ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

11 SEP

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

  • ရန်ကုန်တိုင်းဒေသကြီး
  • 11 September 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် တာဝန်ရှိ သူများနှင့်အတူ စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြင့်တင်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်း အဝေးခန်းမ၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွင်း စိတ်ဝင်စားမှုလျှောက်လွှာခေါ်ယူခြင်း (Expression of Interest - EOI) နှင့် စပ်လျဉ်းပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြား ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်အတူ တိုင်းရင်းသားရိုးရာအစားအသောက်များရောင်းချရန်၊ ဖျော်ဖြေမှုနှင့် အပန်းဖြေဥယျာဉ် အဆောက် အဦများတည်ဆောက်ရန်၊ အားကစားကွင်းများတည်ဆောက်ရန်၊ Shopping Center များ၊ နားနေဆောင်များ တည်ဆောက်ရန်နှင့် သီးခြားဆောင်ရွက်လိုသောလုပ်ငန်းများအတွက် မြေ/အဆောက်အဦများငှားရမ်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်းရှိ လုပ်ငန်းများဆောင်ရွက်ရန် သင့်လျော်မည့်မြေဧရိယာများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံး များတွင် ဝန်ထမ်းလိုအပ်ချက်များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝန်ထမ်းအင်အားများ ဖြည့်တင်းဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း၊ ရုံးလုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်က တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် တာဝန်ထမ်းဆောင်ကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက် ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များ၊ ဝန်ထမ်းအပြောင်း အရွှေ့ဆိုင်ရာကိစ္စရပ်များနှင့် ရာထူးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား အထွေထွေဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်း များအား ဂုဏ်ပြုချီးမြင့်ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။