ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အသိပညာပေးခြင်း

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

အသိပညာပေးခြင်း

(၁)     ၉-၄-၂၀၂၄ ရက်နေ့နှင့် ၁၇-၆-၂၀၂၄ ရက်နေ့တို့တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂)      တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်း အစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ် များတွင် (၂၉) ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၃)     စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ “လေထုညစ်ညမ်းမှု အန္တရာယ်” အကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်း အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(၄)     ၁၇-၅-၂၀၂၄ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Online ဖြင့် ကျင်းပပြုလုပ်သည့် တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

(၅)     ၁၃-၆-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် “ကလေးသူငယ် အသိပညာပေး” ဟောပြောပွဲတွင် မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူး ရုံးအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ပါသည်။

(၆)     ရှမ်းပြည်နယ်၊ အေးသာယာမြို့ရှိ “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက် မွေးပညာ သင်တန်းစင်တာ”၌ မသန်စွမ်းအထောက်အကူပြု တည်ဆောက်ရေးလုပ်ငန်းများ ထည့်သွင်း ထားရှိမှု မှတ်တမ်းဓာတ်ပုံများနှင့် မသန်စွမ်းအခွင့်  အရေးအပါအဝင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များကို ထည့်သွင်းဟောပြောသည့် “တိုင်းရင်းသား ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု  အသက်မွေးဝမ်းကျောင်းပညာ လိုအပ် ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”များကို တိုင်းဒေသကြီး/ ပြည်နယ် များတွင် (၃၈) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

(၇)     မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ ၁၃-၈-၂၀၂၄ ရက်နေ့၌ ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(မန္တလေး)တွင် လည်းကောင်း၊ ၂၆-၈-၂၀၂၄ ရက်နေ့၌ ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က (၃၄) တွင်လည်းကောင်း၊ ၁၆-၉-၂၀၂၄ ရက်နေ့၌ ချမ်းမြသာစည်မြို့နယ် အ.ထ.က (၃၀) တွင်လည်းကောင်း “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ကျင်းပပြုလုပ်ခဲ့ပြီး အရာထမ်း(၁)ဦးမှ “လူ့အခွင့်အရေး”ခေါင်းစဉ်နှင့် “တိုင်းရင်းသားမျိုးနွယ်စုများနှင့် နိုင်ငံသား” ခေါင်းစဉ်တို့ဖြင့် အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား (၁၃၅) မျိုး၊ လူ့အခွင့်အရေး အချက် (၃၀) နှင့် အမုန်းစကားမပြန့်ပွားရေးအတွက် Pamphlet များ ဝေငှခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် ဥပဒေနှင့် နည်းဥပဒေစာအုပ်များ လှူဒါန်းခဲ့ပါ သည်။

(၈)     တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၁-၉-၂၀၂၄ ရက်နေ့တွင် ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိပညာပေးဟောပြောပွဲကို တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင် ရွက်ခဲ့ရာ အသင်း/ အဖွဲ့များနှင့် ဒေသခံစုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့ ပါသည်။

(၉)     ၂၄-၉-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ သမဝါ ယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “သမဝါယမအသင်းဖွဲ့စည်း နိုင်ရေးအသိပညာပေးအခမ်းအနား” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၀)   ၂၅-၉-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် “မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာနှင့်စပ်လျဉ်း၍ အသိ ပညာပေးဆွေးနွေးပွဲ” သို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။

(၁၁)   ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) အကြောင်း သိကောင်း စရာ ဟောပြောပွဲ အခမ်းအနားသို့ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

(၁၂)    ၄-၂-၂၀၂၅  ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း နှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၃)   ကျောင်းသား/ကျောင်းသူလူငယ်များအား အသိပညာမြင့်မားစေရေးအတွက် “ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာ ပေးဟောပြောပွဲ” အစီစဉ်များကို အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-

 

ရက်စွဲ ကျင်းပသည့်နေရာ ကျင်းပသည့် အကြိမ်ရေ ၁၁-၇-၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်း ကျောင်းတွင် လည်းကောင်း၊ ၁ ၁၃-၈-၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်း ကျောင်းတွင် လည်းကောင်း၊ ၁ ၂၆-၈-၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်း ကျောင်းတွင် လည်းကောင်း၊ ၁   ၁၆-၉-၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊အခြေခံပညာအထက်တန်း ကျောင်းတွင် လည်းကောင်း၊ ၁ ၈-၁၀-၂၀၂၄   ပဲခူးတိုင်းဒေသကြီး၊အခြေခံပညာအလယ်တန်းကျောင်း တွင်လည်းကောင်း၊ ၁ ၂၉-၁၀-၂၀၂၄ ပဲခူးတိုင်းဒေသကြီး၊ အခြေခံပညာ အလယ်တန်းကျောင်း တွင်လည်းကောင်း၊ ၁ ၄-၁၂-၂၀၂၄ ပဲခူးတိုင်းဒေသကြီး၊ အခြေခံပညာ အထက်တန်းကျောင်း တွင်လည်းကောင်း၊ ၁ ၁၂-၁၂-၂၀၂၄ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ် ကျေးရွာတွင်လည်းကောင်း၊ ၁ ၁၆-၁၂-၂၀၂၄ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်း သဘင်အခမ်းအနားတွင် လည်းကောင်း၊ ၁   ၁၈-၁၂-၂၀၂၄ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်း (အထက်) တွင်လည်းကောင်း၊ ၁   ၁၈-၁၂-၂၀၂၄ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သဲကုန်း (အထက်)တွင်လည်းကောင်း၊ ၁   ၂၀-၁၂-၂၀၂၄ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆင်ဒိုးကျေးရွာ တွင်လည်းကောင်း၊ ၁ ၇-၁-၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျောင်းစုကျေးရွာတွင်လည်းကောင်း၊ ၁ ၁၂-၁-၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာတွင်လည်းကောင်း၊ ၁ ၂၂-၁-၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ လှိုင်းဘွဲ့မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ ၁   စုစုပေါင်း အကြိမ်ရေ ၁၅