ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးသတင်းများ

  • 23
  • DEC

  • 23 December 2022
  • ရန်ကုန်

       ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်ရှိ ယုဒဿန်ဘုရားကျောင်းရိပ်သာ၌ ကမာရွတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။        ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြသူများကို အားပေးစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဦးတည်ချက်ထားကာ အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ပြောကြားချက်အတိုင်း လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိပါကြောင်း၊ လူတန်းစေ့အခမဲ့ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင် တွင် ကာကွယ်ဆေးမထိုးရသေးသူများရှိပါကလည်း လာရောက်ထိုးနှံကြရန် တိုက်တွန်းစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။         ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အားပေးစကားပြောကြားရာတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူများသည် ကာကွယ်ဆေးမထိုးရသေးသူများထက် ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက ပိုမိုခံနိုင်ရည်ရှိပါကြောင်း၊ ကာကွယ်ဆေးမထိုးထားမှုကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရချိန်တွင် သေဆုံးခဲ့မှုဖြစ်စဉ်များရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လိုက်နာရမည့် စည်းကမ်းချက်များကို အလေးထားလိုက်နာကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှု အားပေးကြပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • DEC

  • 22 December 2022
  • ရန်ကုန်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကျရောက်သည့် ၂၇၆၂ ခုနှစ်၊ ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက် (၆:၀၀) အချိန်တွင် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင် အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ဖားစည်တီး၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်အမျိုးသားအလံတော်ကို လွှင့်ထူပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတော်ကို အလေးပြုကြကာ ကရင် အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ နံနက် (၀၈:၃၀) နာရီတွင် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ အတွင်းတွင် ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။ ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့က ဖားစည် (၉)ချက်တီးကာ ကရင်လူငယ် (၉)ဦးက ကျွဲဂျိုမှုတ်ပြီး ပဲခူးရိုးမတောင်ပေါ်ကရင်ရိုးရာအိုးစည်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ ပါသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီရယ်က ကရင်အမျိုးသားနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၄ခု ပြသိုလဆန်း (၁)ရက်နေ့၊ ကရင်နှစ် ၂၇၆၂ ခုနှစ်သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပင်ပါကြောင်း၊ သမိုင်းကြောင်းများအရ ကရင်တိုင်းရင်းသားတို့၏ ပင်ကိုသဘောသည် ရိုးသား၍ မာန်မာနကင်းစင်ပြီး အမြဲ အပြုံးကိုယ်စီဆောင်လျက်ရှိသော တိုင်းရင်းသားများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားမျိုးနွယ်စုများသည် နေရာဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကား ကွဲပြားခြားနားကြသော်လည်း အနှစ်သာရ အားဖြင့် တစ်သွေးတစ်သားတည်းသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဖြစ်ကြ ပါကြောင်း၊  ကရင်တိုင်းရင်းသားများ၏ ဖြစ်တည်မှုသမိုင်းကြောင်း ရှည်လျားမှုနှင့်အညီ ဓလေ့ထုံးတမ်းများနှင့်ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ကောင်းများ ပိုင်ဆိုင်ထားကြသည်ကို တွေ့ရှိရပါကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များအနေဖြင့် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲဦ သဲပုံစေတီပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲများ ရှိကြပြီး ကရင်ဒုံးယိမ်းအကသည်လည်း ကရင်တိုင်းရင်းသားတို့၏စည်းလုံးညီညွတ်မှုကို ဖော်ညွှန်း လျက် မြူးကြွ၍လူကြိုက်များသည့် ယဉ်ကျေးမှုအကဖြစ်သည်ကို တွေ့မြင်ရပါကြောင်း၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို မြန်မာနိုင်ငံတဝန်း ဘာသာအယူဝါဒမခြားဘဲ စည်းလုံးညီညွတ်စွာကျင်းပကြသည်ကို သိရှိရပါကြောင်း၊ မိမိတို့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို နောင်လာနောက်သားများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် ကရင် ဘိုးဘွားမိဘများက မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့သည့် ၁၉၃၇ ခုနှစ်တွင် ကရင်နှစ်သစ်ကူးနေ့အသိအမှတ်ပြုခြင်းဥပဒေတစ်ရပ်ကို ညီနောင်တိုင်းရင်းသားများနှင့်အတူ ကြိုးပမ်းပြီး ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယနေ့တွင် နှစ်ပေါင်း (၈၅)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားအရေးကိစ္စများကို ဦးတည်ချက် (၉)ရပ်ပါ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့်အတိုင်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင် နှစ်သစ်ကူးပွဲတော်အခမ်းအနားကဲ့သို့ ကျန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနေဖြင့်လည်း မိမိတို့ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြစေလိုပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ဥမကွဲ၊ သိုက်မပျက် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ကျရာအခန်းကဏ္ဍာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်အမျိုးသားနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် မိမိတို့ ကရင်တိုင်းရင်းသားမျိုးနွယ်စု (၁၁)စုသည် မြန်မာနိုင်ငံဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ တောင်ပေါ်- မြေပြန့်ဒေသ အနှံ့အပြားတွင် အခြားသောတိုင်းရင်းသားများနှင့် အတူတကွလက်တွဲ၍ ရာစုနှစ်ပေါင်းများစွာ အေးချမ်းပျော်ရွှင်စွာဖြင့် အခြေချနေထိုင်ကြသူများဖြစ်ပါကြောင်း၊ ပထမဦးဆုံး ကရင် အမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်လူကြီးများ၏ စုပေါင်းမိန့်ခွန်းတွင် ကျွန်ုပ်တို့ ကရင် လူမျိုးများ၏ စည်းလုံးညီညွတ်မှုကိုတည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ် မြန်မာနိုင်ငံကံကြမ္မာကို ဖန်တီးရာ၌ တစ်တပ်တစ်အား လက်တွဲပါဝင်ကြိုးပမ်းကြရမည်ဟု လည်းကောင်း၊ ကျွန်ုပ်တို့ကင်လူမျိုးများသည် ခေတ်နှင့်လျော်ညီစွာတွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများ ကြံဆချမှတ်ကာ အခြားသောတိုင်းရင်းသားများနှင့် တစ်စိတ်တစ်ဝမ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သောလူမျိုးများပေါင်းစုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွားကြရမည်ဟုလည်းကောင်း ကရင်နှစ်သစ်ကူးနေ့ အသံလွှင့် မိန့်ခွန်းတွင် ထည့်သွင်းမှာကြားခဲ့ပါကြောင်း၊ ကရင်နှစ်သစ်ကူးနေ့ကို ဖော်ဆောင်ပေးခဲ့သော ကရင်ဘိုးဘွားလူကြီးသူမများ၏ ဆုံးမလမ်းညွှန်စကားကို ယနေ့ခေတ် မိမိတို့ကရင် အမျိုးသားထုကြီးက မမေ့မလျော့ နှလုံးသွင်းအမှတ်ရလိုက်နာကာ လုပ်ဆောင်ကြမှသာလျှင် လျော်ကန်သင့်မြတ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးနှင့်အတူ ကရင့်ဘဝအေးချမ်းသာယာရေးနှင့် တိုးတက်မြင့်မားရေးကို လက်ဆင့်ကမ်းသယ်ဆောင် ကြိုးပမ်းဖို့ ကရင်တစ်မျိုးသားလုံးတွင်တာဝန်ရှိပြီး ကရင်နှစ်သစ်ကူးနေ့သို့ရောက်တိုင်း ကောင်းမြတ်သော အသိ၊ သတိတို့ဖြင့် နှလုံးသွင်းခံယူကြရမည်ဖြစ်ပါကြောင်း၊ ခေတ်ကာလ များမည်သို့ပင်ပြောင်းလဲဖြစ်ပေါ်နေသည်ဖြစ်ပါစေ ပြည်ထောင်စု၏ အကျိုးစီးပွားသည် နိုင်ငံတော်၏အကျိုးစီးပွားပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အကျိုးစီးပွားဆိုသည်မှာ မည်သည့် ခေတ်၊ မည်သည့်အချိန်တွင်မဆို ရှင်သန်ဖြစ်ထွန်းနေရမည်ဖြစ်ပါကြောင်း၊ နှစ်သစ် အခါသမယတွင် မင်္ဂလာကောင်းမြတ်ခြင်းအဖြာဖြာနှင့် ဘေးရန်အပေါင်းကင်းဝေး ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ မန်းသန်းဝင်းဦးက ကရင်အမျိုးသားနှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းဖတ်ကြားခဲ့ပါသည်။  ယင်းနောက် ကရင်တိုင်းရင်းသားရိုးရာဒုံးယိမ်းအက၊ ရိုးရာကြိုးကျစ်အကနှင့် ရိုးရာ ဝါးညှပ်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဧည့်သည်တော်များအား ကရင်နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • DEC

  • 11 December 2022

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၁၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ Steel Bridge တပ်ဆင်ခြင်းလုပ်ငန်း၊ ပိုင်တူးဖော်ပြီးစီးမှု များနှင့်ပတ်သက်ပြီး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ရှင်းလင်းဆောင်တွင် ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးမှုနှင့်ပတ်သက်ပြီး ဆိပ်ခံဗောတံတားကို တာဝန်ယူတည်ဆောက်လျက် ရှိသည့် Regel Strength ကုမ္ပဏီလိမိတက် မန်နေဂျင်းဒါရိုက်တာ ဦးပြည့်စုံဖြိုးက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က ဆိပ်ခံဗောတံတားကြီးတစ်ခုလုံး ရေရှည်ကြံ့ခိုင်မှုရှိစေရေး၊ အရည်အသွေးကောင်းမွန် စေရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး၊ ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေ ကျပ် (၁၆၄) သိန်းဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ပြည်ထောင်စုခန်းမအတွင်းအပြင် ဆေးသုပ်ခြင်း၊ စတိတ်စင်ပြုပြင်ခြင်း၊ ရေနုတ်မြောင်းများပြုပြင်ခြင်းနှင့် ကော်ဇောအသစ် ပြန်လည်ခင်းကျင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှု များနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။  ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတွင် Pontoon ပြုပြင်ပြီးစီးမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများအမြန်ပြီးမြောက် စေရေးနှင့် အကောင်းမွန်ဆုံးဖြစ်အောင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ တိုင်းရင်းသား ရိုးရာနေအိမ်များတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဇာတ်လမ်းတွဲဖြစ်သည့် “မိုးမြေသက်သေ… တို့သွေးချင်းတွေ” ဇာတ်လမ်းတွဲ စီစဉ်သူ သင်ဇာမြင့်မိုရ်နှင့် ဒါရိုက်တာ ကိုကိုကျော် ဦးဆောင်ရိုက်ကူးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းလည်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 03
  • DEC

  • 03 December 2022

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရုံးအဆောက်အအုံအတွင်း မိုးရာသီတွင် ရေလျှံမှုဖြစ်ပွားခြင်းကြောင့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း၊ အုတ်ခြံစည်းရိုး၊ အုတ်ရေမြောင်း၊ လူကူးတံတားတပ်ဆင်ခြင်းနှင့် တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုအပေါ် ရှင်းလင်း တင်ပြခဲ့ကြပြီး ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား များစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးသည် နိုင်ငံသားတိုင်း၏ မွေးရာပါ တာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲနှင့် လူမျိုးစွဲ မထားဘဲ မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်က ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသည့်အတွက် တိုင်းရင်းသားများအားလုံး ကျရာ ကဏ္ဍတွင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများဖော်ဆောင်ရာ၌ စီမံကိန်းမြေယာများဖြစ်သည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်း များနှင့်ပတ်သက်၍ ပြဌာန်းထားသည့်ဥပဒေများနှင့်အညီ ကွင်းဆင်းစစ်ဆေးရာတွင် မှန်မှန် ကန်ကန်ဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိဘဝတိုးတက်စေရန်၊ မိမိတို့ဝန်ကြီးဌာနတိုးတက်စေရန်နှင့် တိုင်းပြည် တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အရေအတွက်မှ အရည်အချင်း ပြည့်မီစေရန် ဝန်ကြီးဌာနမှလည်း သင်တန်းများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ကြိုးစားသည့်အလျောက် အကျိုးခံစားခွင့်များရရှိမည်ဖြစ်ပါကြောင်း၊ မိုးကုန်၍ ခြောက်သွေ့ ရာသီရောက်ရှိပြီဖြစ်သည့်အတွက်မီးဘေးအန္တရာယ်ကို အထူးဂရုပြုကြရန်လည်း မှာကြား လိုပါကြောင်း၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 29
  • NOV

  • 29 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် အား ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Fumio USUI နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်း၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ထိုသို့လက်ခံတွေ့ဆုံရာတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • NOV

  • 25 November 2022

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ယနေ့ နံနက်ပိုင်း၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) အထောက်အပံ့ဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တိုင်းရင်းသားရေးရာယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်သို့ တက်ရောက်မည့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဩဝါဒအမှာစကားပြောကြားသည့် အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုဝန်ကြီးမှ ဩဝါဒအမှာစကားပြောကြားရာ၌ ယခုခရီးစဉ်တွင် ရွေးချယ်ထား သောသူများသည် နောင်တစ်ချိန်တွင် အဆင့်မြင့်တာဝန် ထမ်းဆောင်နိုင်မည့်သူများကို ရွေးချယ်ပြီး နိုင်ငံခြားအတွေ့အကြုံရရှိရန် စေလွှတ်ခြင်းဖြစ်ပါကြောင်း၊  မဲခေါင်-လန်ချန်းနိုင်ငံ များအကြား တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုဖလှယ်ရန်၊ တိုင်းရင်းသား ရေးရာမူဝါဒနှင့် အခွင့်အရေးဆိုင်ရာများအား လေ့လာရန်နှင့်မျှဝေရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်သော ကွန်ယက် တစ်ခုဖြစ်ပေါ် စေရန်၊ မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများအကြား အပြန်အလှန်နားလည်မှု တိုးတက်လာစေရန် ရည်ရွယ်၍  ဝန်ကြီးဌာနမှကိုယ်စားလှယ်များအား စေလွှတ်ခြင်း ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သွား ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ခရီးစဉ်တစ်လျှောက် စနစ်တကျ၊ စည်းကမ်းရှိရှိ နေထိုင်သွားလာပြီး အဆင်ပြေချောမွေ့စွာဖြင့် ပြန်လည်ရောက်ရှိစေလိုပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် သွားရောက်သည့်အတွက် အကျိုးရှိ ထိရောက်၍ မိမိနိုင်ငံ၊ မိမိဌာန၏ ပုံရိပ်ကိုမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်တစ်လျှောက် အချင်းချင်း ဖေးမကူညီရန် လိုအပ်ပါကြောင်း၊ ပြန်လည်ရောက်ရှိလာလျှင် ကိုယ်စီကိုယ်စီ အစီရင်ခံစာ တင်ပြရမည်ဖြစ်ပြီး ဝန်ထမ်းများကို တစ်ဦးစီ ပြန်လည်ရှင်းလင်း တင်ပြရမည်ဖြစ်ပါကြောင်း၊ ပြည်ပတွင်ရောက်ရှိနေစဉ်ကာလအတွင်း  ဆောင်ရန်/ရှောင်ရန် ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များကို မှာကြားခဲ့ပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ခရီးစဉ်နှင့်ပတ်သက်၍ မှာကြား ရာတွင် ယခုခရီးစဉ်သည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအရ သွားရောက်သည့် စီမံကိန်းဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မိမိနိုင်ငံ၊ မိမိဌာနကို ကိုယ်စားပြု သွားခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အကျိုးရှိ ထိရောက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဖြစ်သည့်အတွက် ခေါင်းစဉ်၏ရည်ရွယ် ချက်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊   မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော် ပြသရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ်နှင့်ပတ်သက်၍ ခရီးစဉ်ပြီးဆုံးချိန်တွင် တစ်ဦးချင်းစီ အစီရင်ခံ ရမည်ဖြစ်၍ ဆောင်ရွက်မှုများကို စနစ်တကျမှတ်တမ်းပြုရန်၊  လာအိုနိုင်ငံ၏ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများကိုလည်း လေ့လာခဲ့ကြရန်လိုပါကြောင်း၊ အဆက်အသွယ်ကောင်းများ ရရှိအောင်ဆောင်ရွက်ရန်၊ ကိုယ်စားလှယ်အဖွဲ့များအနေနှင့် ညီအစ်ကို မောင်နှမစိတ်ထားကာ အချင်းချင်းမေတ္တာဖြင့် ဖေးမကူညီကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်အတွင်း ကျန်းမာရေး၊ စားသောက်နေထိုင်ရေး၊ လုံခြုံရေးတို့နှင့်ပတ်သက်၍ ဂရုစိုက်ရန် လိုအပ်ပါကြောင်း မှာကြား ခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ခရီးစဉ်အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ရေး ဆုမွန်ကောင်းတောင်း ပေးကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 25
  • NOV

  • 25 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးစောထွန်းအောင်မြင့် အား ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongbuk College ဥက္ကဋ္ဌ Mr. Lee Un Gik  နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်း၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။    တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် Gyeongbuk College မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။  ထိုသို့လက်ခံတွေ့ဆုံရာတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • NOV

  • 22 November 2022
  • နေပြည်တော်

 မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် အဓိက ပင်မဦးစီးဌာန (၂)ခု ရှိပြီး တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထိလွယ်ရှလွယ်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် လုပ်ငန်းစီမံကိန်းများဖော်ဆောင်ရာ၌ မြေယာ များကို သေချာကွင်းဆင်းစိစစ်ကြရန် မှာကြားလိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှုးနှင့် လက်ထောက် ညွှန်ကြားရေးမှူးအဆင့်သို့ တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများနှင့် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည့် တွေ့ဆုံလမ်းညွှန်ခြင်းအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။  အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါ အချက်များကိုလိုက်နာ၍ ကြိုးစားအကောင် အထည်ဖော်ကြရန် ထပ်မံမှာကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားများအခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) လျှောက်ထားမှုများကို ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့်“ပန်းခင်းစီမံချက်”ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်း လုပ်ငန်းသည် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် လွန်စွာအရေးကြီး သဖြင့် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားများ၏ ပညာရည်မြင့်မားရေးကိုလည်း ကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။  ထို့နောက် ဒုတိယဝန်ကြီး  ဦးဇော်အေးမောင်က ယခု တစ်ဆင့်မြှင့်ရာထူးကို ဒုတိယ ညွှန်ကြားရေးမှူး (၂)ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၂၉) ဦး တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအရည်အသွေးမြင့်မားစေရန် အမြဲကြိုးစား ကြံဆကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ရသည့်ဌာန ဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သေချာစွာလေ့လာထားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်ရှိ ဥပဒေများ၊ မြေယာဥပဒေများကို သေချာသိရှိထားကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအား အဓိက (၃)ချက် လမ်းညွှန်မှာကြား လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ်မွေးမြူကြရန်၊ မိမိနိုင်ငံအပေါ် သစ္စာရှိကြရန်နှင့် မိမိတို့၏ ဝန်ကြီးဌာန တိုးတက်အောင် အမြဲကြံစည် လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ခြင်းခံရသည့်ဝန်ထမ်းများ၊ အခြားအရာထမ်း အမှုထမ်းများနှင့်အတူ ခင်မင်ရင်းနှီးစွာ နေ့လယ်စာအတူတကွ သုံးဆောင်ကြပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • NOV

  • 17 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာအဆောက်အအုံ တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ပမထဦးစွာ ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာအဆောက်အအုံကို တာဝန်ယူတည်ဆောက်လျက်ရှိသည့် မိုးယံဝင့်ချီ ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် အေးချမ်းသည့် အတွက် ဤအဆောက်အအုံကို ပထမဦးဆုံး အကောင်အထည်ဖော်တည်ဆောက်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းစင်တာသည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးအစပြုသည့် အမှတ်အသားတစ်ခုဖြစ်သဖြင့် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် မှာကြားလိုပါကြောင်း၊ အဆောက်အအုံကို တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီ အနေဖြင့်လည်း အခက်အခဲများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများကို တင်ပြဆွေးနွေး နိုင်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဆောက်အအုံတည်ဆောက်မှုနှင့် ပတ်သက်ပြီး မှန်ရမည်၊ မြန်ရမည်၊ Quality ကောင်းရမည်ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း (၆)နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဤအဆောက်အအုံ သည် နိုင်ငံတော်၏ ပြယုဒ်တစ်ခုလည်းဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဆောက်အအုံတည်ဆောက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးမှု များနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကာ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဆွေးနွေးတင်ပြခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း အဆောက်အအုံတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာစင်တာကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံတည်ဆောက်ပြီးစီး ပါက ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း၊ မိုဘိုင်းဖုန်းပြုပြင်သင်တန်းစသည်ဖြင့် သက်မွေးပညာကာလတိုသင်တန်းများကို ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားများအချင်းချင်း တွေ့ဆုံနှီးနှော ဖလှယ်နိုင်မည့် အစည်းအဝေးများ၊ တွေ့ဆုံပွဲများနှင့် နေ့ထူးနေ့မြတ်အခမ်းအနားများကို ကျင်းပပြုလုပ် နိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • NOV

  • 12 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး တတိယအကြိမ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယခင်ကျင်းပခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ခန့်ထားရေးနှင့် အခြားသောစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် (၂၇-၁၀-၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့ ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရေးဆိုင်ရာမူ (SoP) စံပြုလုပ်ထုံးလုပ်နည်းများကို ပြန်လည် ပြင်ဆင်ရန်ဆွေးနွေးခဲ့ကြပါကြောင်း တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များ၊ ဆန်းစစ်ခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအနေဖြင့် ရန်ပုံငွေကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ တင်ပြဆောင်ရွက်စေလိုပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်း (IDP Camp)များရှိ တိုင်းရင်းသားများနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေ လျာထားနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုး များနေထိုင်ရာဒေသအတွင်း ဖော်ဆောင်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ၅၊ တိုင်းရင်းသားလူမျိုး များ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများပါ နည်းဥပဒေ၂၀၊ ၂၁ တို့နှင့် အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရက ခွင့်ပြုသည့်ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် အသုံးပြုရန်လျှောက်ထား လာသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ တိုင်းရင်းသား ရေးရာဝန်ကြီးများမှ ကွင်းဆင်းစိစစ်ရန်လိုအပ်ပါကြောင်း၊ မကြာမီကာလတွင် တိုင်းရင်းသား ဘာသာ စာပေသင် Teaching Assistant(TA)နှင့် Language Teacher(LT)ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းများရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအပြင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့်အစည်းအဝေးကို ကျင်းပဆောင်ရွက်ရန် စီစဉ်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် တိုင်းရင်းသားများအတွက် ဆောင်ရွက်ပေးခဲ့သည့် အချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့်အချက်များအား တိုင်းရင်းသားပြည်သူများ ပိုမို သိရှိလာပြီး တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ပိုမို ပူးပေါင်းပါဝင်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ တာဝန်ရှိသူများအားလုံးက တိုင်းရင်းသားများ အကျိုးကိုရှေ့ရှုပြီး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၂၂ (က)တွင် “နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ ပုဒ်မ ၂၂ (ခ)တွင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားရေး၊ စည်းလုံးညီညွတ်ရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊ ပုဒ်မ ၂၂ (ဂ) တွင် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေတွင် တိုင်းရင်းသားရေးရာဆိုသည်မှာ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများ ရရှိရေး တို့အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့်ကိစ္စရပ်များကို ဆိုခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယနေ့ညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသားရေးရာများအား မည်ကဲ့သို့ပူးပေါင်း ဆောင်ရွက်ကြမည်ကို ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေအရ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့်ညှိနှိုင်းပြီး လုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်၊ လူမှုရေးဦးတည်ချက် (က)တွင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဟုပါရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈လ) ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ လွတ်လပ်ရေးရယူရာတွင် ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တစ်ခုလုံးကိုစုစည်းပြီး လွတ်လပ်ရေး ရယူခဲ့ပါကြောင်း၊ ပင်လုံစာချုပ်ဟုဆိုရာတွင် အနှစ်သာရမှာ ပင်လုံစိတ်ဓာတ်ပင်ဖြစ်ပါကြောင်း၊ ပင်လုံစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါကြောင်း၊ ဤစိတ်ဓာတ်သည်အရင်းခံ ဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရေး၏အခြေခံအုတ်မြစ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ လူမှုရေးဦးတည်ချက်(ခ)တွင် တိုင်းရင်းသားလူမျိုးအပေါင်း တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးဟု ပါရှိသကဲ့သို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် စတုတ္ထအချက်ဖြစ်သည့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်ဟုပါရှိပါသဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် အတူ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်လည်း သက်ဆိုင်လျက် ရှိပါကြောင်း၊ ၂၉-၁၀-၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၇/၂၀၂၂)ဖြင့် အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းခဲ့ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၄ ကို ပြင်ဆင်အစားထိုးရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြား သင်ယူမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံမူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည်ဟုပါရှိသဖြင့် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ခန့်ထားရေးနှင့်ပတ်သက်၍ မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သည်ကို သိရှိစေ လိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ကြုံတွေ့ ရသည့် စိန်ခေါ်မှုများနှင့် လိုအပ်မှုများကို တင်ပြဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ဖြစ်ကြသော ဦးကျော်မင်းခိုင်၊ ဦးတင်လှ၊ ဦးစန်းကို၊ ဦးစိန်ထွန်းလှ၊ ဦးစိုင်းနိုင်နိုင်ကျော်၊ ဦးစောမာတင်လူသာ၊ ဦးစောလင်းအောင်၊ ဦးထွန်းခင်၊ ဦးစိုင်းနွမ်၊ ဦးခင်မောင်ဦး၊ ဦးတင်လှ၊ ဦးစောဂျက်ကော့ထူး၊ ဦးအောင်ကြည်ဝင်း၊ ဦးစောလင်းခယ်တို့က မိမိတို့တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြပါသည်။၎င်းနောက် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအ‌ဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • NOV

  • 07 November 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာလ (၅) ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေ အနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများမှာနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင်ပါဝင်သော လူမှုရေးဦးတည်ချက် (၃)ရပ်ထဲမှ “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် ဦးတည်ချက်အတိုင်း မိမိတို့ဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မိမိတို့တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အဓိကာထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာပေနှင့် ဘာသာစကားပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားနိုင်သဖြင့် မိမိတို့၏ စာပေ၊ ဘာသာ စကား၊ ယဉ်ကျေးမှုနှင့် မိမိတို့၏ ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အလွန်အရေးကြီးပါသဖြင့် တိုင်းရင်သားစည်းလုံးညီညွတ်မှု ရရှိစေရေး အားလုံးဝိုင်းဝန်း ကြိုးစာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများစည်း လုံးညီညွတ်မှ နိုင်ငံတော်ငြိမ်းချမ်းမည်၊ နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် မည်ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသဖြင့် လူငယ်များ၏ ပညာရေးကို ဦးစားပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက် နေသည့် “ပန်းခင်းစီမံချက်” အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည်လည်း ဝိုင်းဝန်းတည်ဆောက် ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။၎င်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ကရင်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ရှမ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက အထွေထွေ ဆွေးနွေးတင်ပြကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 31
  • OCT

  • 31 October 2022
  • ရန်ကုန်

တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုး တိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ် ကျင်းပ သည့် အသုံးချကွန်ပျူတာအဆင့်မြင့်သင်တန်းဖွင့်ပွဲ၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အအေးမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်ပွဲနှင့် အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်းဆင်း လက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကို အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ သင်တန်းဆရာများနှင့်သင်တန်းသား/ သူများ တက်ရောက်ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးကြပါသည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားများလူမှုဘဝမြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ်ခဲ့ရာ ဖွင့်လှစ်ဆောင်ရွက်ပြီးခဲ့သည့် သင်တန်းများအနေဖြင့် ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသား ရိုးရာအစားအစာ ချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းလက်မှုသင်တန်း ကျောင်း၌ အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှုအခြေခံသင်တန်း၊ စက်ချုပ်သင်တန်းနှင့် ယခု ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ပျူတာဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိပြီး အဆောက်အအုံတည်ဆောက်ပြီးစီးပါက ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ယခုကဲ့သို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အအုံကဲ့သို့ ကျန်ရှိသည့်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း တည်ဆောက် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် IT နည်းပညာများ ထွန်းကားမြင့်မားလာသည်နှင့်အမျှလူမှုစီးပွားရေးတို့မှာလည်း တိုးတက်မြင့်မားလာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာများ စဉ်ဆက်မပြတ်တိုးတက်လာသည့်အတွက် မိမိတို့သည်လည်း နည်းပညာနောက်ကို စဉ်ဆက်မပြတ် လေ့လာလိုက်စား ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများအနေဖြင့် “အသုံးချကွန်ပျူတာ သင်တန်းများ” သင်ယူပြီးဆုံးသည့်အချိန်တွင် တတ်မြောက်ထားသည့်ပညာရပ်များဖြင့် မိမိတို့၏ ရပ်ရွာဒေသသို့ရောက်ရှိပါက လက်တွေ့အသုံးချကြရမည့်အပြင် မိမိတို့ဒေသရှိ တိုင်းရင်းသားလူငယ်များကိုလည်း ပြန်လည်သင်ကြားမျှဝေပေးသွားကြစေလိုပါကြောင်း၊ ထိုမှသာ တိုင်းရင်းသားလူငယ်များ နည်းပညာရပ်များပိုမိုနားလည်တတ်မြောက်ပြီး လူမှုဘဝခေတ်မီတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အိမ်တွင်းမှုသင်တန်းဖြစ်သည့် ရေခဲမုန့်၊ အဖျော်ယမကာနှင့်အအေးအမျိုးမျိုးထုတ်လုပ်မှုသင်တန်းကို တက်ရောက်ကြမည့် သင်တန်း သား/သင်တန်းသူများအနေဖြင့်လည်း မိမိတို့၏ ဒေသများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကိုအသုံးပြုပြီး ကုန်ချောထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိသည့်အပြင် ဒေသတွင်းစီးပွွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူ ဖြစ်စေပြီး လူမှုစီးပွားရေးဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုလို သင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့်အပြင် တစ်ဦးချင်းဝင်ငွေမြင့်မားရေးကိုလည်းအထောက်အကူပြုစေသည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ ပိုမိုတိုးတက် ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေ တိုင်းရင်းသား များအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် အိမ်တွင်းမှု သင်တန်းများမှတစ်ဆင့် One Village, One Product အဖြစ် ဒေသထွက်ကုန်များ ပေါ်ထွက်လာစေရန်၊ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာစေရန်နှင့် ယနေ့ နည်းပညာခေတ်တွင် ကျေးလက်နေတိုင်းရင်းသားများပါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မျက်ခြည်မပြတ် သိရှိနားလည်စေရန်၊ မိမိတို့ကျေးလက်ဒေသအတွင်းရှိ အနာဂတ် မျိုးဆက်သစ်များအား ကွန်ပျူတာလက်ဆင့်ကမ်းသင်ကြားပြသနိုင်ရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အိမ်တွင်းမှုသင်တန်းကို တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျေးရွာများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ချောပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရေး အိမ်တွင်းမှုသင်တန်း (၅)ကြိမ် ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်း (၁/၂၀၂၂)တွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် ကွန်ပျူတာသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • OCT

  • 17 October 2022

ရွာ (ရန်ကုန်)၌ ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ခံဗောတံတား ကို တာဝန်ယူတည်ဆောက်နေသည့် Regal Strength Co.,Ltd မန်နေဂျင်းဒါရိုက်တာက တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီး အောင်တည်ဆောက်သွားရန်၊ ရေထဲတွင် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည့်အညီ စံချိန်စံညွှန်းများနှင့်အညီတည်ဆောက်ပြီး ကြံ့ခိုင်မှုရှိစေရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အများပြည်သူအားလပ်ရက်များ၌ အပန်းဖြေလာရောက်ရာတွင် ကုန်းလမ်းအပြင် ရေလမ်းဖြင့်လည်း လာရောက်လည်ပတ် နိုင်ရန်အတွက် ဆိပ်ခံဗောတံတားတစ်စင်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Regal Strength Co.,Ltd က ကျပ် (၄၄၉.၅၀၅) သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူတည်ဆောက်ပေးလျက် ရှိပါသည်။ ထို ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီးပါက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)သို့ ကုန်လမ်း၊ ရေလမ်းဖြင့် လမ်းနှစ်သွယ်ဝင်ရောက်နိုင်သည့်အတွက် အများပြည်သူ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရှိ ရပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် စည်းစည်းလုံးလုံးနှင့်လုပ်ငန်းတာဝန် များကို အောင်မြင်အောင်လုပ်ဆောင်သွားကြရန်၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲများအား အောင်အောင်မြင်မြင်ဖြစ်စေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပြီး ဝန်ထမ်းများက အထွေထွေတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 16
  • OCT

  • 16 October 2022
  • ရန်ကုန်

မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်တွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် မွန်တိုင်းရင်း သားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။  ပထမဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နာယက မိဉဉအောင်နှင့် ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်တို့က မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။  ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စုခန်းမအတွင်း  မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးကြပါသည်။  အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်လူမျိုးများသည် သမိုင်းအစဉ်အလာကြီးမားပြီး စာပေ၊ ယဉ်ကျေးမှုနှင့်အနုပညာတို့ကို မြတ်နိုးကြသူများဖြစ်သည့်အပြင် စည်းလုံးညီညွတ်မှုရှိသော လူမျိုးတစ်မျိုးဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)၏ နှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားကို ယခုလို စည်စည်ကားကားသိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခြင်းသည် စည်းလုံးညီညွတ်ခြင်းသည်အင်အား (Unity is Strength) ဆိုတာတွေ့ရှိ ရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)ကို ယခုလို နှစ်(၅၀)ထိတိုင်အောင် ရာစုနှစ်ဝက်အဖြစ် တည်တံ့ခိုင်မြဲစေဖို့ ကြိုးစားလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြပြီး ယခင်နှစ်အဆက်ဆက်တာဝန်ယူခဲ့ကြသည့် တာဝန်ရှိသူများနှင့်ကော်မတီဝင်များအားလုံးကို ဂုဏ်ပြုချီးကျူးလိုပါကြောင်း၊ ယခုလို မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွွံ့ဖြိုးတိုးတက်စေဖို့  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ပါတီ နိုင်ငံရေးနှင့်ဆက်သွယ်မှုမရှိဘဲ မိမိတို့၏စာပေနှင့်ကျဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုသာဆောင်ရွက်ကြရမည့်အဖွဲ့အစည်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကိုထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်း ဖြင့် ပြည်ထောင်စုစိတ်ဓါတ်တိုးတက်ခိုင်မာလာစေရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်မှာ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ မျှော်မှန်းချက်ဖြစ်ပြီး ယင်းမျှော်မှန်းချက်အတိုင်းလည်း အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ရာမှာ လိုအပ်သည့်အကူအညီများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး များမှသော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများမှ တစ်ဆင့်သော်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ရုံးချုပ်)သို့ သော်လည်းကောင်း လိုအပ်သည့်အကူအညီများကို တင်ပြတောင်းခံနိုင်ပါကြောင်း၊ မွန်စာပေ နှင့်ယဉ်ကျေးမှု (ရန်ကုန်)ကို ယခုနှစ် (၅၀)ပြည့် ရွှေရတုမှသည် နောင်ထာဝရ နှစ်ရှည်ထိတိုင် တည်မြဲအောင်တည်ဆောက်ပြီး စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာများဖွံ့ဖြိုး တိုးတက်အောင် အောင်အောင်မြင်မြင်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော်သည် စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရှိမှ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီး တိုင်းပြည် အေးချမ်းသာယာမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်အေးချမ်းသာယာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးနှင့် အေးချမ်းသာယာမှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဦးတည်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။  ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားရာတွင် လူမျိုးတစ်မျိုး တည်တံ့ခိုင်မြဲဖို့သည် ဘာသာ၊ စကား၊ စာပေ တို့မပျောက်ပျက်ရန် အလွန်အရေးကြီးပါကြောင်း၊ စကား၊ စာပေ ပျောက်ကွယ်လျှင် လူမျိုးပါပျောက်ကွယ် သွားမည်ဖြစ်ပြီး မိမိတို့လူမျိုးမပျောက်ပျက်စေရန် ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် အရေးကြီးလှပါကြောင်း ပြောကြားခဲ့ပါသည်။  ၎င်းနောက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဂုဏ်ထူး‌ဆောင်နာယက နိုင်ချစ်ဖေက ဝမ်းမြောက်စကားပြောကြားပြီး  မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က ရွှေရတုသဘင်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဒေါက်တာမင်းခင်စိန်တို့က  ၁၉၇၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်(၅၀)အတွင်း မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်)တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ  စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး ခဲ့ပါသည်။ ထို့နောက် မွန်ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • SEP

  • 28 September 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် အောက်တိုဘာလ (၉)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ Saint Peter Angelecan Church ဘုရား ကျောင်း၌ အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များ ကောင်စီများမှ ဆရာတော်များ၊ သင်းအုပ်ဆရာများတို့ကို ကိုဗစ်-၁၉ ရောကာကာကွယ်ရေးစည်းကမ်းများနှင့်အညီ မိသားစုသဖွယ် တွေ့ဆုံ မိဿဟာရပြု စကားပြောကြားခဲ့ပါသည်။ပထမဦးစွာ အခမ်းအနားတွင် သိက္ခာတော်ရဆရာမကြီး ဒေါ်အိအိမိုးက အဖွင့် ဆုတောင်းပြီး Saint Peter Angelecan Church ဘုရားကျောင်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးကောက်ထန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကော်လော်သဲ ၃:၁၅ တွင် ဖော်ပြထားသော ကျေးဇူးတော်သိသော စိတ်ရှိကြလော့ဟုဆိုသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကာလဖြစ်သော်လည်း ယခုကဲ့သို့ မိသားစုအသွင် Social Distancing ဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတော်ချီးမွမ်း ရမည်ဖြစ်ပါကြောင်း၊ အရာခပ်သိမ်းသည် God’s Will ဘုရားသခင်အလိုတော်ရှိ၍ ဖြစ်လာပါ ကြောင်း၊ ယခင် ရန်ကုန်ခရစ်ယာန်အသင်းတော်များကောင်စီမှာ ဆရာတော်များနှင့် နှစ်ကြိမ် မိသားစုအသွင် တွေ့ဆုံပြီး တင်ပြရန်ရှိသည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပေးခဲ့ပါကြောင်း၊ ယခုအထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် အသင်းတော်များကောင်စီမှ ဆရာတော်များ၊ သင်းအုပ်ဆရာများ၊ အသင်းဂိုဏ်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုတင်ပြချက်များနှင့် ဆက်လက် တင်ပြရန်ရှိသည်များကိုလည်း ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်အတွက်လိုအပ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Unity, Peace and Development တို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရစ်တော်မွေးနေ့တော် နီးလာပြီဖြစ်၍ ရှင်လုကာ ၂:၁၄ တွင် ခရစ်တော်မွေးဖွားစဉ် ကောင်းကင်တမန်များမှ “Peace on Earth and Goodwill towards man” မြေကြီးပေါ်တွင် ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာ ကရုဏာရှိစေသတည်း”ဟု မြွက်ကြားသည့်အတိုင်း မေတ္တာ ကရုဏာ ထားခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်း ဖော်ဆောင်နိုင်ပါကြောင်း၊ ရှင်မသဲ ၅:၁၉ တွင် ဖော်ပြထားသော သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကိုငြိမ်းစေသောသူသည် ဘုရားသခင်သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရမည်ဟု ဖော်ပြ ထားပါသဖြင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ ရောမဩဝါဒ ၁၃:၁ တွင် အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကိုဝန်ခံစေဟု ဖော်ပြထားသဖြင့် တိုင်းသူ ပြည်သားအားလုံးအကျိုးကိုရှေးရှုပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဆာလံ ၁၃၃ တွင် ဖော်ပြထားသည့်အတိုင်း ညီအစ်ကိုတို့သည် သဘောတူညီလျက် ပေါင်းဖော်ကြသည့်အရာမှာ အလွန်ကောင်းပေ၏၊ အလွန်တင့်တယ်လှပပေ၏၊ ထိုသို့သောအရပ်ကို ဘုရားသည် ကောင်းချီးပေးတော်မူမည်ဟု ဆိုသည့်အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖော်ဆောင်ပြီး တိုင်းပြည်အေးချမ်း သာယာဖွံ့ဖြိုးအောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များကောင်စီများ၏အသင်းတော်များမှ ဆရာတော်များ၊ သင်းအုပ်ဆရာများတို့က မေးမြန်းဆွေးနွေးပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဆက်လက်တင်ပြရန်လိုအပ်သည့်ကိစ္စရပ်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။၎င်းနောက် ပြင်ဦးလွင်မြို့ ခရစ်တော်၏အသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော် ယုံခက အပိတ်ဆုတောင်းပေးခဲ့ပြီး အခမ်းအနားကို (၁၆:၃၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်