စာပေဘာသာစကား၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများထိန်းသိမ်းစောင့်ရှောက်ခြင်း
(က) စာအုပ်စာတမ်းနှင့်မှတ်တမ်းများ စုဆောင်းထိန်းသိမ်းခြင်း။
(၁) တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တိုင်းရင်းသားလူမျိုး များ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုဘဝများနှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာ စာအုပ် စာတမ်းများ၊ သုတ/ရသ စာအုပ်စာတမ်းများကို စုဆောင်း ထိန်းသိမ်း၍ စာကြည့် တိုက် ပြုလုပ်ခြင်းနှင့် စာအုပ်များဝယ်ယူခြင်းလုပ်ငန်းမှာ ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
(၂) သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ အသင်း/အဖွဲ့များမှ ဦးစီးဌာန(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လာသော ရိုးရာဓလေ့ထုံးတမ်းများ၊ သမိုင်း ကြောင်းဆိုင်ရာ အချက်အလက်များ၊ ကြေးမုံသတင်းစာပါ အထူးကဏ္ဍမှ တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးများမှ ပေးပို့လာ သော ဆောင်းပါးများအား ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းထားရှိအသုံးပြုနိုင်ရန် အတွက် စာအုပ်အဖြစ် စုစည်းထုတ်ဝေလျက်ရှိရာ (၂၅) အုပ်မြောက်ထုတ်ဝေခဲ့ပါ သည်။
(၃) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တိုင်းရင်းသားမျိုးနွယ်စု များ၏ ခေတ်ဟောင်းတေးသီချင်း၊ ဂီတသံစဉ်၊ ရိုးရာအကတူရိယာ မှတ်တမ်းစာအုပ် များ ထုတ်ဝေနိုင်ရေးလုပ်ငန်းမှာ ၁၀၀ % အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပါ သည်။
(၄) မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ခေတ်အလိုက်ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှု မှတ်တမ်းဓာတ်ပုံစာအုပ် ထုတ်ဝေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံမှုမှာ အစီရင်ခံသည့်ကာလအထိ ၁၀၀ % အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားစာပေနှင့်ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၁) ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်း (တတိယအကြိမ်) ထုတ်ဝေနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ပေးပို့လာသည့် တိုင်းရင်းသားဆိုင်ရာစာမူများကို စိစစ် ဆောင်ရွက်ထားရှိပါသည်။
(၂) တိုင်းရင်းသားလူမျိုးများ၏ လူမျိုးအမည်အား အင်္ဂလိပ်/မြန်မာ(၂)ဘာသာဖြင့် ရရှိနိုင် ရေး တိုင်းဒေသကြီး/ပြည်နယ်များရှိ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသို့ ချိတ်ဆက်ရယူ၍ ပြုစုဆောင်ရွက်ခဲ့ပါသည်။
(၃) အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းနယ်ပယ် (၁၂) ရပ်နှင့်စပ်လျဉ်းသည့် Video Clip တွင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံ များထည့်သွင်း ဖော်ပြ နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စီမံကိန်းကော်မတီသို့ ပြုစုပေးပို့ခဲ့ပါသည်။
(၄) ၉-၅-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနနှင့် မွန်ပြည်နယ်ရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍ ကရင်တိုင်းရင်းသား စာပေသင် ဆရာ/မများ မွမ်းမံသင်တန်းကို မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။
(၅) ၂-၇-၂၀၂၄ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်း စာတမ်းဖတ်ပွဲ အခမ်းအနားကို ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
(၆) ၂၄-၇-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ “မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ တွေ့ဆုံပွဲ (၁/၂၀၂၄)” ကို မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
(၇) ၁၄-၈-၂၀၂၄ ရက်နေ့တွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
(၈) ၂၈-၈-၂၀၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် “ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကိုယ်စားပြုပြခန်းကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ကတူး၊ ကနန်း၊ ချင်း၊ ရှမ်း၊ နာဂ စသည့် တိုင်းရင်းသားများ၏ရိုးရာဝတ်စုံတွဲ (ကျား/မ) အရုပ်များ၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေနှင့်နည်းဥပဒေ စာအုပ် များ၊ လက်ကမ်းစာစောင်များ၊ တိုင်းရင်းသား ဘာသာဖြင့် ပုံနှိပ်ထားသည့် ပုံပြ/ပုံပြင် စာအုပ်များ၊ တိုင်းဒေသကြီးအတွင်း သင်ကြားခွင့်ရရှိထားသည့် တိုင်းရင်းသား ဘာသာများ၊ ညွှန်ကြားရေးမှူးရုံး၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် တိုင်းရင်းသား များ၏ ရိုးရာ ဓလေ့အရ ဆောင်ရွက်သည့် အခမ်းအနား/ပွဲတော် မှတ်တမ်းဓာတ်ပုံများပါ Board များကို ခင်းကျင်းပြသခဲ့ပါသည်။
(၉) ၁၃-၉-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အလိုက် ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တနင်္သာရီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၀) တိုင်းရင်းသားစာပေနှင့် ဘာသာစကားများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးများမှ အောက်ပါအခမ်းအနားများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်-
စဉ် ရက်စွဲ အကြောင်းအရာ (က) ၂-၄-၂၀၂၄၊ ၇-၄-၂၀၂၄ ကရင်ပြည်နယ်၌ ကျင်းပပြုလုပ်သော ကရင်စာပေ ဆရာ/ ဆရာမများ စာပေ မွမ်းမံသင်တန်း” ဖွင့်ပွဲနှင့် ဆင်းပွဲအခမ်း အနားများသို့လည်းကောင်း၊ (ခ) ၅-၄-၂၀၂၄ ပဲခူးတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အတွက် အခြေခံ စာတတ်မြောက်ရေး အခမ်းအနားသို့ လည်းကောင်း၊ (ဂ) ၁၀-၄-၂၀၂၄ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကျင်းပဆောင်ရွက်သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက် ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း ပွဲ အခမ်းအနားသို့လည်းကောင်း၊ (ဃ) ၂၄-၅-၂၀၂၄ ကချင်ပြည်နယ်၌ ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု” အခမ်းအနားသို့ လည်းကောင်း၊ (င) ၁၈-၆-၂၀၂၄ ကချင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာနမှ ကချင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၍ အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးမည့် အစီ အစဉ်များ ရှင်းလင်းဆွေးနွေးပွဲသို့ လည်းကောင်း၊ (စ) ၂၅-၆-၂၀၂၄ ကချင်ပြည်နယ်၌ ကျင်းပပြုလုပ်သည့် ပြန်ကြားရေး ဝန်ကြီး ဌာနနှင့်ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင် ရေးပွဲတော်” သို့လည်းကောင်း၊ (ဆ) ၂၃-၉-၂၀၂၄ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၄) သို့ လည်းကောင်း၊ (ဇ) ၁-၁၂-၂၀၂၄ MICC-2 ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် အတွက် (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်းအနား သို့ လည်းကောင်း၊ (ဈ) ၇-၁-၂၀၂၅ လှိုင်းဘွဲ့မြို့၊ ကွမ်ဖော်ကျောင်း၌ ကျင်းပပြုလုပ်သော မွန်စာပေ၊ ယဉ်ကျေးမှု ရိုးရာအမွေအနှစ် ဟောပြောပွဲ အခမ်းအနား သို့လည်းကောင်း၊ (ည) ၁၆-၂-၂၀၂၅ ပုသိမ်မြို့၌ ကျင်းပသော “သုဓမ္မာဝိနယာဓိက စာမေးပွဲ အောင် သံဃာတော်(၄၆၉)ပါးတို့အား ဆုနှင်းသဘင် ပေးအပ်ပွဲ အခမ်း အနား” သို့လည်းကောင်း၊ (ဋ) ၄-၃-၂၀၂၅ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ကျင်းပပြု လုပ်သော “ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသား စာပေ နှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနား” သို့ လည်းကောင်း၊ (ဌ) ၄-၃-၂၀၂၅ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ ပြုလုပ် သော ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံခြင်း အခမ်းအနား သို့ လည်းကောင်း၊ (ဍ) ၁၂-၃-၂၀၂၅ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ ပြုလုပ် သော “တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံပွဲနှင့် ထောက်ပံ့ငွေ ပေး အပ်ပွဲ အခမ်းအနား” သို့လည်းကောင်း၊ (ဎ) ၁၉-၃-၂၀၂၅ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ များ တွေ့ဆုံပွဲ အခမ်းအနားသို့လည်းကောင်း၊
(ဂ) ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၁) ဝန်ကြီးဌာနပြခန်းများအတွင်း တိုင်းရင်းသားမျိုးနွယ်စု (၇၅) မျိုး၏ ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုများကို ရုပ်တု (၈၀) စုံဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/ အဖွဲ့ များမှ လှူဒါန်းပေးပို့လာသည့် တိုင်းရင်းသားရိုးရာ အသုံးအဆောင်များနှင့် တူရိယာ ပစ္စည်းများကိုလည်းကောင်း စုစည်း၍ ခင်းကျင်းပြသထားရှိရာ ၂၈-၃-၂၀၂၅ ရက်နေ့ တွင် ငလျင်ဒဏ်ကြောင့် ပြခန်းများအတွင်း ပြသထားသည့် ရုပ်တုများအနက် ရုပ်တု(၄၃) စုံ ပျက်စီးခဲ့ပါသဖြင့် (၃၇) စုံသာ ခင်းကျင်းပြသထားရှိပါသည်။ အဆိုပါ ပြခန်းများ အတွင်း ခင်းကျင်းပြသထားရှိသည့် ရိုးရာအသုံးအဆောင်ပစ္စည်းအချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။
(၂) ၂-၄-၂၀၂၄ ရက်နေ့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်တိုင်းမှူးတို့၏ ပံ့ပိုးမှုနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တိုင်းရင်းသားရေးရာဝန်ကြီး မိသားစုတို့က အံတော်ရှင်ဆရာတော်အား သိက္ခာကံ ထပ်ခြင်း အလှူတော်မင်္ဂလာနှင့် “နွေရာသီရှင်အပါး (၁၈၀) ဒုလ္လဘ ရှင်ပြုရဟန်းခံ၊ သိက္ခာကံထပ်အလှူတော်မင်္ဂလာအခမ်းအနားသို့ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး ဆွမ်းဆန်စိမ်း ပါဝင်လောင်းလှူခဲ့ကြ ပါသည်။
(၃) ၂၅-၄-၂၀၂၄ ရက်နေ့မှ ၂၆-၄-၂၀၂၄ ရက်နေ့အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-2) တွင် ကျင်းပပြုလုပ်ခဲ့သည့် လူရည်ချွန်တွေ့ဆုံပွဲ နှင့်လူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညှိနှိုင်းပွဲ အခမ်းအနား၌ ဝန်ကြီးဌာနပြခန်း ပါဝင်ပြသခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
(၄) ၂၅-၄-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် Ethnic Cultural Center တည်ဆောက် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မွန်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးတာဝန်ခံမှ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ပါသည်။
(၅) ၂၂-၅-၂၀၂၄ ရက်နေ့တွင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဘုရားဝင်းအတွင်း၌ ကျင်းပ ပြုလုပ်သော ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၁၀ ဦးသွားရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါ သည်။
(၆) ၂၇-၅-၂၀၂၄ ရက်နေ့မှ ၂၈-၆-၂၀၂၄ ရက်နေ့ထိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)၌ ဖွင့်လှစ်ခဲ့သည့် အကမွမ်းမံသင်တန်း (၁/၂၀၂၄) သို့ သင်တန်းသား/သူ စုစုပေါင်း ၂၅ ဦး တက်ရောက်သင်ကြားခဲ့ပါသည်။
(၇) ၁-၆-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် Ethnic Cultural Center တည် ဆောက်ရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မွန်ပြည်နယ် စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူများက လာရောက်စစ်ဆေးရာတွင် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
(၈) ၁၃-၆-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ တည်ဆောက် ပြီးစီးသည့် လုပ်ငန်းများ၏ အရည်အသွေးအား တည်ဆောက်ရေးကော်မတီ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ပါသည်။
(၉) တိုင်းရင်းသားများ ဗဟုသုတမြင့်မားလာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုကို ရရှိစေ ရန်အတွက် ၂၈-၆-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ဝင်များအား ရန်ကုန်တိုင်း ဒေသကြီးရှိ အထင်ကရနေရာများသို့လည်းကောင်း၊ ၂၉-၆-၂၀၂၄ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/ အဖွဲ့ဝင်များအား နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်၊ ဥပ္ပါတသန္တိစေတီတော်၊ အမျိုးသားပြတိုက်၊ ကျောက်စိမ်းပြတိုက်နှင့်အထင်ကရနေရာများသို့လည်းကောင်း လေ့လာရေးခရီးစဉ်များ ပို့ဆောင်ခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ ဆုံ၍ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီ နိုင်ငံရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်နှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
(၁၀) ၂၇-၉-၂၀၂၄ ရက်နေ့တွင် MICC-2 ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းရင်းသားများ၏ အသုံးအဆောင် ပစ္စည်း များ နှင့် ဒေသထွက်လက်မှုပစ္စည်းများအား စုစည်း၍ တိုင်းရင်းသား အကအလှများနှင့် အတူ ဝန်ကြီးဌာနပြခန်းကို ခင်းကျင်းပြသခဲ့ပါသည်။
(၁၁) တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်နေ့များတွင် ဖျော်ဖြေရန် အတွက် လိုအပ်သည့် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းနှင့်ဆက်စပ်ပစ္စည်း တူရိယာများ၊ မြန်မာ့ရိုးရာ မင်းသားဝတ်စုံ၊ ပျူဝတ်စုံများကို ဝယ်ယူဆောင်ရွက်ခဲ့ပါသည်။
(၁၂) ၈-၁၀-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦး ဆောင်၍ ဌာနမှဝန်ထမ်းများစုပေါင်းပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ဆရာဒကာကျောင်းဖြစ်သည့် ထားဝယ်မြို့၊ ကြက်သန်ဒိုင်းဘုန်းကြီးကျောင်းသို့ ဆန် (၆)အိတ်နှင့် ဆီ (၁၀) ပိဿာ သွားရောက်လှူဒါန်းခဲ့ပါသည်။
(၁၃) ၁၁-၁၀-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အနေဖြင့် သီတင်းကျွတ်လပြည့်နေ့၌ ကျင်းပပြုလုပ်သည့် မဟာပဝါရဏာပြုပွဲတွင် သံဃာ တော်များအား လှူဒါန်းမည့် လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၀၀,၀၀ဝိ/- (ကျပ်တစ်သိန်းတိတိ)ကို ပြည်တွင်း အခွန်များဦးစီးဌာနသို့ သွားရောက် လှူဒါန်းခဲ့ပါသည်။
(၁၄) ၁၇-၁၀-၂၀၂၄ ရက်နေ့တွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားမြောက်ဘက်မုဒ် ကမ္မဋ္ဌာန်း ကျောင်း၌ သံဃာတော် (၈၅) ပါးအား ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ပဝါယနာ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပါသည်။
(၁၅) ၁၉-၁၀-၂၀၂၄ ရက်နေ့တွင် မြသလွန်ဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်သော သံဃာ တော်နှင့် သီလရှင်စုစုပေါင်း (၁၂၂) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားသို့ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်=ခဲ့ပြီး လှူဒါန်းငွေကျပ် ၆၂,၀၀ဝိ/- (ကျပ်ခြောက်သောင်း နှစ်ထောင်တိတိ) ကို ထည့်ဝင်လှူဒါန်းခဲ့ပါသည်။
(၁၆) ၂၀-၁၀-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရခိုင်လူမှုရေးအသင်း အဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပြီး လမ်းညွှန်မှု ခံယူခဲ့ပါသည်။
(၁၇) ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များ ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး လမ်းညွှန်မှုခံယူခဲ့ပါသည်။
(၁၈) ၇-၁၁-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့သည် ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်သော (၆၉)နှစ်မြောက် ကရင်ပြည်နယ် နေ့အခမ်းအနား၊ မုဒ်ဦးဖွင့်ပွဲ အခမ်းအနား နှင့်(၆၉)နှစ်မြောက် ကရင်ပြည်နယ် နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင် တံဆိပ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး ကရင် ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ် သည်များကို ညွှန်ကြားမှုပြုခဲ့ပါသည်။
(၁၉) ၈-၁၁-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့သည် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်း များနှင့် တွေ့ဆုံခဲ့ပြီး Ethnic Cultural Center တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
(၂၀) ၈-၁၁-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထအကြိမ်မြောက် မဟာဘုံကထိန် အခမ်း အနားအတွက် အလှူငွေများ လှူဒါန်းခဲ့ပါသည်။
(၂၁) ၁၁-၁၁-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုဒ္ဒသမအကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်တွင် ဆက်ကပ်လှူဒါန်းမည့် ပဒေသာပင်အတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၄၅၉,၀၀ဝိ/- (ကျပ်လေးသိန်းငါးသောင်းကိုးထောင်တိတိ) တို့ အား ပဒေသာပင်တွင် တပ်ဆင်ခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ပါသည်။
(၂၂) ၁၃-၁၁-၂၀၂၄ ရက်နေ့တွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နဝမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား၌ ဝန်ကြီးဌာနမှ စုစုပေါင်း တန်ဖိုးငွေကျပ် ၃,၃၀၀,၀၀ဝိ/- (ကျပ်သုံးဆယ့်သုံးသိန်းတိတိ)ကို ထည့်ဝင် လှူဒါန်းခဲ့ပါသည်။
(၂၃) ၁၄-၁၁-၂၀၂၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အနေဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၇) ကြိမ်မြောက် မိသားစု စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ဌာနများစုဖွဲ့မှုအလိုက် ပဒေသာပင်ချိတ်ဆွဲနိုင်ရေး အတွက် ပစ္စည်းတန်ဖိုး ငွေကျပ် ၉၈,၀၀ဝိ/-(ကျပ်ကိုးသောင်းရှစ်ထောင်တိတိ) အား ထည့်ဝင်လှူဒါန်းခဲ့ပါသည်။
(၂၄) ၁၄-၁၁-၂၀၂၄ ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ် တော်အတွင်း၌ ဝန်ကြီးဌာနပေါင်းစုံ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း အခမ်းအနား၌ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၁ ဦး သွားရောက်၍ ဝတ်ရွတ်ပူဇော်ခဲ့ကြပါသည်။
(၂၅) ၄-၁၂-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အနေဖြင့် စွယ်တော်မြတ်စေတီ(မန္တလေး)၏ (၂၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ဘုရား ၁ ဆူနှင့် သံဃာအပါး ၄၅ ပါး၊ စုစုပေါင်း ၄၆ ပါးတို့အတွက် ဝတ္ထုငွေသွားရောက်လှူဒါန်းခဲ့ပါသည်။
(၂၆) ၉-၁၂-၂၀၂၄ ရက်နေ့နှင့် ၂၀-၁၂-၂၀၂၄ ရက်နေ့များတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများသို့ ဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်း ၁၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။
(၂၇) ၁၈-၁၂-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ ပြုလုပ်သော မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီများနှင့် တွေ့ဆုံပွဲ (၂/၂၀၂၄) အခမ်းအနားသို့ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(၂၈) ၂၉-၁၂-၂၀၂၄ ရက်နေ့တွင် ထားဝယ်မြို့၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားစာပေ နှင့်ယဉ် ကျေးမှု အဖွဲ့များမှ ကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားသို့ လည်းကောင်း၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် (၈၇) နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး နေ့ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၂ ဦး တက်ရောက် ၍ လမ်းညွှန်ဩဝါဒခံယူခဲ့ပါသည်။
(၂၉) ၃၀-၁၂-၂၀၂၄ ရက်နေ့တွင် ဘားအံမြို့၌ ကျင်းပပြုလုပ်သော (၂၇၆၄) ခုနှစ်၊ ကရင် နှစ်သစ်ကူးနေ့အလံတင်အခမ်းအနားနှင့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ ကရင် ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက် ခဲ့ပါသည်။
(၃၀) ၄-၁-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော (၇၇) နှစ်မြောက် လွတ် လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားသို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(၃၁) ၁၁-၁-၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းရင်းသား ယဉ်ကျေးမှု စင်တာ (Ethnic Cultural Center) ရိုးရာအိမ်များ နှင့် Land Mark အတွက် Golden Mawlamyine Co.,Ltd. မှ ဒီဇိုင်းရေးဆွဲမှုအား Power Point ဖြင့် ရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
(၃၂) ၁၅-၁-၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားနှင့် လူထုအခမ်းအနားများသို့ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(၃၃) ၇-၂-၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် ဘားအံမြို့၊ မိန်းမလှကျွန်းကျေးရွာ၊ အ.လ.က (ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်သော “ရှမ်း အမျိုးသား နေ့ အခမ်းအနား” သို့ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(၃၄) ၁၁-၂-၂၀၂၅ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဉ္စမအကြိမ် မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
(၃၅) ၁၂-၂-၂၀၂၅ ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမရင်ပြင်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားသို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(၃၆) ၂၀-၂-၂၀၂၅ ရက်နေ့တွင် ချင်းပြည်နယ် စစ်ဗျူဟာကုန်း၌ ကျင်းပပြုလုပ်သော (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်နယ် အဆင့် ဌာနဆိုင်ရာများအားလုံးနှင့်အတူ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါ သည်။
(၃၇) ၂၅-၂-၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအနေဖြင့် မဟာ မကုဋရံသီဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ရင်ပြင်တော် တိုးချဲ့ခြင်း နှင့် သာသနိက အဆောက်အအုံများ ပြုပြင်တည် ဆောက်ခြင်းအတွက် အလှူငွေကျပ် ၃၀၀,၀၀ဝိ/- (ကျပ်သုံးသိန်းတိတိ) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လှူဒါန်းခဲ့ ပါသည်။
(၃၈) ၁၃-၃-၂၀၂၅ ရက်နေ့တွင် ဘားအံမြို့၌ ကျင်းပပြုလုပ်သော “(၇၆) နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား” သို့ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(၃၉) ၁၉-၃-၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် သမိန် ဗရမ်းကွင်း ၌ ကျင်းပပြုလုပ်သော (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်း အမှတ် ညစာစားပွဲ အခမ်းအနားနှင့် မွန်ရိုးရာယဉ်ကျေးမှု တေးဂီတ ဖျော်ဖြေတင်ဆက်ရေး အခမ်း အနား များတွင် အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၁ ဦးတို့မှ မိချောင်းတူရိယာဖြင့် ပါဝင်ဖျော် ဖြေခဲ့ပါသည်။
(၄၀) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြား ရေးမှူး ရုံးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်၍ ကျင်းပပြုလုပ် သည့် မကွေးမြို့၊ မြသလွန်ကွင်းပြင်၌ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှ တ်တင်ပွဲ အခမ်းအနားအတွက် ကျသင့်ငွေကျပ် ၁,၇၃၅,ဝဝဝိ /- (ကျပ်တစ်ဆယ့် ခုနှစ်သိန်းသုံးသောင်းငါးထောင်တိတိ)ကို ထည့် ဝင်ခဲ့ပါသည်။