ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

08 JAN

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အ.ထ.က(ကျောက်ချက်)နှင့် အ.ထ.က(ရေဆင်း) တ်ို့မှ ကျောင်းသား၊ ကျောင်းသူများ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းသို့ လာရောက်လေ့လာ

  • နေပြည်တော်
  • 08 January 2026

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချက်)နှင့် (ရေဆင်း)တို့မှ ဆရာမများ ဦးဆောင်ပြီး Grade (6,7,8,11) တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးတို့သည်  (၇-၁-၂၀၂၆) ရက်နေ့နှင့် (၈-၁-၂၀၂၆) ရက်နေ့၌ ရုံးအမှတ်(၁၄)၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းတွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသားလူမျိုးစုများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းများ၊ တူရိယာများကို  စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းများ၊ ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေးနှင့် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုး တိုးတက်စေရေးစသည့် ဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

           ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်မှ အခြေခံပညာအထက်ကျောင်း(ရေဆင်း)၊ ကျောင်း စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ရာ ဆရာမများက လက်ခံရယူခဲ့ပါသည်။

၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာ ကြိုးဆွဲ ရုပ်သေးရုပ်အကနှင့် ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသား၊ ကျောင်းသူများကလည်း အတူတကွ ပူးပေါင်းပါဝင် ကပြခဲ့ကြကြောင်း သိရှိရပါသည်။