တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း
(က) မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းများရေးဆွဲပြဋ္ဌာန်းခြင်း။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ နေ့တွင် ပြည်ထောင်စုဥပဒေအမှတ် ၈ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများအား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များ ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် မူလဥပဒေပါ အခန်းနှင့် ပုဒ်မများ၌ ပြန်လည် ပြင်ဆင်သင့်သည့် ရေးထုံးများကို ပြင်ဆင်နိုင်ရေး အတွက် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ အား ပြင်ဆင်လိုသည့် အကြောင်းအရင်းများကို စုစည်းထားရှိပါသည်။
(ခ) အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအခြားလုပ်ငန်းများ။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်-
(၁) တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအနေဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ သဘောထား မှတ်ချက်ပြန်ကြားပေးရန် ညှိနှိုင်းလာသည့် လုပ်ငန်းစာတွဲများနှင့်စပ်လျဉ်း၍ အစီရင်ခံသည့်ကာလအထိ (၄၉) ခုအား စိစစ်ခဲ့ပါသည်။
(၂) သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ၎င်းတို့ဆောင်ရွက် မည့် လုပ်ငန်းအမျိုးအစားအလိုက် ပြုစုထားရှိသော ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) အစီရင်ခံစာများ နှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘောထားမှတ်ချက်/အကြံပြု ချက်များ တောင်းခံလာမှုအပေါ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သဘောထား မှတ်ချက်များ စိစစ်ပြန်ကြားပေးလျက်ရှိရာ အစီရင်ခံသည့်ကာလအထိ(၇၂)ခု အားစိစစ်ခဲ့ပါသည်။
(၃) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများအကျိုးကို အထောက်အကူပြု နိုင်စေရန်နှင့် လူမှုအဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်အတွက် ကောင်းမွန်သောရည်ရွယ်ချက် လုပ်ငန်းစဉ်များဖြင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်းရင်းသား လူမျိုးများ၏ လူမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်ရရှိရေးအတွက် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီစိစစ်ပြီး သဘောထားမှတ်ချက်ပြုမှုကိစ္စရပ် များနှင့်စပ်လျဉ်း၍ အစီရင်ခံသည့်ကာလအထိ အသင်းအဖွဲ့ (၃) ခုအား သဘောထားမှတ်ချက် ပြန်ကြားပေးခဲ့ပါသည်။
(၄) တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံတိုင်းရင်းသားများမှ တင်ပြလာသည့် မြေယာအငြင်းပွားမှုများ၊ အခွင့် အရေး နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တင်ပြလာမှုများအား တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ များ၊ သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိရာ အစီရင်ခံသည့်ကာလအထိ (၂) ခုအား စိစစ်ခဲ့ပါသည်။
(၅) တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွင် စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင် ရန်အတွက် အစီရင်ခံသည့်ကာလအတွင်း စာချွန်လွှာ (မူကြမ်း) (၁၅)ခု၊ ဝန်ကြီးဌာန တစ်ခုမှ သဘောထားမှတ်ချက် တောင်းခံလာသည့် စီမံကိန်းများ ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ (Production) (၄)ခု၊ ဝန်ကြီးဌာန တစ်ခုမှ သဘောထားမှတ်ချက်တောင်းခံလာသည့် အကောင်အထည်ဖော် ဆောင်ရွက် မည့်စီမံကိန်းများ (၃)ခု၊ ဝန်ကြီးဌာန တစ်ခုမှ သဘောထားမှတ်ချက်တောင်းခံ လာသည့် သဘောတူစာချုပ် Contract Agreement (မူကြမ်း) (၈)ခု၊ ဝန်ကြီးဌာန တစ်ခုမှ သဘောထားမှတ်ချက်တောင်းခံလာသည့် စမ်းသပ်တိုင်း တာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်း (Feasibility Study) (၂)ခု စုစုပေါင်း(၃၂)ခုအား စိစစ်၍ သဘောထားမှတ်ချက်ပြု ပြန်ကြားပေးခဲ့ ပါသည်။
(၆) တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ Focal Points အဖြစ် တာဝန်ယူဆောင်ရွက်မည့် NIF Code - 1.1.F တွင် ပါဝင်သည့် အညွှန်းကိန်းအမည် (Number of Infrastructures; industrial and extractive projects that conduct consultation with and obtain free; prior and informed consent (FPIC) from affected ethnic communities အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြရန်အတွက် အချက်အလက်များအား ပြုစုပေးပို့ခဲ့ပါသည်။