တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည်ရှု့စစ်ဆေး
- ရန်ကုန်
- 15 November 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် (၁၅.၁၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက (၂၈.၁၂.၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မိမိ နေထိုင်သည့် မြို့နယ်မှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲများသို့ သွားရောက်ပြီး မိမိတို့၏ မဲစာရင်းကျန်ရှိမှုမရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများ ပီသစွာဖြင့် (၂၈.၁၂.၂၀၂၅)ရက်နေ့တွင် တစ်ဦးမကျန် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးရန် လိုအပ်ပါ ကြောင်း၊ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့် တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ရိုးရာ အိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်း များအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအားလုံး နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ကြရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။
(၁၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးအဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် စာကြည့်တိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။