ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁။ ငါးကြင်ဖြူ (၁)ပိဿာ
၂။ ချင်း (အနည်းငယ်)
၃။ ကြက်သွန်ဖြူ (၁၀)မွှာ
၄။ ဖက်ဖယ်ရွက် (အနည်းငယ်)
၅။ ငရုတ်သီးစိမ်း (၂၀)တောင့်
၆။ ဆား (အနည်းငယ်)
၇။ နနွင်း (အနည်းငယ်)
၈။ နံနံပင်
၉။ ရှမ်းနံနံ
၁၀။ ခရမ်းချဉ်သီး
၁၁။ ဖက်
၁၂။ ပင်စိမ်း
ငါးကြင်းဖြူကို အနေတော်အရွယ်တုံးကာ ရေဆေးသန့်စင်ပြီး ဆား၊ နနွင်း ထည့် နယ်ရပါမည်။ နယ်ပြီးလျှင် မိနစ်(၃၀) ခန့်နှပ်ထားပြီး ရေနွေးကို ပွက်ပွက်ဆူအောင် တည် ထားရပါမည်။ ထို့နောက် ငရုတ်သီး၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို ထောင်းထားရပါမည်။ ထောင်းထားပြီး ရရှိလာသည့် ငရုတ်သီး၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို နှပ်ထားတဲ့ ငါးထဲသို့ ထည့်ပြီး နယ်ရပါမည်။ ဆက်လက်ပြီး နံနံပင်၊ ပင်စိမ်း၊ ရှမ်းနံနံနှင့် ဖက်ဖယ်ရွက်တို့ကိုပါ ညှပ် ထည့်ရပါမည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်ပါကလည်း ညှပ်ထည့်လို့ရပါသည်။ အားလုံးပြီးသွား ပါက သမအောင်နယ်ပြီး ဖက်နှင့်ထုပ်ရပါမည်။ ရရှိလာသည့် ဖက်ထုပ်များကို မြေပေါင်းအိုး ထဲသို့ ထည့်ကာ ပွက်ပွက်ဆူနေသည့် ရေနွေးအိုးပေါ်သို့ မြေပေါင်းအိုးကို တင်ပြီး (၄၅) မိနစ် ခန့် ပေါင်းထားရပါမည်။ (၄၅) မိနစ် ပြည့်ပြီးဆိုလျှင် အရသာရှိသော ရှမ်းနီရိုးရာငါးပေါင်းကို ရရှိမည်ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်