တိုင်းရင်းသားလူမျိုးစုများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ ထုံးတမ်းများ ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသို့ ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှာရှိသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ (၁၁)ဖွဲ့ ကို တိုင်းရင်းသားများ၏ စာပေထွန်းကားရေး၊ ရိုးရာတူရိယာများ၊ အသုံးအဆောင်များ ဝယ်ယူ စုဆောင်းနိုင်ရေး၊ ရိုးရာအထည်ချုပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးစသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် သိန်း လေးရာငါးဆယ်တိတိကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရန်ပုံငွေများ ပေးအပ် ရာတွင် မိမိတို့တိုင်းရင်းသားများအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိမည့် တိုင်းရင်းသားရေးရာနှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင် အကျိုးရှိရှိ အသုံးပြုကြရန် မှာကြား လိုပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး၍လည်း ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် သွားကြ မည်ဆိုပါက လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြား ရာတွင် မိမိတို့ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများလည်း စုံလင်လှသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ မတူညီသော်လည်း အချင်းချင်းစည်းလုံး ညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်လေးစားမှုနဲ့ရိုင်းပင်းကူညီမှုရှိဖို့ အလွန်လိုအပ်ပါ ကြောင်း၊ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (၁၁)ဖွဲ့သို့ ရန်ပုံငွေများပေးအပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသို့လည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ ကိုးကန့်၊ ထနော့၊ လီဆူ၊ ယင်းကြားနှင့် ယင်းနက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ (၁၁)ဖွဲ့ထံသို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကိုယ်စား တိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများလိုက်ပါလျက် စက်တင်ဘာလလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက် နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရ မည်မှာ မိမိတို့တိုင်းရင်းသားတိုင်းတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းပြည်အေးချမ်း သာယာမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များအနေဖြင့် မိမိဒေသ အေးချမ်းသာယာရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်းက ကယား ပြည်နယ်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။ ယင်းနောက် ကယား၊ ကယန်း၊ ကယော၊ ကရင်၊ ဂေဘား၊ ယင်းတလဲ၊ မနုမနော၊ ရှမ်း၊ ပအိုဝ်း၊ ဗမာနှင့် အင်းသား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ၊ တိုင်းရင်းသားဘာသာစာပေသင်ကြားရေးဆိုင်ရာများ၊ ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားပါသည်။ ယင်းနောက် ဝန်ထမ်းများက ရုံးလုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းရုံးအဆောက်အဦသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများလိုက်ပါလျက် အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာအတွင်းရှိ အလုပ်ရုံဆောင်၊ စားရိပ်သာဆောင်၊ သင်တန်းခန်းမဆောင်များနှင့် သင်တန်းသူ/သင်တန်းသားအိပ်ဆောင် များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားပါသည်။ ယင်းနောက် သင်တန်းစင်တာတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံပြီး တာဝန်ခံ ညွှန်ကြားရေးမှူးက သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နေမှုများ၊ ဖွင့်လှစ်သွားမည့်သင်တန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်းပြီး power point ဖြင့်ရှင်းလင်းတင်ပြကာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို ချိုးခြံချွေတာပြီး အကျိုးရှိရှိအသုံးပြုနှင့် ဘဏ္ဍာရေးလုပ်ထုံး/လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားပါသည်။ ယင်းနောက် သင်တန်းစင်တာ၌ ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စခန်းသွင်းလေ့ကျင့်နေသည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် တိုင်းရင်းသားလူငယ်မောင်မယ်များ၏ ပြိုင်ပွဲဝင် လေ့ကျင့် နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းစင်တာ ပင်မခန်းမဆောင်အတွင်း၌ တွေ့ဆုံအားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် ဝန်ကြီးဌာနရှိဝန်ထမ်း သား/ သမီး များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ နေပြည်တော် တိုင်းပညာရေးမှူး၊ နေပြည်တော် ပျဉ်းမနား MSME မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုုးများ ရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 အထိ ပညာသင်ယူနိုင်ရေး၊ ကျောင်းထွက်နှုန်းလျော့နည်းရေး စသည့်အစီအစဉ်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးသည် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သည့် အတွက် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်၍ မျိုးဆက်သစ်များ မွေးထုတ်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြ ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသရှိ ကရင်၊ ကယန်းနှင့် ပအိုဝ်း တိုင်းရင်းသားများနှင့် ဌာနရှိဝန်ထမ်း သား/ သမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်များတွင် ပညာသင်ယူနေသည့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၂၁၅)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ တိုက်တွန်း နှိုးဆော်ခြင်းပင်ဖြစ်ပါကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်ရာ မိဘများအနေဖြင့် မိမိတို့၏ သားသမီး များအား ထူးချွန်ထက်မြက်သူများဖြစ်လာစေရန် ပြုစုပျိုး‌ထောင်ပေးကြစေလိုပါကြောင်း ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း အသိပညာ၊ အတတ်ပညာကြွယ်ဝပြီး ဗလငါးတန်ဖြင့် ဘက်စုံတော်သည့် လူတော်လူကောင်းများ ဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်နှင့် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားများ အကျိုးကို ရှေးရှု၍ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင် တို့က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ကာ အမြဲတမ်းအတွင်းဝန်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် တက်ရောက်နေသော ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၄) ဘာသာဂုဏ်ထူးရှင် ကရင်ဖြူတိုင်းရင်းသူ မမြတ်စုဝင်းက ကျောင်းသား/ကျောင်းသူများကိုယ်စား ကျေးဇူတင်စကား ပြောကြားပါသည်။ ပြီးနောက် ကရင်၊ ကယန်း၊ ပအိုဝ်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက အလှများဖြင့် ဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့်ဝန်ကြီးဌာနရှိ ဝန်ထမ်း သား/သမီးများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ များနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသမှ MSME ထုတ်ကုန်များနှင့် ဝန်ကြီးဌာနရှိ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများအတွင်း ခင်းကျင်းပြသထားသော တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများ၊ တူရိယာများနှင့် အသုံးအဆောင်ပစ္စည်းများကို စိတ်ဝင်တစား လှည့်လည် ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၃၀) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ် သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ရုံးလုပ်ငန်းတာဝန်ထမ်း ဆောင်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းတင်ပြဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်ရသည့်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် အမြဲတွေ့ဆုံထိတွေ့ရန်လိုကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်းများကို ရှင်လင်းတင်ပြီး ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် တိုင်းရင်းသားရေးရာစင်တာအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားရေးရာ စင်တာများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက် တို့ဖြင့် တည်ဆောက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရေးရာစင်တာတွင် တိုင်းရင်းသားများ အတွက် အကျိုးရှိရှိအသုံးပြုရန်လိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစာပေသင်တန်းများနှင့် ရိုးရာယဉ်ကျေးမှုအကသင်တန်း စသည်များကို စီမံချက် ရေးဆွဲဖွင့်လှစ်စေလိုပါကြောင်း မှာကြားပြီး ဒေသခံတိုင်းရင်းသားလူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ပုလဲဧကရီခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူ များနှင့် ကရင်တိုင်းရင်းသား တိုင်း‌ရင်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ ထားဝယ်မြို့၊ ချမ်းသာကြီးကျောင်းတိုက်ဆရာတော်၊ မြလင်းအေးဘေးမဲ့တောရ ဆရာတော်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးတို့က ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အခမ်းအနားတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းဖြင့် အလေးပြုကြပြီး ကရင်အမျိုးသားသီချင်းဖြင့်ဂုဏ်ပြုကာ ချမ်းသာကြီးကျောင်းတိုက် ဆရာတော်၊ မြလင်းအေးဘေးမဲ့ တောရဆရာတော်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောမာတင်လူသာ၊ နော်မေးဒြက်နှင့် ဖာသာဂျိုးဇက်သိန်းခင်တို့က အခမ်းအနားကို ဖားစည်တီး၍ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း ၁ ရက်နေ့မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ ရှိသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်တိုင်းရင်းသား ဘိုးဘွားများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်း ကျင်းပခဲ့ကြသည့် ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့် မကောင်းသည့် ဖြစ်ပျက်မှု၊ ဖြစ်စဉ်၊ အကြောင်းအရာများ ပျောက်ပျက်ပြီး ကောင်းမွန်သည့် မင်္ဂလာတရားများ မိမိတို့ထံသို့ သက်ဝင်ရောက်ရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ကြသည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ အခမ်းအနားတွင် အသုံးပြုသည့် ပစ္စည်း ၇ မျိုးဖြစ်သော ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သော ရေနှင့် ကြံပိုင်းတို့သည် မိသားစု၏ စည်းလုံးညီညွတ်ခြင်း၊ အေးချမ်းသာယာခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းနှင့် ကောင်းမွန်သော မင်္ဂလာတရားများ သက်ဝင်စေခြင်း စသည့် အနက်အဓိပ္ပာယ်များအသီးသီး ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဤအခြင်းအရာ များကို ကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏ စနစ်တကျ စုပေါင်းညီညာ ဆောင်ရွက်တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များကို လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်တတ်မှုများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်သည် မိသားစုများအားလုံး စည်းစည်းလုံးလုံးဖြင့် ပြန်လည်တွေ့ဆုံကြပြီး လက်ရည်တပြင်တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများတိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းခြင်းတို့ကို ထုတ်ဖော်ဆောင်ရွက်ကြသည့် ထူးမြတ် သော မင်္ဂလာအခမ်းအနားလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခမ်းအနားကို ကရင်ဘိုးဘွား များက လူငယ်မောင်မယ်များသို့ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ပြီး အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးသဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရပ်ရွာအကျိုး၊ ဒေသအကျိုးနှင့် ပြည်ထောင်စုနိုင်ငံတော်အကျိုးကို ဆထက်ထမ်းပိုး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အမှာစကား ပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနားများ၊ ရိုးရာဓလေ့ပွဲတော်များ၊ တိုင်းရင်းသားလူငယ်စကားဝိုင်းနှင့် ယဉ်ကျေးမှုအကသင်တန်းများ၊ တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအား ထောက်ပံ့ပေးခြင်းများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံအားကစားပြိုင်ပွဲ အားကစားပြိုင်ပွဲအတွက် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ကျင်းပသည့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသည် ကရင်တိုင်းရင်းသား များ၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်း တတ်သောလူမျိုးအဖြစ် တည်တံ့စေရန်နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊ မျိုးဆက်သစ်လူငယ်များ မိမိတို့ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်း တတ်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြီး အနှစ်သာရရှိသည့်ပွဲတော်ဖြစ်ပါကြောင်း၊ ယခုလို အနက်အဓိပ္ပါယ်ပြည့်စုံသည့် ရိုးရာဓလေ့ပွဲတော်များကို အစဉ်အလာမပျက် လူငယ်များအား လက်ဆင့်ကမ်း ထိန်းသိမ်းကြစေရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပသည့် သမိုင်း ကြောင်းနှင့်စပ်လျဉ်း၍ ကရင်တိုင်းရင်းသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ထားဝယ်ပညာရေး ဒီဂရီကောလိပ်နှင့် ထားဝယ်တက္ကသိုလ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့မှ ကရင်ရိုးရာ ဒုံးအကဖြင့်လည်းကောင်း၊ Azalea Stars အကအဖွဲ့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက အလှများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး တနင်္သာရီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဦးစောအောင်ထွဋ်က ကျေးဇူးတင်စကားပြောကြားပါသည်။ ဆက်လက်ပြီး ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲစတင်ရန် ကရင်ဘိုးဘွားများနှင့် ကရင်လူငယ်မောင်မယ်များက လက်ချည်ပွဲအသုံးအဆောင် ၇ မျိုးပါသည့် စကောများသယ်ဆောင်လာ၍ နေရာယူပြီး ကရင်ဘိုးဘွားများက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အခမ်းအနား တက်ရောက်လာကြသူများအား ချည်ဖြူဖွဲ့ပေးကြပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် အားကစားကို ချစ်ခင်မြတ်နိုးသည့် ဒေသခံပြည်သူများသည် ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို သွားရောက်ကြည့်ရှု အားပေးပြီး ပြိုင်ပွဲယှဉ်ပြိုင် ထိုးသတ်ကြသည့် အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်ရေးသည် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုအသီးသီးတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများ းသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများကို တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း နိုင်ငံတော်က “မူ”အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားစည်လုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးသည့်အတွက် တိုင်းရင်းသားလူမျိုးအချင်းချင်း အမုန်းပွားစေသည့် လူမျိုးစွဲ၊ ဒေသစွဲ စိတ်ထားများရှောင်ရှားကြရန်နှင့် အတ္တစိတ်များ မထားရှိကြရန်လိုပါကြောင်း၊ မိမိတို့၏တိုင်းရင်းသားဒေသများတွင် ကြုံတွေ့နေရသည့်အခက်အခဲများ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို ပွင့်လင်းစွာတင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ တင်ပြသည့်အချက်များကို သေချာစွာ မှတ်သားပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာက တွေ့ဆုံအမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် လွှတ်တော်လမ်းကြောင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် မွန်၊ ကရင်၊ ထားဝယ်နှင့် မော်ကယ်(ဆလုံ) တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက တိုင်းရင်းသားဘာသာစာပေသင်ဆရာ/ဆရာမများ၏ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်းရင်းသားစာယဉ်အဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေး ကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖေါ်ပြထားမှုများကို ပြင်ဆင်ခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိရောက်စွာဆောင်ရွက် နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ခရိုင်ရုံးခွဲများ ဖွင့်လှစ်ပေးနိုင်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်အတွက် အားပေးကူညီဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ် များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှု ဖြစ်မြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရစေမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှု များမဖြစ်မီ ကြိုတင်တားဆီး ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းအတွင်း ရိုးသားမှု၊ ဖြောင့်မတ်မှု၊ တာဝန်ယူမှုနှင့် ပြည်သူ့အကျိုး ဦးစားပေးမှုတို့ကို အလေ့အကျင့်ကောင်းများ အဖြစ် တည်ဆောက်နိုင်မှသာ ရေရှည်တည်တံ့သည့် အဂတိကင်းရှင်းသော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ယနေ့အခမ်းအနားမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သား လိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို သတိပြုရှောင်ရှားကြရန်၊ မသမာမှု များ၊ မသင့်လျော်သော အကျိုးခံစားခွင့်များနှင့် အဂတိလိုက်စားမှုဆိုင်ရာ အပြုအမူများကို တွေ့ရှိပါက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများထံ တင်ပြကြရန်နှင့် အဂတိတရားကင်းရှင်းပြီး နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးပြုနိုင်မည့် ဝန်ထမ်းကောင်းများ ဖြစ်ကြစေရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို လုံးဝသည်းမခံ၊ ခွင့်မလွှတ်သည့် Zero tolerance အသိုက်အဝန်း တည်ဆောက်နိုင်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာတည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ကော်မရှင်အနေနှင့် ဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ပြီး အများပြည်သူဆိုင်ရာကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံ့ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားပါသည်။ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြပါသည်။ ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဆန်းတင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စား မှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ခေါင်းဆောင်၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြို့ကြီးရပ်ကွက်တွင် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) တည်ဆောက်မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစင်တာတည်ဆောက်မည့် မြေဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များမှာကြားပါသည်။ ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဌာနပိုင်မြေပေးမိန့်ရရှိရန်အတွက် ဆောင်ရွက်ထားရှိမှု၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) တည်ဆောက်မည့် စီမံကိန်းအပိုင်း ၅ ခု၏ မြေနေရာများနှင့် တည်ဆောက်မည့်အဆောက်အဦများ၊ ဘဏ္ဍာရေး နှစ်အလိုက် စီမံကိန်းလျာထားဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့သည် နိုင်ငံတော်က Smart City အဖြစ် ဘက်စုံအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေသည့်မြို့ဖြစ်သည့်အတွက် ယခုဆောက်လုပ်မည့် သင်တန်းစင်တာသည်လည်း အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ပါကြောင်း၊ သင်တန်းစင်တာ ဆောက်လုပ်ရန်အတွက် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံကိန်းအပိုင်း ၅ ခုကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်နှင့် ဘဏ္ဍာရေးနှစ်ကာလအတွင်း သတ်မှတ်စံချိန်စံညွန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် တည်ဆောက်နိုင်ရေးကို တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ကွပ်ကဲရန်လိုကြောင်း မှာကြားပါသည်။ အဆိုပါ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး သင်တန်းစင်တာတည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များအား ဒေသနှင့် ကိုက်ညီသည့် ပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အလုပ် အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာဆောင်ရွက် နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား စကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်ရေးသည် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုအသီးသီးတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု များကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်း များသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများကို တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း နိုင်ငံတော်က “မူ”အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ တိုင်းရင်းသားလူငယ်များ၏အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်အတွက် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းစင်တာတည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များနှင့် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့ နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ကရင်၊ အရှို(ချင်း)၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များက တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကသင်တန်းများ ဖွင့်လှစ် ပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်းရင်းသားစာယဉ်အဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖေါ်ပြထားမှုများကို ပြင်ဆင်ခွင့်ရရှိရန်အတွက် ကူညီဆောင်ရေးပေးနိုင်ရေး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးများ ဆောက်လုပ်နိုင်ရန်အတွက် သင့်လျော် သည့်မြေနေရာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နွေရာသီ တိုင်းရင်းသာဘာသာစာပေသင်ကြား ရာတွင် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာများတွင် လမ်း၊ တံတား များဖောက်လုပ်ပေးရေးနှင့် ပြင်ဆင်ပေးရေးစသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးဝင်းနိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် ဦးစီးဌာနများမှ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို power point ဖြင့် ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာဆောင်ရွက် နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား စကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်ရေးသည် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုအသီးသီးတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု များကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်း များသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများကို တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း နိုင်ငံတော်က “မူ”အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ တိုင်းရင်းသားလူငယ်များ၏အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်အတွက် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းစင်တာတည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များနှင့် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့ နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ကရင်၊ အရှို(ချင်း)၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များက တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကသင်တန်းများ ဖွင့်လှစ် ပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်းရင်းသားစာယဉ်အဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖေါ်ပြထားမှုများကို ပြင်ဆင်ခွင့်ရရှိရန်အတွက် ကူညီဆောင်ရေးပေးနိုင်ရေး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးများ ဆောက်လုပ်နိုင်ရန်အတွက် သင့်လျော် သည့်မြေနေရာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နွေရာသီ တိုင်းရင်းသာဘာသာစာပေသင်ကြား ရာတွင် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာများတွင် လမ်း၊ တံတား များဖောက်လုပ်ပေးရေးနှင့် ပြင်ဆင်ပေးရေးစသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးဝင်းနိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် ဦးစီးဌာနများမှ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို power point ဖြင့် ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ကရင်တိုင်းရင်းသား/သူများ တက်ရောက်ကြပါသည်။ ဦးစွာ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လူမှုရေးရာ ဝန်ကြီး ဦးဗိုလ်ဌေးနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည် ၉ ချက်တီး၍ ကရင်လူငယ် ၉ ဦးတို့က ကျွဲချိုမှုတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း ၁ ရက်နေ့မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ ရှိသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်တိုင်းရင်းသား ဘိုးဘွားများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်း ကျင်းပခဲ့ကြသည့် ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့် မကောင်းသည့် ဖြစ်ပျက်မှု၊ ဖြစ်စဉ်၊ အကြောင်းအရာများ ပျောက်ပျက်ပြီး ကောင်းမွန်သည့် မင်္ဂလာတရားများ မိမိတို့ထံသို့ သက်ဝင်ရောက်ရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ကြသည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ အခမ်းအနားတွင် အသုံးပြုသည့် ပစ္စည်း ၇ မျိုးဖြစ်သော ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သော ရေနှင့် ကြံပိုင်းတို့သည် မိသားစု၏ စည်းလုံးညီညွတ်ခြင်း၊ အေးချမ်းသာယာခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းနှင့် ကောင်းမွန်သော မင်္ဂလာတရားများ သက်ဝင်စိမ့်ဝင်စေခြင်း စသည့် အနက်အဓိပ္ပာယ်များအသီးသီး ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဤအခြင်းအရာ များကို ကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏ စနစ်တကျ စုပေါင်းညီညာ ဆောင်ရွက်တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များကို လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို စနစ်တကျထိန်းသိမ်းဆောင်ရွက် တတ်မှုများကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်သည် မိသားစုများ အားလုံး စည်းစည်းလုံးလုံးဖြင့် ပြန်လည် တွေ့ဆုံကြပြီး လက်ရည်တပြင်တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများတိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းခြင်းတို့ကို ထုတ်ဖော်ဆောင်ရွက်ကြသည့် ထူးမြတ်သော မင်္ဂလာအခမ်းအနားလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခမ်းအနားကို ကရင်ဘိုးဘွားများက လူငယ်မောင်မယ်များသို့ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ပြီး အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးသဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရပ်ရွာအကျိုး၊ ဒေသအကျိုးနှင့် ပြည်ထောင်စုနိုင်ငံတော် အကျိုးကို ဆထက်ထမ်းပိုး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင် ကြသည့် တိုင်းဒေသကြီးဖြစ်ပြီး ဗမာတိုင်းရင်းသားပြီးလျှင် ကရင်တိုင်းရင်းသားသည် ဒုတိယ အများဆုံးနေထိုင်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းရင်းသားလူငယ်မောင်မယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ၊ အိမ်တွင်းမှုသင်တန်းများ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး ရိုးရာယဉ်ကျေးမှုများ သိရှိနားလည်စေရန် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ ပွဲတော်များ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာသင်တန်းများ စသည်တို့ ကျင်းပနိုင်ရန်အတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ လျာထားဆောင်ရွက် ပေးလျက်ရှိ ပါကြောင်းနှင့် တိုင်းရင်းသားရေးရာကိစ္စများ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပသည့် ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကရင်တိုင်းရင်းသား/သူ များက ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အက၊ ကရင်ရိုးရာ ဒုံးအက၊ ကရင်ရိုးရာ စကောအက၊ ကရင်ရိုးရာ ဝါးညှပ်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါ သည်။ ဆက်လက်ပြီး ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲစတင်ရန် ကရင်ဘိုးဘွားများနှင့် ကရင်လူငယ်မောင်မယ်များက လက်ချည်ပွဲအသုံးအဆောင် ၇ မျိုးပါသည့် စကောများသယ် ဆောင်လာ၍ နေရာယူပြီး ကရင်ဘိုးဘွားများက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အခမ်းအနား တက်ရောက်လာကြသူများအား ချည်ဖြူဖွဲ့ပေးကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းတို့ကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် တိုင်းရင်းသားများ၏ Activity များအား မှတ်တမ်းထားရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း(NRC)၏ ရိုက်ကူးထုတ်လွှင့်မှုများအား လေ့လာနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ဌာနအကြီးအကဲများသည် ဒီကနေ့ မနက်ပိုင်းက နေပြည်တော်၊တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်ကြည့်ရှု လေ့လာသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်နှင့်တာဝန်ရှိသူများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားဝန်ထမ်းများက “ချစ်သောပြည်ထောင်စု” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး“ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းစွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကိုပြသသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်က NRC Channel ရိုက်ကူးထုတ်လွှင့်မှုအား လေ့လာသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အဦရှိ Convergence News Room တွင် NRC Channel မှ ဝန်ထမ်းများ သတင်းတည်းဖြတ်နေမှု၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC Channel ) ထုတ်လွှင့်သည့် Presentation Room 2 ၊ News Studio 2 တွင် NRC Channel မှ ဝန်ထမ်းများ၏ သရုပ်ပြ သတင်းတင်ဆက်နေမှု၊ တိုင်းရင်းသား Radio Recording Studio တွင် “သူ့အလှည့်ရွေးသီတေးပန်းချီ” အစီအစဉ် အသံသွင်းနေမှု၊ Virtual Studio တွင် NRC Channel မှ ဝန်ထမ်းများ၏ “ဆွေညီနောင်များ ဘာသာစကားဖြင့် ရင်းနှီးချစ်ကြည်စေမည်” ဘာသာစကား အစီအစဉ် ရိုက်ကူးနေမှုနှင့် Audio Mastering Studio တွင် တိုင်းရင်းသားဝန်ထမ်းများ၏ နေပြည်တော်တီးဝိုင်းဖြင့် သီဆိုလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့်စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက် ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှု လေ့လာ ခဲ့ကြကြောင်း သိရသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း(MRTV- NRC)Channel ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်၍ Digital စနစ်ဖြင့် ကချင်၊ ကယား၊ စကော ကရင်၊ အရှေိ့ပိုးကရင် ၊ အနောက်ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း ၊ဝ တိုင်းရင်းသားဘာသာ (၁၁)မျိုးအား နေ့စဉ်မနက်(၆)နာရီမှ ည(၁၁)နာရီအထိ တစ်နေ့လျှင် (၁၇)နာရီ ထုတ်လွှင့် လျက်ရှိ ပါသည်။ အဆိုပါ တိုင်းရင်းသားဘာသာများအနက် ကချင်၊ ကယား၊ မွန်၊ ရခိုင်၊ရှမ်း၊ ဝ ဘာသာတို့အား (၂)နာရီစီဖြင့် လည်းကောင်း၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင် နှင့် ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)တို့အား (၁)နာရီစီဖြင့် လည်းကောင်း ထုတ်လွှင့်နေပြီး ပင်မသတင်း - ဒေသသတင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက ဓလေ့ထုံးတမ်းများ၊ ထူးခြား ထင်ရှားသည့် နေရာများ၊ ရုပ်သံမှတ်တမ်းအစီအစဉ်များအား ထည့်သွင်းထုတ်လွှင့် ပေးလျက်ရှိပါ သည်။ အလားတူ မြန်မာ့အသံ(ရေဒီယို)မှလည်း တိုင်းရင်းသားဘာသာ (၁၁)ဘာသာ အပြင် ကယန်း၊ ဂေခို ၊ ဂေဘား၊ ဓနု ၊ ပအိုဝ်း ၊ ကိုးကန့် ဘာသာတို့ အပါအဝင် (၁၇)မျိုးဖြင့် ရန်ကုန်နှင့် နေပြည်တော်ရှိ အသံလွှင်ရုံများမှာ MW နှင့် SW များ ဖြင့် နေ့စဉ် (၁၃)နာရီ ထုတ်လွှင့်ပေး လျက်ရှိကြောင်း သိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ်လ (၁၄) ရက်နေ့ နေ့လယ် ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ စည်ပင်သာယာရေးရုံး အစည်း အဝေးခန်းမ၌ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက် နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား စကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်ရေးသည် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုအသီးသီးတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု များကို ရှိရင်းစွဲ မူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်း များသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် အရေးကြီးပါကြောင်း၊ လိုအပ်သည်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာတို့နှင့် ပူးပေါင်းပြီး Documentary များရိုက်ကူးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများကို တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း နိုင်ငံတော်က “မူ”အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလို ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ဂုံရှမ်း၊ ရှမ်းကြီး၊ တိုင်းနေ၊ တိုင်းလိ၊ လွယ်၊ ပလောင်၊ ‘ဝ’၊ လီဆူ၊ အားခေ၊ အာခါ၊ အဲန်၊ ဗမာနှင့် လားဟူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များက တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းရင်းသားဒေသများတွင် ရိုးရာပွဲတော်များ ကျင်းပရာ၌ ထောက်ပံ့ငွေ များ ကူညီပံ့ပိုးပေးနိုင်ရေး၊ ဒေသခံတိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုပိုမိုရရှိစေရန်အတွက် ယဉ်ကျေးမှုဖလှယ်နိုင်မည့် အစီအစဉ်များ စီစဉ်ပေးရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် တိုင်းရင်းသားစာယဉ်အဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသား စိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖေါ်ပြထားမှုများကို ပြင်ဆင်ပေး နိုင်ရေး၊ ဝေးလံခေါင်သီသည့် ကျေးရွာများတွင် လမ်း၊ တံတားများ ဖောက်လုပ်ပေးရေးနှင့် ပြင်ဆင်ပေးရေးစသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ ။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် တာဝန်ထမ်းဆောင်နေသော တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant(TA) နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher (LT) ဆရာ/ဆရာမများနှင့် တွေ့ဆုံ ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ယနေ့ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရသည့်အကြောင်းရင်းသည် ဆရာ/ဆရာမများ ကြုံတွေ့နေရသည့်အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရန်နှင့် ပိုမိုတိုးတက်သင်ကြားနိုင်ရန် ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း ခုနှစ်ထောင် ကျော်ရှိပါကြောင်း၊ ထိုဘာသာစကားပေါင်း မြောက်များစွာရှိသည့်အနက် ကျင့်သုံးပြောဆိုမှု၊ သင်ယူမှုများ အားနည်းသင့်အတွက်ကြောင့် နှစ်စဉ် ပျောက်ကွယ်မှုများနှင့် ရင်ဆိုင်နေကြရ သည်ကို သိရှိရပါကြောင်း၊ မိမိတို့ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ တိုင်းရင်းသားလူမျိုးတိုင်းတွင် တာဝန်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် တိုင်းရင်းသားဘာသာစကားပေါင်းများစွာ ရှိသည့်အလျောက် ရေရှည်တည်တံ့ခိုင်မြဲ စေရန်အတွက် နိုင်ငံတော်က ၂၀၁၃ ခုနှစ်မှစပြီး တိုင်းရင်းသားဘာသာစာပေများကို အခြေခံပညာကျောင်းများတွင် ကျောင်းချိန်ပြင်ပ သင်ကြားခွင့်ပြုပေးခဲ့ပါကြောင်း၊ ပညာရေး သင်ကြားရာတွင် ဘာသာစကားအဟန့်အတားကြောင့် ကျောင်းထွက်မှုနှုန်းလျော့နည်း စေရန်ရည်ရွယ်ပြီး တိုင်းရင်းသားဘာသာစကားဖြင့် ထပ်ဆင့်ရှင်းလင်းသင်ကြားပေးသည့် တိုင်းရင်းသားဘာသာသင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး အတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ယနေ့အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မြေပြင်တွင် မိမိတို့ကြုံတွေ့ရသည့် အခက်အခဲများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြစေလိုပါကြောင်း၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားစာပေ သင်ကြားရေး အထောက်အကူပြု Teaching Assistant(TA) နှင့် တိုင်းရင်းသားဘာသာ စာပေသင် Language Teacher (LT) ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှုများနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများက ခွင့်ခံစားရရှိရေး၊ အမြဲတမ်းဝန်ထမ်းအဖြစ် ကူးပြောင်းခွင့်ရရှိရေး၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးနိုင်ရေးကိစ္စရပ်များနှင့် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မွန်ပိဋကတ်တိုက်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံချုပ်လုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး မျိုးနွယ်စုပေါင်းများစွာရှိသည့်အလျောက် မျိုးနွယ်စု တစ်ခုချင်းစီတိုင်းတွင် ကိုယ်စီ အလှတရားများ၊ အနုပညာများထင်ဟတ်စေသည့် ရိုးရာဝတ်စုံ များစွာ ရှိကြပါကြောင်း၊ မွန်ရိုးရာဝတ်စုံသည် ရှေးမင်းဧကရာဇ်ခေတ်များကတည်းက ဝတ်စား ဆင်ယင်မှုအမျိုးမျိုးရှိခဲ့ကြပြီး ခေတ်ကာလအရ တညီတညွတ်တည်းဝတ်စားဆင်ယင်နိုင်ရန် အတွက် ၁၉၇၁ ခုနှစ်တွင် မွန်ရဟန်းသံဃာတော်များ၊ မွန်လူကြီးများ၊ အသိပညာရှင်/ အတတ်ပညာရှင်များနှင့် တက္ကသိုလ်ပေါင်းစုံမှ မွန်ကျောင်းသား/ကျောင်းသူများစုပေါင်း၍ ကော်မတီဖွဲ့စည်းကာ အချက်အလက်များလေ့လာစုစည်းပြီး တူညီစွာဝတ်ဆင်နိုင်မည့် ယခုမွန်ရိုးရာဝတ်စုံကို အဓိပ္ပါယ်အနှစ်သာရများစွာဖြင့် အတည်ပြုသတ်မှတ်နိုင်ခဲ့ကြပါ ကြောင်း၊ ယခုလို အနှစ်သာရများပြည့်ဝသည့် မွန်ရိုးရာဝတ်စုံကို ခေတ်ကာလပြောင်းလဲ တိုးတက်လာသည်နှင့်အမျှ ဆန်းသစ်တီထွင်မှုများကြောင့် အရိုးပေါ် အရွက်ဖုံးကာ မူလရိုးရာမပပျောက်စေရန် ထိန်းသိမ်းကြဖို့ လွန်စွာအရေးကြီးပါကြောင်း၊ ဒါကြောင့် ယခုဖွင့်လှစ်သည့်သင်တန်းသည် အလွန်အဖိုးတန်သော သင်တန်းတစ်ခုပင်ဖြစ်ပါကြောင်း၊ မိမိတို့ရိုးရာဝတ်စုံများ ချုပ်လုပ်နည်းကို စနစ်တကျသင်ယူကြပြီး မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များကို လက်တွေ့ကျကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းမှာကြားလို ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကားပြောကြားပြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ပါသည်။ ထို့နောက် မွန်တိုင်းရင်းသားမောင်မယ်များက မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကဖြင့် ကပြဖျော်ဖြေပြီး သင်တန်းသား/သင်တန်းသူများ ချုပ်လုပ်ထားသော မွန်ရိုးရာ ဝတ်စုံများအား ကြည့်ရှုအားပေးကြပါသည်။ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းရုံးချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးနှင့် အထူးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် မည်သည့်ကဏ္ဍကိုမဆို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ လက်တွဲဆောင်ရွက်ကြရန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားဒေသအသီးသီးမှ လုပ်ငန်းရှင် များသည် မတူကွဲပြားသည့် အရင်းအမြစ်များ၊ အရည်အသွေးများ ပိုင်ဆိုင်ထားကြပါကြောင်း၊ ထိုကွဲပြားခြားနားချက်များကို အားသာချက်အဖြစ်ပြောင်းလဲပြီး တစ်မျိုးသားလုံး၏ ဘုံအကျိုး စီးပွားအဖြစ် ပြည့်ပြီးသူကိုကူညီ၊ အားနည်းသူကို လက်တွဲကူညီပေးခြင်းဖြင့် သာယာ ဝပြောသော ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် အမြန်ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ ဒေသခံတိုင်းရင်းသားလူငယ်များအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုစီးပွားဘဝမြင့်မား စေရန်အတွက် အစဉ်တစိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဒေဝ တို့က အသီးသီး နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဒေါ်ချောစုဝင်းက အသင်း အလုပ်အမှုဆောင်အဖွဲ့၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဆုရရှိ ကြသူများကို ဂုဏ်ပြု Trophy များပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်တို့က နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးကြပါသည်။ ထို့နောက် တိုင်းရင်းယဉ်ကျေးမှုအကအလှများနှင့် ဆီမီးခွက်အကတို့ဖြင့် တင်ဆက် ကပြဖျော်ဖြေပြီး စုပေါင်းမှတ်တမ်းတင်များရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်