေးတို့အတွက်   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိ မှု အခြေအနေ၊ LED မီးတပ်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦကြံ့ခိုင်မှု အခြေအနေများနှင့် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မိမိတို့တိုက် ပတ်ဝန်းကျင်သန့်ရှင်းရေးကို နေ့စဉ်/အပါတ်စဉ်အလိုက် ပူးပေါင်း ဆောင်ရွက်ရန်၊ ရေနုတ်‌မြောင်းများအား ရေစီးရေလာကောင်းမွန်အောင် စုပေါင်းဆောင်ရွက် ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်ကြ ရန်နှင့် လျှပ်စစ်မီးလုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင် ရွက်ရမည်တို့ကို မှာကြားပြီး တိုက်ခန်းနေ မိသားစုများအား လိုအပ်ချက်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • FEB

  • 27 February 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများ နှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူး ရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ သင်တန်းသား၊ သင်တန်းသူများက  Onlilne စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အမှုထမ်းများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်ရာတွင် အရည်အသွေး နှင့်လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖော် ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ  ဝန်ကြီးဌာနတွင်း သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ အခါအားလျော်စွာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ခေါ်ယူသည့် သင်တန်းများအား တက်ရောက်စေခြင်းဖြင့်  ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံသည် ပညာရေးနှင့် ကျန်းမာရေးတို့ပင်ဖြစ်ပါကြောင်း၊ အသိပညာ ဗဟုသုတနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့သည် ဆက်စပ်လျက်ရှိသည့်အတွက်  အသိပညာဗဟု သုတကို စဉ်ဆက်မပြတ်ရှာဖွေပြီး အပတ်တကုတ်လေ့ကျင့်သွားမည်ဆိုပါက လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များ မြင့်မားလာနိုင်မည်ဖြစ်ပြီး ရုံးဌာနအသီးသီးတို့၏ လုပ်ငန်းတာဝန်များကို အမှားအယွင်းနည်းစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  မိမိတို့ ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ စံပြုလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်စွာ သိရှိထားခြင်းအားဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်ပြီး ပြည်သူကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ ပြည်သူတို့၏ ရပိုင်ခွင့် အခွင့်အလမ်း များကို အထောက်အကူပြုပေးရာတွင်ဖြစ်စေ ထိရောက်မှန်ကန်လာမည်ဖြစ်ပါကြောင်း၊  ဝန်ထမ်းတိုင်း ကျရာနေရာကဏ္ဍမှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန် စီမံချက်များရေးဆွဲပြီး စဉ်ဆက်မပြတ် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ အမှုထမ်းများအနေဖြင့် ပို့ချမည့် ဘာသာရပ်များအား ကောင်းမွန်စွာလေ့လာ မှတ်သားပြီး လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် မှန်ကန်စွာ လက်တွေ့ကျကျ အသုံးချ ဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် နိုင်ငံတော်အစိုးရ ကိုယ်စား တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပါကြောင်း၊ အစိုးရ နှင့်ပြည်သူများအကြား ပေါင်းကူးဆက်စပ်ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင် ပေးနိုင်သူများဖြစ်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို ကောင်းစွာသိရှိနားလည်ပြီး ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမ္မာဓိရှိရှိဖြင့် နိုင်ငံ့ဝန်ထမ်း များအတွက် ပြဋ္ဌာန်းထားရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန်နှင့် မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည် မြင့်မားမှုကို ပေါင်းစပ်ပြီး တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုများကို လက်တွေ့ နယ်ပယ်တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားမှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အောင်မြင်ခြင်းသည် တိုင်းရင်းသားများနှင့် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်ခန်းစာများ၊ ဘာသာရပ်များကို အခြေခံပြီး တစ်ဦးချင်းစီက ကိုယ်ပိုင်အရည်အချင်းများဖြင့် ကျရာနေရာ၊ ကျရာအခန်းကဏ္ဍမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတည်ဆောက်ရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။           ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ရက်သတ္တ(၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 26
  • FEB

  • 26 February 2024
  • ချင်းပြည်နယ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည်  ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။  ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရန်နှင့် အလေအလွင့်၊ ဆုံးရှုံးမှု၊ မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အရည်အချင်းကို စဉ်ဆက်မပြတ်တိုးတက်စေရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒများ၊ ဝန်ကြီးဌာန၏မူဝါဒများ၊ မျှော်မှန်းချက် များနှင့်အညီ လုပ်ငန်းစဉ်များကို  ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  နိဂုံးချုပ်အနေဖြင့် ဒို့ တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာကဏ္ဍမှ  ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ချင်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြကာ ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများသက်သက်ချောင်ချိရေးအတွက် ချင်း ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • FEB

  • 24 February 2024
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang    နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်              ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်  နေထိုင်ခြင်း ရှိ/မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ/မရှိနှင့် မသက်ဆိုင် သူများ နေထိုင်မှုမရှိစေရေးတို့အတွက်   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူ သီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်း အိမ်ရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိ မှု အခြေအနေ၊ LED မီးတပ်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦကြံ့ခိုင်မှု အခြေအနေများ နှင့် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မိမိတို့တိုက် ပတ်ဝန်းကျင်သန့်ရှင်းရေးကို နေ့စဉ်/အပါတ်စဉ်အလိုက် ပူးပေါင်း ဆောင်ရွက်ရန်၊ ရေနုတ်‌မြောင်းများအား ရေစီးရေလာကောင်းမွန်အောင် စုပေါင်းဆောင်ရွက် ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်ကြ ရန်နှင့် လျှပ်စစ်မီးလုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင် ရွက်ရမည်တို့ကို မှာကြားပြီး တိုက်ခန်းနေ မိသားစုများအား လိုအပ်ချက်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်