တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနကို ဌာနခွဲ ၄ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံး ၁၄ ရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် −
| (၁) | တိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များ၊ ပြတိုက်များ၊ ခန်းမများ၊ အဆောက်အဦများ၊ အမှတ်တရရုပ်တုများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
| (၂) | တိုင်းရင်းသားကျေးရွာအတွင်းသို့ လာရောက်သည့် ဧည့်သည်တော်များအား ယဉ်ကျေးမှု အကအလှများဖြင့် သရုပ်ပြတင်ဆက်ကပြခြင်း၊ ရိုးရာယဉ်ကျေးမှု အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ပြတိုက်များနှင့် ရိုးရာအိမ်များရှိ ရိုးရာအသုံးအဆောင်ပစ္စည်းများ နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ |
| (၃) | ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
| (၄) | ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊ |
| (၅) | တိုင်းရင်းသားကျေးရွာဝန်းအတွင်း သန့်ရှင်းသပ်ရပ်သာယာလှပရေး လုပ်ငန်းများ၊ စိမ်းလန်း စိုပြေရေးလုပ်ငန်းများ၊ ပန်းအလှပင် စိုက်ပျိုးရေးလုပ်ငန်းများ၊ နှစ်ရှည်ပင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဒီရေရောက်တောနှင့် ဒီရေရောက်အပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
| (၆) | ကျေးရွာအတွင်း လာရောက်လေ့လာသော ပြည်သူများအား ထိခိုက်အန္တရာယ်မရှိစေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးဆောင်ရွက်ခြင်းနှင့် ကွင်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ |
| (၇) | ဂိတ်ဝင်ကြေးကောက်ခံမှုအား ကြီးကြပ်ခြင်း၊ ရငွေများအား အဖွဲ့ရုံးသို့ အပ်နှံခြင်း၊ ပြေစာ စာအုပ်များအား စနစ်တကျထုတ်ယူခြင်း၊ ရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဂိတ်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
| (၈) | စီမံရေးရာကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊ |
| (၉) | ရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ အခွန်ဆိုင်ရာကိစ္စရပ်များ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ |
| (၁၀) | ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များ၊ အဆောက်အဦများ၊ လမ်း၊ တံတားများနှင့် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊ |
| (၁၁) | တိုင်းရင်းသားကျေးရွာအတွင်းရှိ လျှပ်စစ်မီးလိုင်းများ၊ ယာဉ်/စက်ယန္တရားများ ပျက်စီးမှု မရှိ စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
| (၁၂) | ကွင်းအတွင်းရှိ မီးစက်များ၊ ရေစက်များကောင်းမွန်ရေး၊ ပျက်စီးမှုမရှိစေရေးနှင့် မီးလိုင်းများ၊ မီးတိုင်များကောင်းမွန်ရေး၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
| (၁၃) | အဖွဲ့ပိုင်ကားများမောင်းနှင်ခြင်း၊ မော်တော်ယာဉ်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဘာဂီယာဉ် များ မောင်းနှင်ခြင်းလုပ်ငန်းများ၊ ရေပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေပိုက်လိုင်းများ ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။ |
| (၁၄) | စားသောက်ဆိုင်များနှင့်ကျေးရွာအတွင်း မွေးမြူထားသော တိရစ္ဆာန်များအား ထိန်းသိမ်း စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
| (၁၅) | ရိုးရာအိမ်(၈)လုံး၏ သန့်ရှင်းသာယာလှပရေး၊ ရိုးရာအိမ်ရှိ ရိုးရာအသုံး အဆောင် ပစ္စည်းများ စနစ်တကျထိန်းသိမ်းကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ |