ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သုတေသနနှင့် ဖွံ့ဖြိုးရေး

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

သုတေသနလုပ်ငန်းများ

(၁)    “အစိုးရဌာနများမှ ဆောင်ရွက်လျက်ရှိသော သက်မွေးပညာသင်တန်းများနှင့် သင်တန်း ကျောင်းများ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေနိုင်ရေး အချက်အလက်များ စုစည်း ဆောင်ရွက် လျက်ရှိပါသည်။

(၂)      တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့၌ ၎င်းတို့၏ရိုးရာဓလေ့အရ ဝိသေသ ရှေ့ဆောင် စကားလုံးများ ထည့်သွင်းခြင်းနှင့် အမည်မှည့်ခေါ်ခြင်းတို့နှင့်စပ်လျဉ်း၍ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် တိုင်းရင်းသားလူမျိုးများ၏ အမည်ပေး ခေါ်ဝေါ်ရာတွင် အမည်ရှေ့၌ ရိုးရာဓလေ့အရ ဝိသေသရှေ့ဆောင်စကားလုံးများ ထည့်သွင်း၍ ဖော်ပြခြင်းနှင့် အမည်ပေးခေါ်ဝေါ်ပုံ ဓလေ့ များကို မှတ်တမ်းတင်ခြင်းနှင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုများနှင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ လူမျိုးအလိုက် အမည်ပေးခေါ်ဝေါ်ရာတွင် အမည်ရှေ့၌ ရိုးရာဓလေ့အရ ဝိသေသ ရှေ့ဆောင်စကားလုံးများ ထည့်သွင်း၍ ဖော်ပြခြင်းနှင့် အမည်ပေးခေါ်ဝေါ်ပုံဓလေ့များကို မှတ်တမ်းတင်ခြင်း လုပ်ငန်း များ ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

(၃)     တိုင်းရင်းသားလူမျိုးများအကြား အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲနှင့် ရိုးရာဖြတ်ထုံးများအား စုစည်းမှတ်တမ်းတင်ရေးလုပ်ငန်း စီမံချက်နှင့် ပတ် သက်၍ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဖြတ်ထုံးများဆိုင်ရာ အမည်စာရင်းများ စုစုပေါင်း (၄၂) ခု ရရှိခဲ့ပြီး ICH ပုံစံဖြင့် စာရင်းသွင်းထားသည့် မှတ်ပုံတင်စာရင်းပုံစံ (၂၅) ခု ရရှိခဲ့ ပါသည်။  

(၄)     စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် “ရိုးရာအားကစားနည်းများ” ကို သုတေ သနပြု စုစည်းထားရှိရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ ကနန်း တိုင်းရင်းသားနှင့် နာဂတိုင်းရင်းသားတို့၏ ရိုးရာအားကစားနည်းနှင့် စပ်လျဉ်းသည့် အချက်အလက်များကို သက်ဆိုင်ရာတိုင်းရင်းသားများထံ ညှိနှိုင်းတောင်းခံလျက်ရှိပါ သည်။

(၅)     ပျောက်ကွယ်လုနီးပါး တိုင်းရင်းသားမျိုးနွယ်စု  (ရဘိန်းနှင့် ဖျင်) တို့၏ အကြောင်းအရာ အချက်အလက်များကို    ရှာဖွေပြုစုလျက်ရှိပါသည်။

(၆)     ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် ဖွင့်လှစ်မည့် သင်တန်းများနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကာလတို သက်မွေးသင်တန်းများ၊ စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများ၏ အချက် အလက် များအား ပြုစုထားရှိပါသည်။

(၇)     ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် ကာလတို သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီး ဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဟိုတယ်နှင့်ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ ပေးပို့လာ သည့် အချက်အလက်များကို စုဆောင်းပြုစုလျက်ရှိပါသည်။