ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

 e - Government အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း

(က)    ICT ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ခြင်း

(၁)     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည့် e-Government နှင့် ICT ဆိုင်ရာ သင်တန်းအမျိုးအစား ၁၄ ခုသို့ ဝန်ကြီးဌာနမှ ဝန်ထမ်း ၂၂ ဦး တက်ရောက်ခဲ့ပါသည်။

(၂)      ၂၅-၆-၂၀၂၄ ရက်နေ့မှ ၁၆-၇-၂၀၂၄ ရက်နေ့အထိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချသည့် Computer Repair and Maintenance သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သို့ ဝန်ကြီးဌာနမှ သင်တန်းသား/သူ စုစုပေါင်း ၁၆ ဦး တက်ရောက်ခဲ့ပါသည်။

(၃)     ၂၈-၈-၂၀၂၄ ရက်နေ့မှ ၃၀-၈-၂၀၂၄ ရက်နေ့အထိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် Firewall Administration User Training (CyberSecurity) သင်တန်းသို့ သင်တန်းသား/ သူ စုစုပေါင်း (၁၄) ဦး တက်ရောက်ခဲ့ပါသည်။

(၄)     ၂၈-၁-၂၀၂၅ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် Computer User Administration (Knowledge Sharing) အစီအစဉ်သို့ ဝန်ကြီးဌာနမှ သင်တန်းသား/သူ စုစုပေါင်း ၂၀ ဦး တက် ရောက်ခဲ့ပါသည်။

(၅)     ၁၇-၃-၂၀၂၅ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့အထိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ပို့ချသည့် Basic Networking သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သို့ ဝန်ကြီးဌာနမှ သင်တန်းသား/သူ စုစုပေါင်း ၁၆ ဦး တက် ရောက်ခဲ့ပါသည်။

(၆)     ၂၇-၁၁-၂၀၂၄ ရက်နေ့မှ ၂၈-၁၁-၂၀၂၄ ရက်နေ့အထိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် GNE Co.Ltd. တို့ ပူးပေါင်းပြုလုပ်သည့် SolarWinds Network Monitoring System နှင့် စပ်လျဉ်းသည့် အသိပညာများ မျှဝေပေးခြင်းသင်တန်းသို့ ဝန်ကြီးဌာနမှ ၁၅ ဦး၊ ဆက်စပ်ဝန်ကြီးဌာနများမှ ၂၁ ဦး၊ စုစုပေါင်း  ဝန်ထမ်း ၃၆ ဦး တက်ရောက်ခဲ့ပါသည်။

 

(ခ)     ICT ဆိုင်ရာ အခြေခံအဆောက်အဦများ ဖြည့်ဆည်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း

 

(၁)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Website/Web Portal တွင် တိုင်းရင်းသားမျိုးနွယ်စုဘာသာစကား (၈) မျိုးဖြင့် ထပ်မံဖော်ပြနိုင်ရန် Programming Language Code ရေးသားခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး အစီရင်ခံသည့်ကာလအထိ ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါသည်။

(၂)      တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် အသုံး ပြုလျက်ရှိသော Network Server ခန်းတွင် အသုံးပြုရန် လိုအပ်လျက်ရှိသော Mikro Tik Cloud Copre Router (Router Configuration and Installation) လုပ်ငန်းကို ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၃)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ Network Server ခန်းတွင် အသုံးပြုရန် လိုအပ်လျက်ရှိသော FireWall FortiGate FG-101F တပ်ဆင်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် Hardware တပ်ဆင်ခြင်း၊ License ထည့်သွင်းခြင်း လုပ်ငန်းများကို ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့       ပါသည်။

(၄)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Webportal (https://portal. moea.gov.mm) Server အား သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံ ရေးဦးစီးဌာနရှိ e-Government Data Center သို့ ပြောင်းရွှေ့ထားရှိနိုင်ရန်အတွက် Server Co-Location Service (3 Unit) နှင့်  Webportal လုံခြုံမှုရှိစေရေးအတွက် Firewall (FortiGate 101F) ကိုပါ ထားရှိနိုင်ရန်အတွက်  Server Co-Location Service (2 Unit) ဖြင့် စုစုပေါင်း (5 Unit) ငှားရမ်းသုံးစွဲခွင့်ပြုပါရန်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ချက် အရ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Web Server နှင့် Firewall တို့ကို Configration ပြုလုပ်ခြင်းနှင့် တပ်ဆင်ခြင်းကို  e-Government Data Center ၌    ၆-၈-၂၀၂၄ ရက်နေ့မှ ၁၉-၈-၂၀၂၄ ရက်နေ့အထိ သွားရောက်လုပ်ဆောင်ခဲ့ပါသည်။

(၅)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Web Portal (portal. moea. gov.mm) လုံခြုံရေးဆိုင်ရာ Secure Sockets Layer (SSL) License သည် ၁၀-၁၂-၂၀၂၄ ရက် နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပါသဖြင့် ယင်း License သက်တမ်း (၁) နှစ် တိုးမြှင့်ရေး ကို သက်ဆိုင်ရာကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

(ဂ)     သတင်းအချက်အလက်ထုတ်ပြန်ခြင်း

 

(၁)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဆိုင်ရာ သတင်းအချက်အလက်များ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ခရီးစဉ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ သင်တန်းများ၊ အစည်းအဝေး/ဆွေးနွေးပွဲများ၊ ဝန်ကြီးဌာနမှ အလုပ်ခေါ်ယူခြင်းများ၊ တင်ဒါ ခေါ်ယူ ခြင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြုလုပ်သည့် သင်တန်းများ/ ဆွေးနွေးပွဲ များ၊ အသိပညာပေးဟောပြောပွဲများ၊ အစရှိသည်တို့ကို ဝန်ကြီးဌာန Website (https:// portal. moea. gov.mm) တွင် အများပြည်သူများ ကြည့်ရှု့လေ့လာနိုင်ရန် အတွက် စုစုပေါင်း (၁၇၇) ခု လွှင့်တင်ခဲ့ပါသည်။

(၂)     ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘာသာစကား ၅ မျိုးဖြင့် လွှင့် တင်ထားသည့် https://2020election. uec.gov.mm Website ပါ ဖော်ပြချက်များ အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Web Portal (https://portal. moea.gov.mm) ၏ ကြေညာချက်တွင် ၃-၁၂-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ ယင်း Website (https://2020election.uec. gov.mm) အား တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန Web Portal (https://portal. moea.gov. mm) ၏ Useful Link နှင့် Myanmar National Portal တွင် API (Application Programming Interface) စနစ်ဖြင့် ချိတ်ဆက်၍ ၄-၁၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း လွှင့်တင် ဆောင်ရွက်ခဲ့ပါသည်။

(၃)     “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ် ဆေးတွေ့ရှိချက် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Link ကို တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန Web Portal ၏ Home Page တွင် သီးသန့် Function အဖြစ် ထည့်သွင်းရေးဆွဲထားပြီး ယင်း Link သို့ သီးသန့် ဝင်ရောက်ကြည့်ရှုသည့် Visitor Counters ရေတွက်နိုင်သည့်စနစ်ကို Google Analytics Tools ဖြင့်  ၂၇-၁-၂၀၂၅ ရက်နေ့တွင် ဆောင်ရွက်ထားရှိခဲ့ပါသည်။

(၄)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Web Portal တွင် ချိတ်ဆက်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Link အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လစဉ် ဝင်ရောက်ကြည့်ရှု့မှုစာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။

(၅)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Web Portal ၌ ဖော်ပြထားသည့် ဝန်ကြီးဌာန၏ အချက်အလက်များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဇိုင်ဝါး (အဇီး) ၊ လော်ဝေါ်၊ ကယား၊ ကယန်း၊ စကောကရင်၊ ခူမီး၊ ပအိုဝ်း စသည့် တိုင်းရင်း သားတို့ ၏ ဘာသာပြန်ဆိုထားသည့် အချက်အလက်များကို Web Portal ၌ ဆက်လက်လွှင့်တင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါသည်။

 

(ဃ)    Application များအသုံးပြုခြင်း

 

(၁)    ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Civil Service Personal Database Management System တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်း အချက် အလက်များအား ဖြည့်သွင်းထားရှိမှုစာရင်းကို လစဉ် Update ပြုလုပ်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သို့ လချုပ်စာရင်းများကို ပြုစုပေးပို့ခဲ့ပါသည်။

(၂)    တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမများတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ/ဆွေးနွေးပွဲများ/အသိပညာပေးဟောပြာပွဲ/ရာထူးတိုးစာမေးပွဲများ စသည်တို့အတွက် Zoom application စနစ်ကို စုစုပေါင်း (၂၃) ကြိမ် အသုံးပြု၍ ဆောင်ရွက်ပေးခဲ့ပါသည်။