တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမအကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇျ္စာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြပါသည်။၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတ္တို (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ယနေ့ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမ အကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် ပစ္စည်းတန်ဖိုးနှင့် ငွေသားတန်ဖိုး စုစုပေါင်း ကျပ် (၄၃၆၃,၈၀ဝိ/-) ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုး တိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ် ကျင်းပ သည့် အသုံးချကွန်ပျူတာအဆင့်မြင့်သင်တန်းဖွင့်ပွဲ၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အအေးမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်ပွဲနှင့် အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်းဆင်း လက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကို အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ သင်တန်းဆရာများနှင့်သင်တန်းသား/ သူများ တက်ရောက်ကြပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးကြပါသည်။အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားများလူမှုဘဝမြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ်ခဲ့ရာ ဖွင့်လှစ်ဆောင်ရွက်ပြီးခဲ့သည့် သင်တန်းများအနေဖြင့် ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသား ရိုးရာအစားအစာ ချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းလက်မှုသင်တန်း ကျောင်း၌ အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှုအခြေခံသင်တန်း၊ စက်ချုပ်သင်တန်းနှင့် ယခု ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ပျူတာဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိပြီး အဆောက်အအုံတည်ဆောက်ပြီးစီးပါက ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ယခုကဲ့သို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အအုံကဲ့သို့ ကျန်ရှိသည့်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း တည်ဆောက် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် IT နည်းပညာများ ထွန်းကားမြင့်မားလာသည်နှင့်အမျှလူမှုစီးပွားရေးတို့မှာလည်း တိုးတက်မြင့်မားလာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာများ စဉ်ဆက်မပြတ်တိုးတက်လာသည့်အတွက် မိမိတို့သည်လည်း နည်းပညာနောက်ကို စဉ်ဆက်မပြတ် လေ့လာလိုက်စား ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများအနေဖြင့် “အသုံးချကွန်ပျူတာ သင်တန်းများ” သင်ယူပြီးဆုံးသည့်အချိန်တွင် တတ်မြောက်ထားသည့်ပညာရပ်များဖြင့် မိမိတို့၏ ရပ်ရွာဒေသသို့ရောက်ရှိပါက လက်တွေ့အသုံးချကြရမည့်အပြင် မိမိတို့ဒေသရှိ တိုင်းရင်းသားလူငယ်များကိုလည်း ပြန်လည်သင်ကြားမျှဝေပေးသွားကြစေလိုပါကြောင်း၊ ထိုမှသာ တိုင်းရင်းသားလူငယ်များ နည်းပညာရပ်များပိုမိုနားလည်တတ်မြောက်ပြီး လူမှုဘဝခေတ်မီတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အိမ်တွင်းမှုသင်တန်းဖြစ်သည့် ရေခဲမုန့်၊ အဖျော်ယမကာနှင့်အအေးအမျိုးမျိုးထုတ်လုပ်မှုသင်တန်းကို တက်ရောက်ကြမည့် သင်တန်း သား/သင်တန်းသူများအနေဖြင့်လည်း မိမိတို့၏ ဒေသများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကိုအသုံးပြုပြီး ကုန်ချောထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိသည့်အပြင် ဒေသတွင်းစီးပွွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူ ဖြစ်စေပြီး လူမှုစီးပွားရေးဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုလို သင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့်အပြင် တစ်ဦးချင်းဝင်ငွေမြင့်မားရေးကိုလည်းအထောက်အကူပြုစေသည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ ပိုမိုတိုးတက် ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေ တိုင်းရင်းသား များအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် အိမ်တွင်းမှု သင်တန်းများမှတစ်ဆင့် One Village, One Product အဖြစ် ဒေသထွက်ကုန်များ ပေါ်ထွက်လာစေရန်၊ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာစေရန်နှင့် ယနေ့ နည်းပညာခေတ်တွင် ကျေးလက်နေတိုင်းရင်းသားများပါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မျက်ခြည်မပြတ် သိရှိနားလည်စေရန်၊ မိမိတို့ကျေးလက်ဒေသအတွင်းရှိ အနာဂတ် မျိုးဆက်သစ်များအား ကွန်ပျူတာလက်ဆင့်ကမ်းသင်ကြားပြသနိုင်ရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အိမ်တွင်းမှုသင်တန်းကို တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျေးရွာများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ချောပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရေး အိမ်တွင်းမှုသင်တန်း (၅)ကြိမ် ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်း (၁/၂၀၂၂)တွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး ကြပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် ကွန်ပျူတာသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်တွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် မွန်တိုင်းရင်း သားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။ ပထမဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နာယက မိဉဉအောင်နှင့် ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်တို့က မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စုခန်းမအတွင်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးကြပါသည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်လူမျိုးများသည် သမိုင်းအစဉ်အလာကြီးမားပြီး စာပေ၊ ယဉ်ကျေးမှုနှင့်အနုပညာတို့ကို မြတ်နိုးကြသူများဖြစ်သည့်အပြင် စည်းလုံးညီညွတ်မှုရှိသော လူမျိုးတစ်မျိုးဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)၏ နှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားကို ယခုလို စည်စည်ကားကားသိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခြင်းသည် စည်းလုံးညီညွတ်ခြင်းသည်အင်အား (Unity is Strength) ဆိုတာတွေ့ရှိ ရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)ကို ယခုလို နှစ်(၅၀)ထိတိုင်အောင် ရာစုနှစ်ဝက်အဖြစ် တည်တံ့ခိုင်မြဲစေဖို့ ကြိုးစားလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြပြီး ယခင်နှစ်အဆက်ဆက်တာဝန်ယူခဲ့ကြသည့် တာဝန်ရှိသူများနှင့်ကော်မတီဝင်များအားလုံးကို ဂုဏ်ပြုချီးကျူးလိုပါကြောင်း၊ ယခုလို မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွွံ့ဖြိုးတိုးတက်စေဖို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ပါတီ နိုင်ငံရေးနှင့်ဆက်သွယ်မှုမရှိဘဲ မိမိတို့၏စာပေနှင့်ကျဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုသာဆောင်ရွက်ကြရမည့်အဖွဲ့အစည်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကိုထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်း ဖြင့် ပြည်ထောင်စုစိတ်ဓါတ်တိုးတက်ခိုင်မာလာစေရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်မှာ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ မျှော်မှန်းချက်ဖြစ်ပြီး ယင်းမျှော်မှန်းချက်အတိုင်းလည်း အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ရာမှာ လိုအပ်သည့်အကူအညီများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး များမှသော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများမှ တစ်ဆင့်သော်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ရုံးချုပ်)သို့ သော်လည်းကောင်း လိုအပ်သည့်အကူအညီများကို တင်ပြတောင်းခံနိုင်ပါကြောင်း၊ မွန်စာပေ နှင့်ယဉ်ကျေးမှု (ရန်ကုန်)ကို ယခုနှစ် (၅၀)ပြည့် ရွှေရတုမှသည် နောင်ထာဝရ နှစ်ရှည်ထိတိုင် တည်မြဲအောင်တည်ဆောက်ပြီး စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာများဖွံ့ဖြိုး တိုးတက်အောင် အောင်အောင်မြင်မြင်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော်သည် စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရှိမှ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီး တိုင်းပြည် အေးချမ်းသာယာမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်အေးချမ်းသာယာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးနှင့် အေးချမ်းသာယာမှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဦးတည်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားရာတွင် လူမျိုးတစ်မျိုး တည်တံ့ခိုင်မြဲဖို့သည် ဘာသာ၊ စကား၊ စာပေ တို့မပျောက်ပျက်ရန် အလွန်အရေးကြီးပါကြောင်း၊ စကား၊ စာပေ ပျောက်ကွယ်လျှင် လူမျိုးပါပျောက်ကွယ် သွားမည်ဖြစ်ပြီး မိမိတို့လူမျိုးမပျောက်ပျက်စေရန် ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် အရေးကြီးလှပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဂုဏ်ထူးဆောင်နာယက နိုင်ချစ်ဖေက ဝမ်းမြောက်စကားပြောကြားပြီး မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က ရွှေရတုသဘင်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဒေါက်တာမင်းခင်စိန်တို့က ၁၉၇၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်(၅၀)အတွင်း မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်)တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး ခဲ့ပါသည်။ ထို့နောက် မွန်ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်