ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

10 JAN

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်‌အေးမောင် ကချင်ပြည်နယ်၊ ညွှန်ကြား‌ရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခြင်း

  • ကချင်ပြည်နယ်
  • 10 January 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်‌အေးမောင်သည် ယနေ့ မွန်းလွဲ ပိုင်းတွင်  ကချင်ပြည်နယ်၊ ညွှန်ကြား‌ရေးမှူးရုံးရှိ ခန်းမဆောင်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားရန်လိုပါကြောင်း ၊ နိုင်ငံ့တော် ဘတ်ဂျက်ရန်ပုံငွေများကိုလည်း အလေအလွင့်နည်းစေရန် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်နှင့်အညီ ပြုမှုနေထိုင်၍ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဦးတည်ချက်(၄)ရပ်တို့နှင့်အညီ မိမိတို့ဝန်ကြီးဌာနကချမှတ် ထားသည့် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအားသွန်ခွန်စိုက် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များတွင်လည်း အတူတကွပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား‌ရေးရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင်လည်း စည်းလုံး ညီညွှတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အ‌ရေးများကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာနတို့မှ ပြည်နယ်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြ ခဲ့ကြသည့်အပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။