ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

လူမှုဘဝမြှင့်တင်ရေး

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

လူမှုဘဝများမြင့်မားရေးအတွက်ဆောင်ရွက်ခြင်း

 

ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-

(၁)     တိုင်းရင်းသားလူမျိုးများ၏ လူမှုရေးအသင်းအဖွဲ့များမှတ်ပုံတင်ခွင့်ရရှိရေး အတွက် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ပြီး သဘောထားမှတ်ချက်ပြု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစီရင် ခံသည့်ကာလအထိ အသင်းအဖွဲ့ ၂ ခုအား သဘောထားမှတ်ချက် ပြန်ကြားပေးခဲ့ပါသည်။

(၂)      ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေး အထောက် အကူ ပြု ဆရာ၊ ဆရာမများ (Teaching Assistant-TA) ၁၆၉၇ ဦးနှင့် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ (Language Teacher-LT) ၃၂ ဦး၊ စုစုပေါင်း ၁၇၂၉ ဦးတို့အား ခန့်ထား နိုင်ခဲ့ပါသည်။

(၃)     တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံပညာကျောင်းတွင် သင်ကြားလျက်ရှိသည့် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ (Teaching Assistant-TA) ၇၀၄ ဦး အား မူလတန်း ဆရာ အတတ်သင် စာပေးစာယူ(မစယ) သင်တန်းသို့ တတ်ရောက်ခွင့်ရရှိနိုင်ရေး ပညာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ ပါသည်။

(၄)     ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသား ဘာသာ စာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမ များ (Teaching Assistant-TA) ၁၀၆၂ ဦးနှင့် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ (Language Teacher-LT) ၃၂ ဦး၊ စုစုပေါင်း ၁၀၉၄ ဦး တို့အား ခန့်ထားနိုင်ရေး ညှိနှိုင်းပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

(၅)     နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အစားထိုး ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှု အဖွဲ့၏ အစားထိုးဖွံ့ဖြိုးမှုဆိုင်ရာ ဒုတိယအကြိမ် (Pilot Project)၏ လစဉ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အစား ထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ အစားထိုးဖွံ့ဖြိုးမှုဆိုင်ရာ ဒုတိယ အကြိမ် ရှေ့ပြေးစီမံကိန်း (Pilot Project) ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းလုပ်ငန်း ဆိုင်ရာ စာရင်းများအားပြုစု၍ နယ်စပ်ရေးရာဝန်ကြီးဌာနသို့  ပေးပို့ခဲ့ပါသည်။

(၆)     ၁၀-၅-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာ ဒေသခံ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ယာဉ်မောင်းလိုင်စင်ရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

(၇)     ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အထွေထွေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အစီရင်ခံသည့်ကာလအထိ ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၈)     ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်ရုံး အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများအား ပြန်လည်ပြင်ဆင်ရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရန်ပုံငွေဖြင့် ၁၉-၆-၂၀၂၄ ရက်နေ့နှင့် ၂၀-၆-၂၀၂၄  ရက်နေ့တို့တွင် တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်း များအား ဆောင်ရွက်ခဲ့ပြီး တင်ဒါအောင်မြင်သည့် Shwe Nite Khaing Co.,Ltd နှင့်စာချုပ် ချုပ်ဆိုပြီး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် အနောက်ဘက် ခြံစည်းရိုး ပြင်ဆင်ခြင်း၊ လျှပ်စစ်မီးများပြင်ဆင်ခြင်း၊ Sunshade များ ပြုလုပ်တပ်ဆင်ခြင်း လုပ်ငန်း များကို  ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၉)     ၂၁-၆-၂၀၂၄ ရက်နေ့နှင့် ၂၂-၆-၂၀၂၄ ရက်နေ့တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးမှဦးဆောင် ကျင်းပပြုလုပ်သော “ဆလုံ(မော်ကယ်) တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆလုံ (မော်ကယ်) စာပေဆရာဖြစ်သင်တန်း၊ ရိုးရာအက သင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦးတက်ရောက်၍ ပါဝင်ဆောင် ရွက်ခဲ့ပါသည်။

(၁၀)   မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး ခြံစည်းရိုးတွင် အရှည် ၂၇၂ ပေ ဘလိတ် ဓားသွားတပ်ဆင်ခြင်းလုပ်ငန်းနှင့် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ခြံစည်းရိုးတွင် အရှည် ၉၈၇ ပေ ဘလိတ်ဓားသွား တပ်ဆင်ခြင်းလုပ်ငန်းများကို ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၁၁)   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အခြေခံလိုအပ်ချက်ဖြစ်သော ရုံးသုံးပရိဘောဂ၊ ရုံးသုံးစက်ကိရိယာ၊ ယာဉ်နှင့် အခြားပစ္စည်းများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် အခြား လိုအပ် ချက်များကို ဖြည့်တင်းဝယ်ယူခြင်းလုပ်ငန်းများကို ၁၀၀% အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါသည်။

(၁၂)  ၂၈-၆-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ လေ့လာရေးခရီးစဉ်တွင် ပါဝင်ကြမည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လူငယ်မောင်မယ်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

(၁၃)   ၂၉-၆-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

(၁၄)   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် ရုံးအသုံးအဆောင်ပစ္စည်း (၄)မျိုး၊ အရေအတွက် (၁၅) ခု၏ မူလတန်ဖိုးကျပ် ၂,၀၀၃,၀၀၀/-(ကျပ်နှစ်ဆယ်သိန်း သုံးထောင်တိတိ) ကို တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ သဘောတူဆုံးဖြတ်ချက်အရ ဌာနပိုင်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်ပါသည်။

(၁၅)   တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၇-၇-၂၀၂၄ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ငွေလုံးငွေရင်းအသုံးစရိတ်မှ တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သာရဘွင် ကျေးရွာအုပ်စု၊ သာယာကုန်း-မယ်ငေါအင်း ကျေးရွာချင်း ဆက်သစ်သား တံတား (၂၅၀'x၉') ပြန်လည် ဆောက်လုပ်ရန်အတွက် ငွေကျပ် ၈,၀၀၀,၀၀ဝိ/- (ကျပ်သိန်းရှစ်ဆယ်တိတိ) ကို ထောက်ပံ့ပေးခဲ့ပါသည်။

(၁၆)   တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၁-၈-၂၀၂၄ ရက်နေ့တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပရောဝါးကျေးရွာမှ ဆလုံ တိုင်းရင်းသား ကျောင်းသူ (၃)ဦးကို Grade-12 တွင် ပညာသင်ယူနိုင်ရေးအတွက် ပညာ သင်စရိတ်ထောက်ပံ့ငွေကျပ် ၆,၀၀၀,၀၀ဝိ/- (ကျပ် ခြောက်ဆယ်သိန်းတိတိ)ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်း ခေါင်းစဉ်မှ ထောက်ပံ့ပေးခဲ့ပါသည်။

(၁၇)   ၁၄-၈-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပြည်ထောင်စုဝန်ကြီးတို့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ တောင်ငူမြို့ပေါ်ရှိ ယာယီတိုက်ပွဲ ရှောင်တိုင်းရင်းသားလူငယ်များပညာသင်ကြားနိုင်ရေးအတွက် သင်တန်းကျောင်းဆောက် လုပ်မည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့ကြီးရပ်ကွက် အမှတ်(၂၀)၊ ဦးပိုင်အမှတ်(၃၀)၊ မြေဧရိယာ ၀.၈၄၅ ဧကနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၈)   တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၉-၉-၂၀၂၄ ရက်နေ့တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ ဒုံးဇလပ်ကျေးရွာရှိ အခြေခံပညာမူလတန်း လွန်ကျောင်း၊ ငုဝါကျောင်းဆောင် မျက်နှာကျက် ပြုလုပ်ရန်အတွက် ကုန်ကျစရိတ် ငွေကျပ် ၇,၀၀၀,၀၀ဝိ/- (ကျပ်ခုနှစ် ဆယ်သိန်းတိတိ) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေး လုပ်ငန်းစဉ်မှ ထောက်ပံ့ပေးခဲ့ပါသည်။

(၁၉)   တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၀-၉-၂၀၂၄ ရက်နေ့ နှင့် ၁၀-၁၀-၂၀၂၄ ရက်နေ့တို့တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက်တောင် ကျေးရွာမှ ယာယီ နေရပ် စွန့်ခွာကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီ ထောက်ပံ့ရန် ကုန်ကျစရိတ် ငွေကျပ် ၁၂,၆၆၀,၀၀ဝိ/- (ကျပ်တစ်ရာနှစ်ဆယ့် ခြောက်သိန်းခြောက်သောင်းတိတိ) ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်မှ ထောက်ပံ့ ပေးခဲ့ပါသည်။

(၂၀)    ရှမ်းပြည်နယ် “တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ” တွင် ဖွင့်လှစ်လျက် ရှိသော သက်မွေးပညာသင်တန်းများသို့ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား သင်တန်းသား/ သူများအနေဖြင့် မိမိတို့၏ ရပ်ရွာအတွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းများအဖြစ် လုပ်ကိုင် ဆောင်ရွက်နေမှုကို စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

(၂၁)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ဆလုံလူမျိုးများ ပညာသင်ယူမှု အခွင့်အလမ်းရရှိစေရန် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာတွင် ဆလုံ ဘော်ဒါဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ၁၀-၁၀-၂၀၂၄ ရက်နေ့တွင် မြေလှူဒါန်းပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

(၂၂)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၃၁-၁၀-၂၀၂၄ ရက်နေ့ တွင် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲမှ ယာယီနေရပ်စွန့်ခွာ ကရင် တိုင်းရင်း သားများအား ဆန်၊ ဆီ၊ ရိက္ခာများ ထောက်ပံ့ရန် ကုန်ကျစရိတ် ငွေကျပ် ၆,၆၆၀,၀၀ဝိ/- (ကျပ်ခြောက်ဆယ့် ခြောက်သိန်းခြောက်သောင်းတိတိ) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံး စရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေး လုပ်ငန်း စဉ်မှ ထောက်ပံ့ပေးခဲ့ပါသည်။

(၂၃)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၃၁-၁၀-၂၀၂၄ ရက်နေ့ တွင် ထားဝယ် ခရိုင်၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာအုပ်စု၊ မာရံကျေးရွာရှိ အခြေခံပညာ မူလတန်း ကျောင်း အမိုးပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကျစရိတ် ငွေကျပ် ၃,၉၈၂,၀၀ဝိ/- (ကျပ်သုံးဆယ့်ကိုးသိန်းရှစ်သောင်း နှစ်ထောင်တိတိ) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေး လုပ်ငန်းစဉ်မှ ထောက်ပံ့ပေးခဲ့ပါသည်။

(၂၄)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၀-၁၁-၂၀၂၄ ရက်နေ့တွင် ထားဝယ် ခရိုင်၊ ထားဝယ်မြို့နယ်၊ ထီးထကျေးရွာမှ ဒေသခံ တိုင်းရင်းသား များအား ဆန်၊ ဆီ၊ ရိက္ခာ များ ထောက်ပံ့ရန် ကုန်ကျစရိတ် ငွေကျပ် ၁၇,၅၀၀,၀၀ဝိ/- (ကျပ်တစ်ရာခုနစ်ဆယ့် ငါးသိန်းတိတိ) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်မှ ထောက်ပံ့ ပေးခဲ့ပါသည်။

(၂၅)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင် ဘုတ်ပြင်း ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာမှ ဆလုံ တိုင်းရင်းသားအိမ်ထောင်စုများနှင့် လငန်း/ ကံမော်ကြီးကျေးရွာမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီ၊ ရိက္ခာများ ထောက်ပံ့ရန် ကုန်ကျစရိတ် ငွေကျပ် ၇,၇၄၂,၀၀ဝိ/- (ကျပ်ခုနစ်ဆယ့်ခုနစ်သိန်း လေးသောင်း နှစ်ထောင်တိတိ) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ ဆလုံ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်မှ ထောက်ပံ့ပေးခဲ့ပါသည်။

(၂၆)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင် ဆလုံ လူမျိုးများ ပညာသင်ယူမှုအခွင့်အလမ်းရရှိစေရန် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာတွင် ဆလုံဘော်ဒါဆောင် ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ် ငွေကျပ် ၂၅,၂၀၄,၀၀ဝိ/- (ကျပ်နှစ်ရာ ငါးဆယ့်နှစ်သိန်းလေးထောင်တိတိ) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံး စရိတ်၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်မှ ထောက်ပံ့မှုဖြင့် သွပ်၊ ဘိလပ်မြေ၊ သစ် များ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

(၂၇)   တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင် မြိတ် ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ မနွယ်ကျေးရွာ၊ အုန်းတောကမ်းအစုမှ ဆလုံ တိင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ကြို/ပို့ ဆောင်ရွက်နိုင်ရေး စက်နှင့်လှေ ထောက်ပံ့ရန် ကုန်ကျစရိတ် ငွေကျပ် ၄,၈၀၀,၀၀ဝိ/- (ကျပ်လေးဆယ့်ရှစ်သိန်း တိတိ) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်မှ ထောက်ပံ့ပေး ခဲ့ပါသည်။

(၂၈)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၀-၁၂-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျသော ကရင်၊ မွန်၊ ဆလုံ (မော်ကယ်)၊ ထားဝယ်စသည့် တိုင်းရင်းသားလူငယ်များအတွက် ပညာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ထားဝယ်တက္ကသိုလ်နှင့် မြိတ် တက္ကသိုလ် တို့တွင်ဆောင်ရွက်ရန်အတွက် ခွင့်ပြုငွေကျပ် ၁၉,၄၉၅,၀၀ဝိ/- (ကျပ်တစ်ရာကိုးဆယ့်လေးသိန်း ကိုးသောင်းငါးထောင် တိတိ) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်မှ ထောက်ပံ့ပေးခဲ့ ပါသည်။

(၂၉)    တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၀-၁၂-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ တက္ကသိုလ် ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် G-12 အဆင့် တိုင်းရင်းသား ကျောင်းသား/သူများ အောင်ချက် မြင့်မားရေး စာသင်/စာကျက်ဝိုင်း ပြုလုပ်ဆောင်ရွက်ရန်အတွက် ခွင့်ပြုငွေကျပ် ၃၁,၈၀၀,၀၀ဝိ/- (ကျပ်သုံးရာတစ်ဆယ့်ရှစ်သိန်းတိတိ) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေး လုပ်ငန်းစဉ်မှ ထောက်ပံ့ပေးခဲ့ပါသည်။

(၃၀)   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် ချက်အရ ငါးမျိုး၊ ငါးဘောင် ဟင်းသီးဟင်းရွက်စိုက်ခင်းကို တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေး မှူးရုံးအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပါသည်။

(၃၁)   ၁၂-၁-၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ လာရောက်၍ စာသင်/စာကျက်ဝိုင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ငါးမျိုး၊ ငါး ဘောင်စိုက်ပျိုးရန် ဆောင်ရွက်ထားမှု အခြေအနေကို လမ်းညွှန်မှုပြုခဲ့ပါသည်။

(၃၂)    တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအနေဖြင့် ဆလုံ(မော်ကဲန်) ကျောင်းသား/ သူများ၊ ယာယီနေရပ်စွန့်ခွာ မွန်ကျောင်းသား/သူများ၊ ကရင် ကျောင်းသား/သူများ ပညာသင်ယူမှု အခက်အခဲမရှိစေရေးနှင့် စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ဘာသာ စကား ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဆန်နှင့် ရိက္ခာများ ထောက်ပံ့ပေးခဲ့ ပါသည်။

(၃၃)   ၂၄-၃-၂၀၂၅ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးသည် ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လှူဒါန်းငွေကျပ် ၂,၅၀၀,၀၀၀/- (ကျပ်နှစ်ဆယ့်ငါး သိန်းတိတိ) ကို ထောက်ပံ့ပေးအပ်ခဲ့ ပါသည်။

(၃၅)   တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအနေဖြင့် မြိတ်တက္ကသိုလ်၌ ကျင်းပပြုလုပ် ခဲ့သည့် တိုင်းရင်းသားကျောင်းသားလူငယ်များပါဝင်သည့် ဘာသာရပ်ပေါင်းစုံ ဘော်လီဘော နှင့်ဘောလုံးအားကစားပြိုင်ပွဲအတွက် ကုန်ကျစရိတ် ငွေကျပ် ၆,၀၀၀,၀၀ဝိ/- (ကျပ် ခြောက်သန်းတိတိ) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်း ခေါင်းစဉ်မှ ထောက်ပံ့ပေးခဲ့ ပါသည်။

(၃၆)   ၄-၄-၂၀၂၄ ရက်နေ့တွင် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်း စင်တာ” ၏ စီမံကိန်းပါ အဆောက်အအုံများကို မိုးယံဝင့်ချီ ကုမ္ပဏီလိမိတက်သို့ လုပ်ငန်း အပ်နှံဆောက်လုပ်ခဲ့ရာ စည်းကမ်းချက်များအရ (၂) နှစ်အတွင်း ချို့ယွင်းမှုများကို လုပ်ငန်း လက်ခံသူက ပြန်လည်ပြင်ဆင်ပေးရမည်ဟု ပါရှိခြင်းကြောင့် ချို့ယွင်းမှုများကို အမြန် ပြင်ဆင်ပေးရန် မိုးယံဝင့်ချီ ကုမ္ပဏီလိမိတက်သို့ အကြောင်းကြားခဲ့ပါသည်။

(၃၇)   ၃-၅-၂၀၂၄ ရက်နေ့တွင် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်း စင်တာ” စီမံကိန်းပါ အဆောက်အဦများတွင် ဖြစ်ပေါ်လျက်ရှိသော ချို့ယွင်းမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  “ပြင်ဆင်ပြီးစီးမှု အခြေအနေပြန်တင်ပေးပါ” ဟု မိန့်မှတ်ချက်ပြုခဲ့သည့်အပေါ် သိရှိလိုက်နာ ဆောင်ရွက်သွားရန် ရှမ်းပြည်နယ်တိုင်းရင်းသား ရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာနှင့်  မိုးယံဝင့်ချီကုမ္ပဏီလိမိတက်သို့ အကြောင်း ကြားခဲ့ပါသည်။

(၃၈)   ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ အဆောက်အဦတွင် ဖြစ်ပေါ်လျက်ရှိသော ချို့ယွင်းမှုများကို ပြင်ဆင်တင်ပြလာမှု နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက “စာချုပ် (သက်တမ်း)အရ အချိန် မကုန်သေးသဖြင့် ပြင်ဆင်ပါ။ မျက်ခြေမပြတ် (စိစစ်/စစ်ဆေးကြပ်မတ်) တင်ပြပါ။” ဟု မိန့်မှတ်ချက်ပြုခဲ့သည့်အပေါ် သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် ပြင်ဆင်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်၊ မိုးယံဝင့်ချီ ကုမ္ပဏီလိမိတက်သို့ အကြောင်းကြားခဲ့ပါသည်။

(၃၉)   ၁-၇-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ၌ လုံခြုံရေး အဆောက်အဦဆောက်လုပ်ခြင်း၊ မီးစက် အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး အဝင်လမ်းကွန်ကရစ် လမ်းခင်းခြင်းစသည့် တည်ဆောက်ရေး လုပ်ငန်း များကို ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ပေး နိုင်ပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနသို့ ညှိနှိုင်းခဲ့ ပါသည်။

(၄၀)   ၂၅-၇-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ၌ လုံခြုံရေး အဆောက်အဦဆောက်လုပ်ခြင်း၊ မီးစက် အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အဝင်လမ်းကွန်ကရစ် လမ်းခင်းခြင်းစသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက် စိစစ်ခြင်းအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။

(၄၁)   “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ၌ အစီရင်ခံသည့် ကာလအထိ လုံခြုံရေးအဆောက်အဦဆောက်လုပ်ခြင်း ၁၀၀ %၊ မီးစက်အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းများအတွက် ၁၀၀ % နှင့် ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအတွက် ၁၀၀% အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၄၂)    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) နှင့် (၂၀၂၂) တို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ” စီမံကိန်းဆောင်ရွက်ချက်မှတ်တမ်း စာအုပ်များအား လိုအပ်သလို ဆောင် ရွက်နိုင်ရန်အတွက် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် အမျိုးသား စာကြည့်တိုက် (နေပြည်တော်) သို့ ပေးပို့ခဲ့ပါသည်။

(၄၃)   ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် သက်မွေးစင်တာသင်တန်းကျောင်းတွင် ဆောင်ရွက် လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းများ၏ BP& BQ (၆) စုံကို လုပ်ငန်းများစိစစ်၍ အမြန်ဆုံးပေးပို့တင်ပြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီသို့ အကြောင်းကြားခဲ့ပါသည်။

(၄၄)     နိုင်ငံခြားသို့ သွားရောက်ခဲ့ခြင်းများအတွက် နိုင်ငံခြားငွေ အမှန်ကုန်ကျမှုစာရင်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့  လစဉ်ပေးပို့ခဲ့ ပါသည်။

(၄၅)   ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့်၎င်းတို့၏ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် လူမှုဘဝမြင့်မား ရေးအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၆၀,၀၀၀,၀၀ဝိ/- (ကျပ်ခြောက်ရာသိန်းတိတိ) ကို အောက်ပါအတိုင်း ပေးအပ် နိုင်ခဲ့ပါသည်-

စဉ် တိုင်းဒေသကြီး/ ပြည်နယ် အကြောင်းအရာ ထောက်ပံ့ငွေ (ကျပ်) (က) ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ထောက်ပံ့ခြင်း ၇,၀၀၀,၀၀၀.၀၀ (ခ) စစ်ကိုင်းတိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၂,၀၀၀,၀၀၀.၀၀ (ဂ) တနင်္သာရီတိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၃,၅၀၀,၀၀၀.၀၀ (ဃ) ပဲခူးတိုင်း ဒေသကြီး ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ ထောက်ပံ့ခြင်း ၅,၀၀၀,၀၀၀.၀၀ (င) မန္တလေး တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ထောက်ပံ့ခြင်း ၈,၀၀၀,၀၀၀.၀၀ (စ) မွန်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ထောက်ပံ့ခြင်း ၂,၉၅၀,၀၀၀.၀၀ (ဆ) ရခိုင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ထောက်ပံ့ခြင်း ၃,၅၀၀,၀၀၀.၀၀ (ဇ) ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၆,၅၀၀,၀၀၀.၀၀ (ဈ) ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၁၁,၅၀၀,၀၀၀.၀၀ (ည) ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသို့ ထောက်ပံ့ခြင်း ၇,၀၀၀,၀၀၀.၀၀ (ဋ) ဧရာဝတီတိုင်း ဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၃,၀၅၀,၀၀၀.၀၀ စုစုပေါင်း ၆၀,၀၀၀,၀၀၀.၀၀

 

(၄၆)   တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက်   သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပြီးစီးမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-       

စဉ် သင်တန်းအမည် ဦးရေ (က) Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊ ခြင်း ရက်လုပ်ခြင်းသင်တန်း (နေပြည်တော်) ၄၂ (ခ) အခြေခံစက်ချုပ်ပညာသင်တန်း၊ ပန်းအလှပြင်သင်တန်း၊ ပိုးစာနှင့်စိုက်ပျိုးမွေးမြူရေးသင်တန်း၊ ငှက်ပျောဝိုင်ထုတ် လုပ် နည်းပညာသင်တန်းနှင့် ဂရိတ်ဝိုင်ထုတ်လုပ် နည်းပညာ သင်တန်း  (ကချင်ပြည်နယ်) ၆၂ (ဂ)   မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (ကယားပြည်နယ်) ၁၅ (ဃ) အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံ စား သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (ကရင်ပြည်နယ်) ၁၉၀ (င) အခြေခံ ပန်းအလှပြင်သင်တန်း၊ ကတ္တီပါဖိနပ်ပြုလုပ်နည်း သင်တန်း၊ ရိုးရာအကသင်တန်း (စစ်ကိုင်းတိုင်းဒေသကြီး) ၅၁ (စ) အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ (ရခိုင် ပြည်နယ်) ၅၅ (ဆ) အခြေခံကွန်ပျူတာသင်တန်း၊ ဂဟေဆက်သင်တန်း၊ ဆပ်ပြာရည် သင်တန်း၊ အခြေခံနှင့် အဆင့်မြင့်ခြင်းရက်လုပ်ခြင်းသင်တန်း (ရန်ကုန်တိုင်း ဒေသကြီး) ၃၁၂ (ဇ) လားဟူလွယ်အိတ်ချုပ်လုပ်ငန်း၊ တိုင်းလုံဝတ်စုံနှင့် စက်ချုပ် သင်တန်း၊ အာခါရိုးရာလွယ်အိတ်ချုပ်သင်တန်း၊ အဲန်ရိုးရာ ဝတ်စုံ နှင့် စက်ချုပ်သင်တန်း၊ “ဝ ရိုးရာဝတ်စုံနှင့်စက်ချုပ်သင်တန်း” (ရှမ်းပြည်နယ်) ၁၀၀ (ဈ) မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်း၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ၊ ကွန်ပျူတာ အဆင့်မြင့်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ၊ ငှက်ပျောပင်မှ တန်ဖိုး မြှင့် ထုတ်ကုန်ထုတ်လုပ်ခြင်းသင်တန်း၊ “ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း”၊“အဆင့်မြင့်မော်တော် ဆိုင်ကယ် စက်ပြင်သင်တန်း”(ရှမ်းပြည်နယ်သက်မွေးပညာသင်တန်း စင်တာ) ၃၅၉ (ည) လူသုံးကုန်နှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (ဧရာဝတီတိုင်းဒေသကြီး) ၂၁   စုစုပေါင်း တက်ရောက်သည့် (ဦးရေ) ၁၂၀၇