ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

26 DEC

ထားဝယ်မြို့၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြော ဆွေးနွေးပွဲကျင်းပ

  • တနင်္သာရီတိုင်းဒေသကြီး
  • 26 December 2025

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ဦးစွာတိုင်းရင်းသားများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာရှိသည့်. တိုင်းရင်းသားကိုယ်စားလှယ်များအချင်းချင်းနှင့် ဌာနဆိုင်ရာများ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်လေးစားမှုနှင့် ရိုင်းပင်ကူညီမှုများ ပိုမိုခိုင်မြဲလာစေရန်နှင့် တိုင်းရင်းသားများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်တည်ဆဲဥပဒေများပါ တိုင်းရင်းသားများ၏ အခွင့်အရေးကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသော  တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားများ၏အခွင့်အရေးကို ပိုမိုသိရှိနားလည်ပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် အခြေခံ၍ မိမိတို့နေထိုင်ရာဒေသအတွင်းရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က  တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်သည့်ဥပဒေအားလည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ယာယီသမ္မတ ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဆလိုင်းအင်ဒရူးငွန်ကျုံးလျန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားလည်းကောင်း အသိပညာပေးဟောပြောသည်။

ဆက်လက်၍ အသိပညာပေးဟောပြောသော ဒုတိယဝန်ကြီးနှင့် အကြံပေးပုဂ္ဂိုလ်အား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက  အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်ညီအစ်ကို မောင်နှမများ၊ ဖိတ်ကြားထားသူများစုစုပေါင်း(၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။