တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
- နေပြည်တော်
- 12 July 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပရိဝုဏ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ဦးစွာ စိုက်ထည့် ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက ငါးမျိုးများကို ဆက်လက် စိုက်ထည့်ပေးကြသည်။
ယနေ့ကျင်းပသည့် ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၁၂၀၀၀ စိုက်ထည့်ခဲ့ကြသည်။ အဆိုပါ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက် ကောင်ရေ ၇၀၀၀ နှင့် ၂၀၂၃ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၇၀၀၀ စိုက်ထည့်ထားခဲ့ရာ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၆၀၀၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။