ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန

မူဝါဒ

  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဥပဒေပါ သတ်မှတ်ချက်များ အတိုင်းအပြည့်အဝ ခံစားရရှိရေး၊
  • တိုင်းရင်းသားလူမျိုးများအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွား သည့် အငြင်းပွားမှုများဖြေရှင်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရေး၊
  • တိုင်းရင်းသားလူမျိုးများအချင်းချင်း ထာဝစဉ်အတူတကွ လက်တွဲနေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေး။

မျှော်မှန်းချက်

  • တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများကို အပြည့်အဝရရှိ၍ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ချစ်ကြည်ရင်းနှီးစွာ ထာဝစဉ်လက်တွဲနေထိုင်နိုင်ရေးအတွက် အထောက်အကူပြုစေရန်။

ရည်မှန်းချက်

  • နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့ ကိုယ်ကျင့်တရားများကို မဆန့်ကျင်စေဘဲ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ရန်၊
  • တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်သွားရန်၊
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ အငြင်းပွားမှုဖြေရှင်း ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သုတေသနပြု ဆောင်ရွက်ရန်။

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနကို ဌာနခွဲ ၄ ခု၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံး ၁၄ ရုံးတို့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် −

စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းတာဝန်မျာ

  • တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ ဝန်ထမ်းရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးအတွက် အခြား ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ တိုင်းရင်းသား
  • အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ ရသုံးမှန်းခြေ ငွေစာရင်းများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ရေးဆွဲခြင်း၊
  • တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ (၆)လပတ်နှင့် နှစ်ပတ်လည် အစီရင်ခံစာပြုစုခြင်း၊
  • တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေပေါ် စိစစ်သုံးသပ်၍ ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြခြင်း။

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် ကိစ္စရပ်များအတွက် သုတေသနပြု ဆောင်ရွက်ခြင်း၊
  • သုတေသနရလာဒ်များကို လက်တွေ့အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများအကြား အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေးကိစ္စရပ်များအတွက် သုတေသန ပြုဆောင်ရွက်ခြင်း၊
  • လုပ်ငန်းစီမံချက်၊ စီမံကိန်းများ အတည်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း သုတေသနပြု ဆောင်ရွက်ခြင်း။

တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားများကို မဆန့်ကျင်စေဘဲ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ရပိုင် ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စီမံကိန်းကြီးများ၊ စီးပွားရေးလုပ်ငန်းများ၊ သဘာ၀သယံဇာတ ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများဆောင်ရွက်ရန်ရှိပါက ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားများ၏ အခွင့်အရေးများကို သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်လိုအပ်ပါက ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ခြင်း၊
  • ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားရေးရာအခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ခြင်း။

ငြိမ်းချမ်းရေးနှင့် အငြင်းပွားမှုများ ဖြေရှင်းရေး အထောက်အကူပြုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား၊အစိုးရအဖွဲ့အစည်းများအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသများအကြား ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများအကြား အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ခိုင်မာသည့် အထောက်အထားများ ရရှိရေးအတွက် ရှာဖွေစုစည်းခြင်း၊
  • တိုင်းရင်းသားလူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုကို တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအခွင့်အရေးနှင့် ရပိုင်ခွင့်များ ဆုံးရှုံးမှုများအတွက် တိုင်တန်းမှုများကို စိစစ်လက်ခံ၍ ဖြေရှင်း ဆောင်ရွက်ခြင်း။

တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများ၏ လုပ်ငန်းတာဝန်များ

  • ခွင့်ပြုဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းအင်အားဖြည့်တင်းခြင်း၊
  • ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှာက် သည့် ဥပဒေနှင့်အညီ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အပြည့်အဝ ရရှိခံစား နိုင်စေရေးအတွက် ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာ အကွယ်ပေးခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်း သားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းခြင်း၊
  • ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်ကဖြစ်စေ ပေးအပ်သော တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊
  • ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုကို တည်ဆောက်နိုင်ရေးဆောင်ရွက်ခြင်း၊
  • ဒေသအတွင်းရှိ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များရရှိရေး၊ မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ခြင်း။