ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

31 DEC

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနား(၆/၂၀၂၅)ကျင်းပ

  • နေပြည်တော်
  • 31 December 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်း သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနား(၆/၂၀၂၅)ကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လမ်းညွှန်အမှာစကား ပြောကြားပါသည်။

          ထို့နောက် ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း(၅/၂၀၂၅)တွင် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်း များက မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြပါသည်။

        ၎င်းနောက် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်း များအား သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။